အိုင်းလောင်တောင်သည် "တောရိုင်း"တောင်တစ်ခုဖြစ်

2024-10-31 10:30|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်အိုင်းလောင်တောင် ဟူသော အမည်သည် သူမ၏ နာမည်ကို ကြားရသည့် သူများ၏ ယူဆချက်ထဲတွင် "လျှို့ဝှက်နက်နဲသည်" နှင့် တူသည်။ သူမ၏ အကြောင်းများကို အမြဲ ကြားရသလိုလို၊ သို့သော်လည်း အသေးစိတ် ဖော်ပြလျှင် စကားလုံးများ အမြဲလိုလို တိုတောင်းလျက်ရှိသည်။ သူမ၏ အသေးစိတ် တည်နေရာသည် မည်သည့်နေရာ ဖြစ်သနည်း၊ သူမသည် အသက် မည်မျှရှိသနည်း၊ သူမသည် မည်သောကြောင့် နာမည်ကျော်သနည်း၊ သူမသည် အဘယ်ကြောင့် ဤမျှ ညှို့နိုင်စွမ်း အပြည့်ရှိသော်လည်း လူသားများနှင့် အလွန်နီးကပ်ရန် ငြင်းဆန်နေသနည်း စသည်တို့ကို သိချင်လျှင် ဤသတင်းကို ကြည့်ကြရအောင်။

ရိုင်းစိုင်းမှုအပြည့်ရှိသော တောင်

အိုင်းလောင်ဟူသော နာမည်၏ အကြောင်းရင်းသည် လျှို့ဝှက်နက်နဲသော အခြေအနေများကို ပြည့်နှက်ထားသည်။ သို့သော်လည်း အိုင်းလောင်တောင်သည် အကယ်သဖြင့် တောင်တစ်ကွက် ဖြစ်သည်။ ၄င်းသည် ယူနန်ပြည်နယ် အလယ်ပိုင်းဒေသကို ခွ၍တည်ရှိပြီး ယူနန်-ကွေ့ကျူး ကုန်းပြင်မြင့်နှင့် ဟိန်တန့်တောင်တန်းတို့၏ နယ်နိမိတ်စည်းကြောင်း၌ တည်ရှိပြီး ကီလိုမီတာ ၄၀၀ ခန့် မပြတ်မလတ်ဘဲ ဆက်စပ်၍ရှိနေသည့် အစိမ်းရောင်နဂါးရှည် တစ်ကောင်ကဲ့သို့ ဖြစ်သည်။ ၄င်းသည် မြောက်ဘက်တွင် ချူရှုံ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မှစတင်ပြီး တောင်ဘက်တွင် ဟုံဟယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လျွိန့်ချုံးခရိုင်သို့ ရောက်ရှိ၍ အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်သို့ စီးဆင်းပြီး ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၃၀၀၀ ကျော်လွန်သည့် တောင်ထိပ် ၉ ခု ရှိ၍ အဓိက တောင်ထိပ်သည် ရှင်းဖျင် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဆွေထန်မြို့နယ်၌ တည်ရှိသော တာ့မော်ယန်တောင်ထိပ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၃၁၆၆ မီတာ ရှိသည်။ 

1

အိုင်းလောင်တောင်ပေါ်ရှိ မပြတ်မလပ် ဆက်စပ်လျက်ရှိသည့် ကုန်းပြင်မြင့် သဘာဝသစ်တောရိုင်းများသည် ရှေးခေတ်ကတည်းက လူသားများအတွက် အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။

အိုင်းလောင်တောင်၏ အပေါ်ပိုင်းသည် အတော်လေး နူးညံ့သိမ်မွေ့ပြီး ကုန်းမြင့်မြေပြင်တစ်ခု ဖြစ်လာနေပြီ။ သို့သော်လည်း ဤကုန်းမြင့်မြေပြင်တွင် ထောင်လိုက်သောင်းလိုက်ရှိသော လျှိုမြောင်များ၊ မြေပြင်ပေါ်ရှိ ကောင်းကင်နှင့် နေကို ကာထားသည့် သစ်တောများ၊ သစ်တောထဲတွင် နေရာအနှံ့ရှိသည့် ချောက်ကမ်းပါများ၊ ပင်ပျပ်ငယ်တောများ၊ မြစ်ချောင်းများ၊ နက်ရှိုင်းသော မြောင်းများ၊ ပြိုကျသော သစ်ရွက်များနှင့် ရွှံ့ညွန်များ တာရှည်စွာ စုပုံထားပြီး ပုပ်သိုးလာပြီး ဖြစ်လာသည့် ညွန်တွင်းများ ရှိသောကြောင့် တောင်တစ်ခုလုံးသည် ရီမှောင်ပြီး အန္တရာယ်ရှိသော ဝင်္ကပါတစ်ခုကဲ့သို့ ဖြစ်သည်။

2

ထို့ပြင်၊ အိုင်းလောင်တောင်တွင် မိုးများများရွာလျက်ရှိပြီး မိုးသေးမိုးဖွဲ ရက်သတ္တပတ်များစွာကြာအောင် မရပ်မနား ရွာနိုင်၍ သစ်တောတစ်ခုလုံးကို ရေငွေ့များဖြင့် စိုစွတ်စေကာ နေရာအနှံ့ စိုရွဲရွဲဖြစ်ပြီး လူသားများအတွက် ၄င်းထဲတွင် လမ်းလျှောက်ရန် ခက်ခဲပြီး အလွယ်တကူ အပူချိန်ဆုံးရှုံးသွားနိုင်သည်။

တိရစ္ဆာန်များနှင့် ရုက္ခပင်များ၏ သုခဘုံ

လူသားများအတွက် "မဝင်ရန် အကြံပြုပါ" ဟူသော ဆိုင်းဘုတ်ကို ထောင်လိုက်သည့် အိုင်းလောင်တောင်မှာတော့ တိရစ္ဆာန်များနှင့် ရုက္ခပင်များ၏ သုခဘုံတစ်ခု ဖြစ်သည်။

3

အိုင်းလောင်တောင်၏ အရှေ့ဘက်တွင် ယူနန်-ကွေ့ကျူး ကုန်းပြင်မြင့် ဖြစ်ပြီး အနောက်ဘက်တွင် ဟိန်တန့်တောင်တန်း ဖြစ်၍ ရာသီဥတု၏ ဒေါင်လိုက် ဖြန့်ဖြူးမှုသည် ထင်ရှားပြီး တောင်ခြေမှ တောင်ထိပ်အထိ ရာသီဥတုများမှာ တောင်အပူလျော့ပိုင်း၊ အလယ်အပူလျော့ပိုင်း၊ မြောက်အပူလျော့ပိုင်း၊ နွေးသမပိုင်း၊ သမပိုင်း၊ အအေးသမပိုင်း ရာသီဥတုတို့ အစဉ်လိုက် ဖြစ်သည်။ ဤနေရာရှိ ရုက္ခပင်များသည် ထင်ရှားသော Vertical Zonation ကို ပြသထား၍ တောင်ထိပ်ရှိ သစ်တောများသည် အခုလက်ရှိတွင် တရုတ်နိုင်ငံ၌ အကျယ်အဝန်း အကြီးဆုံး၊ အဖွဲ့အစည်း အပြည့်စုံဆုံးသော သဘာဝတောရိုင်း အပူလျော့ပိုင်း အမြဲတမ်းစိမ်းလန်းသော သစ်တောဧရိယာ ဖြစ်သည်။

အိုင်းလောင်တောင်ကို ဇီဝမျိုးစိတ်များ၏ "မျိုးရိုးဗီဇဘဏ်" ဟု ခေါ်ဆိုနိုင်၍ ၎င်း၏ ထူးခြားသော ပထဝီဝင်တည်နေရာ၊ ရှုပ်ထွေးသော မြေပုံစံများနှင့် အမျိုးမျိုးအစုံစုံရှိသည့် တောင်ပေါ်ရာသီဥတုတို့သည် တောင်ထဲရှိ ဇီဝမျိုးစိတ်များ၏ အသက်တည်မြဲမှုနှင့် မျိုးပွားမှုတို့အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ပေးနိုင်သည်။

4

ဝေဝေဆာဆာရှိသည့် သစ်တောထဲတွင် အဖိုးတန်ကျေးငှက်မျိုးနှင့် ရှားပါးသော တိရစ္ဆာန်မျိုး အများအပြား ရှိသည်။ အိုင်းလောင်တောင်သည် ဒေါင်းစိမ်း၊ Nomascus concolorနှင့် အင်းကျား စသည့် အမျိုးသားအဆင့် ပထမတန်းစား ကာကွယ်ထိန်းသိမ်းရေး တိရစ္ဆာန်များ၏ ပရဒိသု ဖြစ်သည့်အပြင် ဤနေရာတွင် အဖိုးတန် စီးပွားရေးတန်ဖိုးရှိသည့် တိရစ္ဆာန်များ၊ ဆေးဖက်ဝင် တိရစ္ဆာန်များနှင့် ရှုစားတန်ဖိုးရှိသည့် ငှက်များလည်း ရှိသည်။ ဤနေရာသည် နိုင်ငံတကာ ဧည့်သည်ငှက်များ၏ ဆောင်းခိုရန် တောင်ဘက်သို့ ပြောင်းရွှေ့သည့် အရေးပါသော အပြောင်းအရွှေ့နေရာများနှင့် လမ်းကြောင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

5

ဤနေရာတွင် ရုက္ခပင်လည်း အများကြီးရှိသည်၊ Bretschneidera sinensis များ၊ Tetracentron sinense Oliv. များ၊ တောရိုင်းလက်ဖက်ပင်များ၊ တောရိုင်း ဂျင်ဂိုပင်များ၊ Taxus yunnanensis Cheng et L. K. Fu များ၊ Alcimandra cathcartii များ စသည်တို့ဖြင့် ကိုယ်စားလှယ်ဖြစ်သည့် အဖိုးတန် တောရိုင်းသဘာဝရုက္ခပင်များသည် ဤနေရာ၌ မျိုးပွားရှင်သန်ကြသည်။

昆明信息港综合整理 哀牢山这个名字,在听到她名字的人看来,就约等于“神秘”。似乎总是听说她,但要详细去讲述,却始终词穷。她的具体位置在哪儿,她有多大,她因何出名,她为何魅力无穷却又拒绝人类过度亲近……今天,就请跟着新闻,一起揭开她的神秘面纱吧!

野性十足的山

哀牢山,这个名字的由来就充满了神秘色彩!不过,哀牢山实际上是一片山。这是一条横亘在云南中部,位于云贵高原与横断山脉的分界线上,绵延约400公里的绿色长龙。她北起楚雄彝族自治州,南抵红河哈尼族彝族自治州绿春县,为西北—东南走向,海拔在3000米以上山峰有9座,主峰是位于新平彝族傣族自治县水塘镇的大磨岩峰,海拔3166米。

1

哀牢山上连绵不断的高原原始森林,自古以来都是人类的凶险之地。

哀牢山的上部比较缓和,形成了一片台地。但这个台地千沟万壑,再加上地表遮天蔽日的森林,林中处处断崖、灌丛、溪流、深沟,以及落叶与烂泥长期堆积腐烂成泥淖,整片山犹如一座幽暗而危险的迷宫。

2

此外,哀牢山多雨,淅淅沥沥不停息的小雨可以持续下几周,将整个森林都浸入水汽,到处都是湿漉漉的,人类行走其间艰难又容易失温。

动植物天堂

对人类竖起“不建议进入”牌子的哀牢山,却是动植物的天堂。

3

哀牢山以东是云贵高原,以西是横断山山地,气候垂直分布明显,从山麓至山顶依次为南亚热带、中亚热带、北亚热带、暖温带、温带、寒温带气候。这里的植被呈明显的垂直带谱,山顶部的森林是目前中国连片面积最大、结构最完整的原始中山湿性常绿阔叶林区。

哀牢山堪称生物物种“基因库”,其特殊的地理位置、复杂的地貌类型、多样的山地气候,给山中的生物种类提供了良好的生存繁衍环境。

4

茂密的森林中生活着许多珍禽异兽。哀牢山是绿孔雀、西黑冠长臂猿、云豹等国家一级保护动物的乐园,此外还有大量的珍贵经济动物、药用动物和观赏鸟。这里还是国际候鸟南迁越冬的重要中转站和通道之一。

5

植物家族也非常兴盛。以伯乐树(钟萼木)、水青树、野茶树、野银杏、云南红豆杉、长蕊木兰等为代表的多种珍贵野生植物在这里繁衍生存。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်