နိုင်ငံခြားအားကစားသမားများသည် ကူမင်းမြို့တွင် စုစည်းကြ၍ အားကစားဖြင့် သူငယ်ချင်းဖွဲ့ပြီး နွေဦးမြို့၏ ညှို့နိုင်စွမ်းခံစား
2024-10-28 10:18|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဒုတိယအကြိမ် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့သည်။ နိုင်ငံနှင့် ဒေသ အခုပေါင်း ၂၇ မှလာသည့် အားကစားသမား ၇၂၃ ယောက်သည် နွေဦးမြို့တွင် စုစည်းခဲ့ကြ၍ ၄င်းတို့အနက် နိုင်ငံရပ်ခြား အားကစားသမား ၃၅၃ ယောက်ရှိ၍ သူတို့သည် ဤပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ အားကစားသမားများနှင့် နဂါးနှင့် ခြင်္သေ့အက၊ ဝိုင်းပိတ်ကြား၊ အသက်ရှူလေ့ကျင့်ခန်းနှင့် ဝူရှူးသိုင်းပညာဆိုင်ရာ အားကစားလှုပ်ရှားမှု အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီး တရုတ်နိုင်ငံနှင့် တခြားနိုင်ငံတို့မှလာသည့် သူငယ်ချင်း များများဖွဲ့ခဲ့ကြပြီး နွေဦးမြို့၏ ထူးခြားသော ညှို့နိုင်စွမ်းများကို ခံစားခဲ့ကြသည်။
မလေးရှား အားကစားသမား JASONTAN KAI SHEN
"အနိုင်အရှုံး ဂရုမစိုက်ဘူး၊ ကူမင်းလူတွေက အရမ်း စိတ်အားထက်သန်ကြပါတယ်"
မလေးရှားနိုင်ငံ မှလာသည့် နဂါးနှင့် ခြင်္သေ့အက ကပြခြင်း အားကစားသမား JASONTAN KAI SHEN သည် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲကို ပထမဦးဆုံး ပါဝင်ခဲ့၍ ကူမင်းမြို့ကို ပထမဦးဆုံး လာရောက်ခဲ့သည်လည်း ဖြစ်သည်။
"ကျွန်တော်တို့က အဓိကအားဖြင့် ဖလှယ်ဖို့ ဒီကိုရောက်နေတာ၊ အနိုင်အရှုံးဆိုတာ ဂရုမစိုက်ဘူး၊ အရေးကြီးတာက သူငယ်ချင်းဖွဲ့ဖို့ပါပဲ။" ဤပြိုင်ပွဲတွင် အရေးကြီးဆုံးသည်မှာ မလေးရှား ခြင်္သေ့အကနှင့် တရုတ် ခြင်္သေ့အက တို့အကြားမှ ခြားနားချက်များကို ခံစား၍ နှစ်နိုင်ငံတို့အကြားမှ ခြင်္သေ့အကဆိုင်ရာ ဆန်းသစ်တီထွင်သော လှုပ်ရှားမှုများကို နှိုင်းယှဉ်ဖလှယ်ကာ အတူတူ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း JASONTAN KAI SHEN သည် ယူဆသည်။
ဤအကြိမ်သည်လည်း JASONTAN KAI SHEN အတွက် ကူမင်းမြို့သို့ ပထမဦးဆုံး ရောက်သည် ဖြစ်သည်၊ သူနှင့် အဖွဲ့ဝင်များသည် ကူမင်းမြို့ကို ရောက်လာသည့် အချိန်မှာ မိုးလင်းခါနီး ဖြစ်သောကြောင့်၊ ဆောင်းချဉ်းရာသီနှောင်းပိုင်းတွင် ရှိသောကြောင့် မလေးရှားနိုင်ငံတွင် အမြဲနေထိုင်သည့် သူ့ကို နည်းနည်းအေးသကဲ့သို့ ခံစားစေခဲ့သည်။
သို့သော်လည်း ကူမင်းမြို့သူမြို့သားများ၏ စိတ်အားထက်သန်မှုသည် ဤအေးမြမှုကို လျော့ပါးစေခဲ့သည်။ "ဟိုတုန်းက ကျွန်တော် အရမ်းဗိုက်ဆာတယ်။ ဟိုတယ်မှာ check in လုပ်ဆောင်ပြီးနောက် အနီးနားက တစ်ခုခုစားဖို့ သွားရှာတယ်။ ဒီမှာရှိ လူတွေက ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ ဧည့်ခံကြပါတယ်။ တချို့ဆိုင်တွေက မနက်သုံးလေးနာရီအထိ
ဖွင့်ထားတယ်၊ သူဌေးက ကျွန်တော်တို့ကို လက်ဆောင်တွေတောင် ပေးတယ်" ဟု သူက ပြောခဲ့သည်။
မလေးရှား အားကစားသမား လီစုံးဝေး
"ဖွင့်ပွဲအခမ်းအနားက အံ့လည်းအံ့သြမိစေ၊ ဟိုင်ကေဥယျာဉ်ကို ခေါင်းနီစင်ရော်များကို သွားကြည့်ဖို့ အကြံပြုပါတယ်"
ဤသည် မလေးရှား ဝိုင်းပိတ်ကြား အားကစားသမား လီစုံးဝေးသည် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲကို ပထမဦးဆုံး ပါဝင်သည် ဖြစ်သည်။ "ဒီပြိုင်ပွဲက ကျွန်တော့်ကို အံ့လည်းအံ့သြမိစေခဲ့ပါတယ်၊ အထူးသဖြင့်၊ ဖွင့်ပွဲအခမ်းအနားမှာ တရုတ်နိုင်ငံက များပြားတဲ့ ရိုးရာအမျိုးသားယဉ်ကျေးမှုတွေကို ပြသခဲ့ပြီး ကျွန်တော့်ကို အမြဲတမ်း အာရုံစိုက်ပြီး ဆက်ကြည့်စေခဲ့ပါတယ်။ ထို့ပြင်၊ ကျွန်တော်က တရုတ်နိုင်ငံရဲ့ ဝူရှူးသိုင်းပညာပြသခြင်းကို အရမ်းချစ်နှစ်သက်ပြီး ဒီဟာ အရမ်းတော်တယ်လို့ ထင်မြင်မိပါတယ်" ဟု သူက ပြောခဲ့သည်။
ဤသည် လီစုံးဝေးက ကူမင်းမြို့သို့ ဒုတိယအကြိမ် လာရောက်သည် ဖြစ်သည်၊ မနှစ်က အောက်တိုဘာလ ဒုတိယဆယ်ရက်ပိုင်းတွင် သူသည် ဤနေရာသို့ ခရီးသွားရန် လာခဲ့ဖူးသည်။ "ကူမင်းမြို့က လူတွေက အရမ်းဖော်ရွေတယ်၊ ယဉ်ကျေးပြီး လှိုက်လှိုက်လှဲလှဲ ဖြစ်ပါတယ်။ ကူမင်းမြို့က အရမ်းခေတ်မီပြီး အဆောက်အအုံ အများအပြား ရှိပါတယ်" ဟု သူက ယူဆသည်။
လီစုံးဝေးသည် ကူမင်းမြို့၏ ရာသီဥတုနှင့် သာယာလှပသော သဘာဝရှုခင်းများကို အလွန်နှစ်သက်သည်၊ သူသည်လည်း တခြားသူများကို ဟိုင်ကေဥယျာဉ်သို့ ခေါင်းနီစင်ရော်များကို ကြည့်ရှုသွားရန်၊ ယူနန်မင်ဇူကျေးရွာသို့ တိုင်းရင်းသားများ၏ ပြသမှုများကို ကြည့်ရှုသွားရန် အကြံပြုခဲ့သည်။
စင်ကာပူ အားကစားသမား ဖေကျင်းလင့်
"ဝိုင်းပိတ်ကြားနဲ့ သူငယ်ချင်းဖွဲ့ပြီး ကူမင်းရဲ့ ခရီးစဉ်ကို ခံစားပါတယ်"
စင်ကာပူ ဝိုင်းပိတ်ကြားအသင်း၏ အတွင်းရေးမှူးနှင့် စင်ကာပူ ဝိုင်းပိတ်ကြားအဖွဲ့၏ ဦးဆောင်သူနှင့် အဖွဲ့ဝင်ဖြစ်သူ ဖေကျင်းလင့်သည် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲကို ဒုတိယအကြိမ် ပါဝင်နေပြီ ဖြစ်၍ ဤအကြိမ်တွင် သူမသည် စင်ကာပူ ဝိုင်းပိတ်ကြားအဖွဲ့ ၄ ဖွဲ့ကို ပြိုင်ပွဲပါဝင်ရန် ဦးဆောင်လာသည် ဖြစ်သည်။
"ဒီပြိုင်ပွဲက အရမ်းအောင်မြင်ပြီး အတိုင်းအကာက အရမ်းကြီးတယ်" ဟု ဖေကျင်းလင့်က ပြောခဲ့သည်။ ပြိုင်ပွဲတွင် သူမက သူငယ်ချင်းဟောင်းများ၊ ပြိုင်ဖက်များကို အများအပြား တွေ့ဆုံခဲ့ပြီး သူမအတွက် ဤပြိုင်ပွဲပါဝင်သည့် အနက်အဓိပ္ပာယ်သည် "ဝိုင်းပိတ်ကြားနဲ့ သူငယ်ချင်းဖွဲ့ခြင်း" ဖြစ်သည်။
ကူမင်းမြို့ကို ပထမဆုံးအကြိမ် ရောက်သော်လည်း လမ်းများပေါ်တွင် နေရာအနှံ့ တွေ့နိုင်သည့် ပန်းများ၊ သာယာလှပသော ဂေဟပတ်ဝန်းကျင်၊ သင့်တော်သည့် ရာသီဥတု၊ အမျိုးမျိုးအစုံစုံရှိသည့် ဒေသခံအစားအစာများ၊ စိတ်အားထက်သန်သည့် အများပြည်သူများ စသည်တို့သည် ဖေကျင်းလင့်အပေါ် အလွန်ကောင်းမွန်သော စွဲမှတ်ထင်ဟပ်ချက်များ ရှိစေခဲ့သည်။ "ကူမင်းမြို့မှာ ပေါများကြွယ်ဝတဲ့ ယဉ်ကျေးမှုတွေ ရှိပြီး အရမ်းပြေပြစ်ပြီး ကျွန်မက ကူမင်းမြို့ရဲ့ ဒီခရီးစဉ်ကို အရမ်းနှစ်သက်တယ်" ဟု သူမက ပြောခဲ့သည်။
ထိုင်းနိုင်ငံ အားကစားသမား WICHRICH KARUEHAWANIT
"ဝိုင်းပိတ်ကြားက အကျိုးများတယ်၊ ကူမင်းမြို့မှာ နေရင် ပေါ့ပါးသက်သာတယ်"
ထိုင်းနိုင်ငံမှလာသည့် WICHRICH KARUEHAWANIT သည် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲကို ပထမအကြိမ် ပါဝင်ခဲ့သည်။ ဤပြိုင်ပွဲတွင် သူသည် အရည်အချင်းမြင့်မားသည့် ဝိုင်းပိတ်ကြားအားကစားသမားများကို တွေ့ကြုံခဲ့သည်။
ဝိုင်းပိတ်ကြားသည် အကျိုးအများကြီးရှိ၍ ကလေးများ၏ အာရုံစူးစိုက်မှုကို ပြုစုပျိုးထောင်ရန်နှင့် သက်ကြီးရွယ်အိုများ၏ ဦးနှောက်ကို လေ့ကျင့်ရန် အကျိုးရှိသည်ဟု WICHRICH KARUEHAWANIT က ယူဆသည်။
ဤအကြိမ်လည်း WICHRICH KARUEHAWANIT သည် ကူမင်းမြို့ကို ဒုတိယအကြိမ် ရောက်ခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇွန်လတွင် သူသည်လည်း ကူမင်းမြို့သို့ ဝိုင်းပိတ်ကြားပြိုင်ပွဲကို ပါဝင်ခဲ့ဖူးသည်။ "ဒီနေရာမှာ စားစရာများတယ်၊ ရှုခင်းသာယာတယ်၊ သင့်တော်တယ်၊ ပေါ့ပါးသက်သာမိတယ်" ဟု WICHRICH KARUEHAWANIT ပြောခဲ့သည်၊ သူသည် ကူမင်းမြို့အတွက် ကောင်းမွန်သော စွဲမှတ်ထင်ဟပ်ချက်များ ရှိကြသည်။
ကမ္ဘောဒီးယား အားကစားသမား လိုက်ယွန်ရှင်း
"အသက်ရှူလေ့ကျင့်ခန်းက စိတ်အားတက်ကြွစေနိုင်တယ်၊ ကူမင်းမြို့ရဲ့ လေက အရမ်းကောင်းတယ်"
"ဒီပြိုင်ပွဲကို ပြင်ဆင်ဖို့ အရမ်းကောင်းတယ်၊ ကျွန်မတို့ကိုလဲ ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ တွေ့ဆုံစေနိုင်တယ်" ဟု ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲ၏ အသက်ရှူလေ့ကျင့်ခန်း အစီအစဉ်ကို ၂ ကြိမ် ဆက်တိုက်ပါဝင်သည့် ကမ္ဘောဒီးယား အသက်ရှူလေ့ကျင့်ခန်း အားကစားအဖွဲ့၏ ဦးဆောင်သူနှင့် အဖွဲ့ဝင်ဖြစ်သူ လိုက်ယွန်ရှင်းက ပြောခဲ့သည်။
"အသက်ရှူလေ့ကျင့်ခန်းက ကျွန်မတို့ရဲ့ အသက်ရှူကို လေ့ကျင့်နိုင်ပြီး ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာကို ထိန်းညှိနိုင်တယ်၊ အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်ပြီးတော့ စိတ်အားက အလွန်တက်ကြွပြီး ကျွန်မတို့အတွက် လေ့ကျင့်ဖို့ ပိုသင့်တော်တယ်" ဟု သမက အဖွဲ့ဝင်များကို ဦးဆောင်ပြီး အင်တာဗျူးသည့်အချိန်တွင် ပြောခဲ့သည်။
ဤအကြိမ်မှာ လိုက်ယွန်ရှင်းသည် ကူမင်းမြို့သို့ တတိယအကြိမ် လာရောက်သည် ဖြစ်၍ သူမသည် ကူမင်းမြို့နှင့်ပတ်သက်၍ အလွန်ကောင်းမွန်သော စွဲမှတ်ထင်ဟပ်ချက်ရှိသည်။ "ကူမင်းမြို့မှာ လေကောင်းလေသန့်၊ ရှုခင်းကောင်းကောင်းနဲ့ ဖော်ရွေတဲ့ လူတွေရှိကြတယ်၊ ဒီမှာ နေထိုင်ရင် အရမ်းသင်တော်တယ်" ဟု သူမက ပြောခဲ့သည်။
ပြိုင်ပွဲပြီးဆုံးပြီးနောက် သူမသည် တျန်းချီရေကန်သို့ ဆိုက်ဘေးရီးယားမှ ပျံသန်းလာသည့် ခေါင်းနီစင်ရော်များကို သွားရောက်ကြည့်ရှုရန် အခွင့်ရှိနိုင်ကြောင်း မျှော်လင့်သည်။
ဩစတြေးလျ အားကစားသမား Michal Hawkins
"ပြိုင်ပွဲက ပျော်စရာ အများကြီးရှိတယ်၊ ကူမင်းမြို့က တံခါးပွင့်နိုင်စွမ်း ကြီးလှတယ်"
ဩစတြေးလျနိုင်ငံမှ အသက်ရှူလေ့ကျင့်ခန်း အားကစားသမား Michal Hawkins သည် အသက်ရှူလေ့ကျင့်ခန်းပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခြင်းမဟုတ်သော်လည်း ၎င်းသည် ရိုးရာအားကစား နိုင်ငံတကာဖလှယ်ရေးပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခြင်း ဖြစ်သည်။
သူ၏ မိတ်ဆက်ခြင်းအရ လက်ရှိအချိန်တွင် ဩစတြေးလျနိုင်ငံသည် အသက်ရှူလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှုကို အလွန်အရေးဂရုပြု၍ အနှစ် ၂၀ အတွင်း တရုတ်နိုင်ငံမှ ပါမောက္ခများကို တတ်နိုင်သမျှ ခေါ်ယူလာရန် ကြိုးပမ်းဆောင်ရွက် သည့်အပြင် ကျောင်းသူကျောင်းသားအဖွဲ့ ၃၀ သည် ကမ္ဘာတဝှမ်းသို့ ပြိုင်ပွဲများ၊ နှီးနှောဖလှယ်ပွဲများ သို့မဟုတ် လေ့လာရေးသင်တန်းများတွင် ပါဝင်ရန် သွားနေသည် ဖြစ်ကြောင်း သိရှိရသည်။
၄င်းသည် Michal Hawkins သည် ကူမင်းသို့ ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။ "ကူမင်းမြို့က တံခါးပွင့်နိုင်စွမ်း ကြီးလှတယ်၊ ကျေးရွာရဲ့ အေးချမ်းသာယာရေးနဲ့ မြို့ကြီးရဲ့ တိုက်တာနေအိမ်တွေနဲ့ ကြီးမားတဲ့ အဆောက်အအုံတွေကို တစ်ချိန်းတူ ရှိတဲ့ မြို့တစ်မြို့ ဖြစ်ပြီး ညစ်ညမ်းမဲ့ အစိမ်းရောင်ဖြစ်တဲ့၊ သန့်စင်တဲ့ မြို့တစ်မြို့လဲ ဖြစ်တယ်၊ ကူမင်းမြို့မှာ နေထိုင်ရင် လုပ်စရာနဲ့ ကြည့်စရာတွေ အများကြီးရှိတဲ့အပြင် မိမိရဲ့ အရှိန်အဟုန်အလိုက် ရှေ့ဆက်နိုင်ပြီး လိုချင်သလောက် အနားယူနိုင်ပါတယ်" ဟု Michal Hawkins က ပြောခဲ့သည်။
အိုင်ဗရီကို့စ် အားကစားသမား KOUASSI SELAY MARIUS
"ဒီပြိုင်ပွဲကို ဆက်လက်ကျင်းပနိုင်မယ်လို့ မျှော်လင့်ထားတယ်၊ ကူမင်းမြို့ကို ချစ်တယ်"
အိုင်ဗရီကို့စ်နိုင်ငံ အသက်ရှူလေ့ကျင့်ခန်း အားကစားအဖွဲ့၏ ဦးဆောင်သူ၊ နည်းပြဆရာနှင့် အားကစားသမား KOUASSI SELAY MARIUS သည် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲတွင် ပထမအကြိမ် ပါဝင်လာ၍ သူသည် ကူမင်းမြို့သို့ လာရောက်သည့်အတွက် ဝမ်းမြောက်ဝမ်းသာမိသည်။
KOUASSI SELAY MARIUS သည် ဤပြိုင်ပွဲကို ဆက်လက်ကျင်းပနိုင်မည်ဟု မျော်လင့်နေသည်။ သူက "ဒါဟာ တစ်ကမ္ဘာလုံးရဲ့ မျက်မြင်ကို တရုတ်နဲ့ ကူမင်းမှာ စုစည်းစေတဲ့ အခွင့်အလမ်း တစ်ခု ဖြစ်ပြီး တွေ့ဆုံးတဲ့ အခွင့်အလမ်းလဲ ဖြစ်တယ်၊ မတူတဲ့ နိုင်ငံတွေကလာတဲ့ အားကစားတွေကို အချင်းချင်း သိမြင်စေပြီး အချင်းချင်း သိရှိနားလည်စေ ရုံသာမက သူတို့ကို အချင်းချင်း သင်ယူနိုင်စေတယ်" ဟု ပြောခဲ့သည်။
KOUASSI SELAY MARIUS သည် ဂျိမ့်ကျူး၊ ဘေကျင်း၊ ရှန်ဟိုင်း၊ ဇိမ့်ကျန်းနှင့် အခြားသော တရုတ်မြို့များသို့ သွားရောက်ခဲ့ဖူးသော်လည်း ကူမင်းမြို့သို့ ရောက်လာခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ "ကျွန်တော်က ဒီမြို့ကို ချစ်တယ်၊ ဒါဟာ အေးဆေးတည်ငြိမ်တဲ့ မြို့တစ်မြို့ဖြစ်ပြီး လမ်းတွေ သန့်ရှင်းပြီး လူတွေ ယဉ်ကျေးတယ်" ဟု သူက ပြောခဲ့သည်။
မက္ကဆီကို အားကစားသမား Daniel HengYi
"ဝူရှူးသိုင်းပညာက အားကစားရော ယဉ်ကျေးမှုရော ဖြစ်တယ်၊ လူတိုင်းက ကူမင်းမြို့ကို တစ်ခေါက်လောက် ရောက်သင့်တယ်"
မက္ကဆီကို အားကစားသမား Daniel HengYi သည် တရုတ်နိုင်ငံတွင် မတူသော ပြိုင်ပွဲ ၅ ကြိမ်ကို ပါဝင်ခဲ့ဖူးသော်လည်း ၄င်းသည် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲကို ပထမဦးဆုံး ပါဝင်ခြင်း ဖြစ်ပြီး ကူမင်းမြို့သို့ ပထမအကြိမ် လာရောက်ခြင်း ဖြစ်သည်။
"ဝူရှူးသိုင်းပညာက ပေါများကြွယ်ဝလှတဲ့ အားကစားလှုပ်ရှားမှု တစ်ခု ဖြစ်တယ်၊ အားကစားရော ယဉ်ကျေးမှုရော ဖြစ်တယ်လို့ ကျွန်တော် ထင်တယ်"ဟု Daniel HengYi က ပြောခဲ့သည်။ ဤအကြိမ်သည် ကူမင်းမြို့သို့ ပထမဆုံး ရောက်ခြင်းဖြစ်သော်လည်း အဆင်မပြေမှု မကြုံဖူးပါ။ သူက "ကူမင်းက လှပသော မြို့တစ်မြို့ဖြစ်တယ်၊ မြင်သမျှအရာအားလုံးက အရမ်း ကောင်းမွန်လှပပြီး သန့်စင်တယ်၊ လူတွေက နူးညံ့သိမ်မွေ့တယ်၊ ရာသီဥတုကလဲ မက္ကဆီကိုနိုင်ငံနဲ့ အရမ်းတူတယ်။ ကူမင်းမှာ နေရတာက နွေဦးရာသီထဲမှာ ထာဝရနေတာနဲ့တူတယ်" ဟု ပြောခဲ့သည်။
အနာဂတ်တွင် တတိယအကြိမ် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲကို ကူမင်းမြို့၌ ဆက်တိုက်ကျင်းပနိုင်မည်ဟု Daniel HengYi က မျှော်လင့်သည်။ ထိုအခါတွင် သူသည် ကူမင်းသို့ မက္ကဆီကန်လူမျိုးများကို ပိုမိုခေါ်ဆောင်လာရန် ကြိုးစားမည်ဖြစ်သည်။ "လူတိုင်းက ကူမင်းမြို့ကို တစ်ခေါက်လောက် ရောက်သင့်တယ်လို့ ထင်တယ်"ဟု သူက ပြောခဲ့သည်။
ရိုမေးနီးယား အားကစားသမား Ciprian Ghise
"ထိုက်ကျီသိုင်းပညာကို လေ့လာနိုင်တယ်၊ ကူမင်းမြို့ရဲ့ သမိုင်းတွေကို သိချင်တယ်"
ရိုမေးနီးယား ဝူရှူးသိုင်းပညာ အားကစားအဖွဲ့၏ ဦးဆောင်သူ Ciprian Ghise သည် ထိုက်ကျီသိုင်းပညာကို အလွန်ကြိုက်နှစ်သက်သည်၊ လက်ရှိအချိန်တွင် သူသည် မာရီမြို့၌ ဝူရှူးသိုင်းပညာသင်ကျောင်း တစ်ခု ဖွင့်နေ၍ ကျောင်းထဲတွင် ကျောင်းသူကျောင်းသား ၃၅ ယောက်ခန့် ရှိသည်။ သူသည် ဒုတိယအကြိမ် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲ ပါဝင်နိုင်သည့်အတွက် အလွန်ဝမ်းသာမိသည်။
Ciprian Ghise သည် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲ၏ ဝူရှူးသိုင်းပညာပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်၍ ဤပြိုင်ပွဲဖြင့် အခြားထိုက်ကျီသိုင်းပညာ လေ့ကျင့်သူများနှင့် တွေ့ဆုံပြီး ဆွေးနွေးဖလှယ်နိုင်မည်ဟု မျှော်လင့်သည်။ ယခုလက်ရှိတွင် သူသည် ဝူရှူးသိုင်းပညာကို အချိန်အတော်ကြာ လေ့ကျင့်ခဲ့ပြီ ဖြစ်ပြီး ဝူရှူးသိုင်းပညာသည် သူ့ဘဝထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဤအကြောင်းကြောင့် သူက "တရုတ်နိုင်ငံက ဝူရှူးသိုင်းပညာရဲ့ မွေးရပ်မြေဖြစ်လို့ ကျွန်တော် တရုတ်နိုင်ငံကို တကယ်လာချင်တယ်" ဟု ပြတ်ပြတ်သားသား ပြောခဲ့သည်။
"ကျွန်တော်က ကူမင်းကို အရမ်းသဘောကျပြီး ဒီမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အထင်ကြီးစရာကောင်းလှတယ်"ဟု သူက ပြောခဲ့သည်။ ပြိုင်ပွဲပြီးဆုံးပြီးနောက် ကူမင်းမြို့၏ သမိုင်းကြောင်းများကို သိရန် Ciprian Ghise သည် ကူမင်းမြို့ရှိ ရှေးဟောင်းနေရာတစ်ချို့သို့ ကြည့်ရှုသွားမည် စီစဉ်သည်။ အနာဂတ်တွင် သူသည် ကူမင်းမြို့သို့ အချိန်မရွေး ထပ်မံလာချင်ပြီး အခြားသူများကို ကူမင်းသို့ လာရောက်ကြည့်ရှုရန် အကြံပြုသည် ဖြစ်ကြောင်း သူက ပြောခဲ့သည်။
青山相伴、绿水相依,10月18日至20日,第二届传统体育国际交流大赛在昆明举行。来自27个国家和地区的723名运动员相聚春城,其中境外运动员人数达到353人,他们与来自境内的运动员一道,在本次大赛上相互切磋舞龙舞狮、围棋、健身气功和武术运动经验,广交来自中国和世界各地的朋友,感受春城独特的魅力。
马来西亚运动员陈凯申
“不在意输赢 昆明人很热情”
在本次交流大赛上,来自马来西亚的龙狮运动员陈凯申(JASONTAN KAI SHEN)奉献了两个“首次”,首次参加传统体育国际交流大赛,首次来到昆明。
“我们主要是来交流的,不在意输赢,重在交朋友。”在陈凯申看来,本次比赛最重要的是感受马来西亚舞狮与中国舞狮之间的不同,就两国在舞狮方面的创新动作进行比较与交流,实现共同进步。
此次也是陈凯申第一次来到昆明,他和队友们抵达昆明时已是凌晨,因为正值深秋,让一直生活在马来西亚的他感到“有点冷,马来西亚都没有这种感觉”。
但来自昆明人的热情冲淡了这份凉意。“那时候肚子很饿,到酒店办理入住后就去附近找东西吃,这里的人也很热情地招待了我们。”他表示:“这些店,有开到凌晨三四点的,老板还赠送了我们吃的。”
马来西亚运动员李淞葳
“开幕式令人惊喜 推荐去海埂公园看海鸥”
“这次赛事让我感到非常惊喜,尤其是在开幕式上,中国展现了很多传统民族文化,让我很想要一直看、一直看,没有分神”。这是马来西亚围棋运动员李淞葳首次参加该比赛。他直言,很喜欢中国的武术表演,感觉“一直跳跳跳,很厉害”。
这是李淞葳第二次来昆明,去年10月中旬,他也曾来这里旅游。在他看来,“昆明人很友好,很有礼貌,大家都很热情。昆明很现代化,有很多高楼大厦”。
李淞葳很喜欢昆明的天气以及美丽的自然环境,他还推荐其他人到海埂公园看海鸥,到云南民族村看少数民族表演。
新加坡运动员裴今令
“以棋会友 享受昆明之行”
新加坡围棋协会秘书、兼具新加坡围棋领队与队员的裴今令,已经是传统体育国际交流大赛的老朋友了,这是她第二次参加该比赛,此次带了四支新加坡队伍前来参赛。
“这次赛事办得非常成功,规模非常大。”在比赛期间,裴今令遇到了很多老朋友、老对手,对她而言,比赛更重要的是“以棋会友”。
虽然是第一次来昆明,但昆明街头随处可见的花、美丽的生态环境、宜人的气候、多种多样的民族美食、热情的民众……都给裴今令留下了非常好的印象。她说:“昆明有丰富的文化,非常和谐,我非常享受这次昆明之行。”
泰国运动员威奇里奇·卡鲁哈瓦尼特
“围棋好处良多 昆明令人放松”
来自泰国的威奇里奇·卡鲁哈瓦尼特(WICHRICH KARUEHAWANIT)第一次参加传统体育国际交流大赛。在这次比赛中,他见到了很多围棋“高手”。
威奇里奇·卡鲁哈瓦尼特认为,围棋有很多好处,对培养小孩的专注力和锻炼老年人的头脑都大有裨益。
这次是威奇里奇·卡鲁哈瓦尼特第二次来昆明,上一次来昆明是2023年的6月,他到昆明参加围棋赛。昆明给他留下了非常好的印象,“这里吃的很多,风景很美,很舒服,很放松。”他说道。
柬埔寨运动员赖源心
“气功提振精气神 昆明空气很好”
“这个比赛筹备得非常好,而且能够让我们认识世界各地的朋友。”柬埔寨健身气功运动队领队、队员赖源心已连续两次参加传统体育国际交流大赛健身气功项目。
她带领队友接受采访时说:“气功可以锻炼我们的呼吸,可以调节我们的身体,练习气功后精神非常好,比较适合我们学习。”
此次是赖源心第三次来到昆明,她对昆明的印象非常好。“昆明空气好,风景好,人也好,对我们特别友好。”“很凉快,在这里生活很舒服。”她说道。
比赛结束后,她也希望能够有机会去滇池看一看从西伯利亚远道而来的海鸥。
澳大利亚运动员Michal Hawkins
“大赛乐趣多多 昆明非常开放”
澳大利亚健身气功运动员Michal Hawkins不是第一次参加健身气功项目的比赛,但却是第一次参加传统体育国际交流大赛。
据他介绍,目前,澳大利亚非常重视健身气功项目,20年来,一直在努力尝试从中国引进尽可能多的教授,并有30个学生团体前往全球参加比赛、研讨会或讲习班。
这是Michal Hawkins第一次来昆明。“昆明让我感觉非常开放。”在他看来,昆明是一座兼具“乡村的宁静”与“大城市的公寓和大型建筑”的城市,也是一座非常绿色和干净的城市。他表示,在昆明,有很多事情可以做,也有很多东西可以看,并且可以按照自己的节奏进行,随心所欲地放松。
科特迪瓦运动员KOUASSI SELAY MARIUS
“希望大赛持续办下去 我爱昆明 ”
科特迪瓦健身气功运动队领队、教练、运动员KOUASSI SELAY MARIUS表示,这是他首次参加传统体育国际交流大赛,他很高兴来到昆明。
KOUASSI SELAY MARIUS希望该大赛持续下去,因为“这是一个将全世界聚集在中国和昆明的机会,是一个见面的机会”,既可以让来自不同国家的运动员相识相知,还可以让他们互相学习。
KOUASSI SELAY MARIUS曾到过郑州、北京、上海、浙江等许多中国城市,但到昆明还是首次。“我爱这座城市,这是一座轻松的城市,它的街道很干净,人们彬彬有礼。”他表示。
墨西哥运动员Daniel HengYi
“武术是体育也是文化 每个人应该至少来一次昆明”
墨西哥运动员Daniel HengYi在中国参加过5次不同的比赛,但这还是他首次参加传统体育国际交流大赛,首次来到昆明。
“我认为武术是一项非常丰富的运动,不仅是体育,也是文化,同时还是传统。”Daniel HengYi表示,虽然是首次来到昆明这座城市,但从来没有遇到过不便。“昆明是一座美丽的城市,我所看到的一切都很美好、很干净,人们很好、很温柔,这里的天气与墨西哥非常相似。待在昆明,就像待在永恒的春天。”
未来,Daniel HengYi希望,第三届传统体育国际交流大赛继续在昆明举办。届时,他将尝试带更多墨西哥人来昆明。“我认为每个人都应该至少来参观一次。”他说道。
罗马尼亚运动员Ciprian Ghise
“切磋太极拳经验 想了解昆明历史 ”
罗马尼亚武术运动参赛队领队Ciprian Ghise非常喜欢太极拳,目前,他在马雷市开了一家太极学校,约有35名学生。他非常高兴能够参加第二届传统体育国际交流大赛。
此次是Ciprian Ghise首次参加传统体育国际交流大赛武术运动项目,他希望,通过大赛举办的契机,能够与其他太极拳练习者见面并切磋交流。目前,他练习武术已经有一段时间了,武术已经成为他生活的一部分。也因此,他直言“非常想来到中国,因为中国是武术的发源地”。
“我很喜欢昆明,昆明的发展令人印象深刻。”比赛结束后,Ciprian Ghise计划到昆明的一些老地方看一看,了解昆明的历史。未来,他表示随时都想再来到昆明,并推荐其他人来昆明参观。(昆明信息港 记者文丽荣 实习记者胡馨允 薛柔)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ