"လမ်းတစ်လျှောက်ရှိ အရာမျိုးစုံ" တရုတ်-လာအို ရထားလမ်းဆိုင်ရာ ဓာတ်ပုံနှင့် ရုပ်ရှင်များပြပွဲကို ကူမင်းမြို့၌ ကျင်းပနေ
2024-10-23 15:21|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၁၄ နာရီတွင် "လမ်းတစ်လျှောက်ရှိ အရာမျိုးစုံ၊ တရုတ်-လာအို ရထားလမ်းဆိုင်ရာ ဓာတ်ပုံနှင့် ရုပ်ရှင်များပြပွဲ" ဟူသော တရုတ်တစ်ပြည်လုံး နယ်လှည့်ပြပွဲများထဲမှ ကူမင်းမြို့ရှိ ပြပွဲကို ယူနန်ပန်းချီပြတိုက်၌ စတင်ကျင်းပခဲ့သည်။
ဤအကြိမ်ပြပွဲတွင် ပြသထားသည့် ဓာတ်ပုံလက်ရာ ၂၁၇ ခုနှင့် ရုပ်ရှင်လက်ရာ ၈ ခုတို့မှာ ၁၄ လကြာ စုဆောင်းခြင်းအားဖြင့် ဓာတ်ပုံနှင့် ရုပ်ရှင် အခုပေါင်း ၁ သောင်းကျော်ထဲမှ ရွေးချယ်အကဲဖြတ်ရခဲ့သည် ဖြစ်သည်၊ ဤပြပွဲသည် တရုတ်-လာအို ရထားလမ်း၏ "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" အတူပူးပေါင်း တည်ဆောက်ခြင်းဆိုင်ရာ ခေါင်းစဉ်ကို စနစ်တကျ ဖော်ပြနေပြီ ဖြစ်၍ "အံ့ဖွယ်ကောင်းပြီး ထည်ဝါတင့်တယ်သော အစိမ်းရောင် ဂေဟလမ်း "၊ "စီမံကိန်း၏ အံ့ဖွယ်ရှုခင်းများထဲမှ သံမဏိပိုးလမ်းမကြီး"၊ "ရောင်စုံသော လူမျိုးယဉ်ကျေးမှုများ ဖလှယ်လမ်း"၊ "အပြန်အလှန် ချိတ်ဆက်ထားသော ပြေပြစ်စွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်း"၊ "အေးအတူပူအမျှဖြစ်သည့် အနာဂတ်အလားအလာ" ဟူသော အကြောင်းအရာ အပိုင်း ၅ ပိုင်းကို စီစဉ်ပြသထားသည် ဖြစ်သည်။ ပြပွဲကို ယူနန်ပန်းချီပြတိုက်၌ ၂၃ ရက်ကြာ (အောက်တိုဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ) ဆက်တိုက် ကျင်းပသွားပြီးနောက် ယူနန်ပြည်နယ် ဖူအော်မြို့ပန်းချီပြတိုက်၌ နောက်ဆုံးပြပွဲကို ကျင်းပရမည် ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








