ဆောင်းချဉ်းရာသီတွင် ယူနန်ပြည်နယ် ဝူသင့်ခရိုင်သို့ ဂန္ဓမာပန်းများ သွားရောက်ကြည့်ရှုပါ
2024-10-23 15:17|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဆောင်းချဉ်းရာသီတွင် ယူနန်ပြည်နယ် ချူရှုံ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဝူသင့်ခရိုင်ရှိ စီဇီတောင်ပေါ်၌ ဂန္ဓမာပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြ၍ ပြောက်ကျီးပြောက်ကျား ရောင်စုံထပ်ပြီး လူများကို ဆွဲဆောင်နေကြသည်။
စီဇီတောင်ပေါ်မှ ဂန္ဓမာပန်း အမျိုးပေါင်း ၂၀၀ ကျော် ရှိ၍ အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အနက်ရောင် စသည့် အရောင်ဖြစ်သည့် ရိုးရာ အမျိုးအစားကို ပါဝင်သည့်အပြင် ပြည်ပမှ သွင်းယူလာသည့် အရောင်မျိုးစုံ၊ အရောင်နှစ်မျိုးနှင့် တဖြည်းဖြည်း ပြောင်းလဲသော အရောင် စသည့် အမျိုးအစားများလည်း ရှိသည်။ ဒေသခံတွင် ၂၀၂၁ ခုနှစ်မှစ၍ ရောင်စုံဂန္ဓမာများ၊ အကြီးစားနှင့် အသေးစား Dendranthema morifolium များ၊ ရှုခင်းရှုကွက်ဖော် အလှစိုက် ဂန္ဓမာပန်းအိုး စသည့် အလှပြဂန္ဓမာများနှင့် စားသုံးနိုင်သော ဂန္ဓမာများ စသည်တို့ကိုလည်း တီထွင်စိုက်ပျိုးနေကြပြီ ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်










