ဒုတိယအကြိမ် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲသည် ကူမင်းမြို့၌ အောင်မြင်စွာ ပြီးဆုံးသွားခဲ့
2024-10-22 16:05|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အောက်တိုဘာလ ၂၀ ရက်နေ့ညတွင် ဒုတိယအကြိမ် ရိုးရာအားကစား နိုင်ငံတကာ ဖလှယ်ရေးပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယူနန် မင်ဇူကျေးရွာ ရှုခင်းသာနေရာ၌ ကျင်းပခဲ့သည်၊ ၄င်းသည် ဤ နိုင်ငံတကာ အားကစားပြိုင်ပွဲ၏ အောင်မြင်စွာ ပြီးဆုံးသွားခြင်းကို လက္ခဏာဆောင်ထားသည်။ "ကူမင်းထူးခြားချက်" သည် ဤအကြိမ် ပြိုင်ပွဲ ကျင်းပရာနေရာများ၏ ထင်ရှားသော ထူးခြားချက် ဖြစ်လာခဲ့ပြီ ဖြစ်၍ ပြိုင်ပွဲသည် ရိုးရာအားကစားလှုပ်ရှားမှု၏ များပြားထူထပ်လှသော အကြောင်းစုံနှင့် ကူမင်းမြို့၏ ထူးခြားချက်၊ သိမ်မွေ့သော ဟန်အမူအရာတို့ကို ပြီးပြည့်စုံစွာ ရောနှောပေါင်းစပ်၍ ရိုးရာအားကစား လှုပ်ရှားမှုများကို နွေဦးမြို့(ကူမင်းမြို့)၌ ထွန်းလင်းတောက်ပသော ပန်းကို ပွင့်ဖူးစေခဲ့သည် ဖြစ်သည်။
ဤအကြိမ်ပြိုင်ပွဲတွင် ဟိုင်ကေလေ့ကျင့်ရေး အခြေခံစခန်း၊ ကွမ်းတုရှေးဟောင်းမြို့နယ်နှင့် ယူနန်ဝိုင်းပိတ်ကြားစေ့ထုတ်လုပ်ရုံတို့ကို ဝူရှူးသိုင်းပညာ၊ အသက်ရှူလေ့ကျင့်ခန်း၊ ဝိုင်းပိတ်ကြား၊ နဂါးနှင့် ခြင်္သေ့အက ကပြခြင်း ဟူသော ပြိုင်ပွဲ၏ အစီအစဉ် ၄ ခု၏ ကျင်းပရာနေရာအဖြစ် သတ်မှတ်ခဲ့ကာ "ခေါင်းနီစင်ရော်များ ကြည့်ရှုရန်" လူကြိုက်များသော ဟိုင်ကေရေကာတာနှင့် တိုင်းရင်းသားရိုးရာအခြေအနေများ အပြည့်အဝ ဖော်ပြထားသော ယူနန်မင်ဇူကျေးရွာ ရှုခင်းသာနေရာတို့သည် ကွင်းဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားတို့၏ ကျင်းပရာနေရာ ဖြစ်လာခဲ့သည်။ နိုင်ငံနှင့် ဒေသ အခုပေါင်း ၂၇ ခု မှလာသည့် ပြိုင်ပွဲဝင် အယောက်ပေါင်း ၇၂၃ သည် ကူမင်းမြို့၌ အများပြည်သူများသို့ ရိုးရာအားကစားလှုပ်ရှားမှုများ၏ ထူးခြားသော ညှို့နိုင်စွမ်းကို အားရပါးရ ပြသခဲ့သည့်အပြင် ကူမင်းမြို့၏ တမူထူးခြားသော အခြေအနေများကိုလည်း ခံစားစေခဲ့သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို












