ယူနန်ပြည်နယ် တီချင့်ပြည်နယ်ခွဲ၌ ဖူတာချော့ ရှုခင်းသာနေရာ၏ လှပသော ဆောင်းချဉ်းရာသီရှုခင်းများကို လေကြောင်းမှ ရိုက်ကူး
2024-10-17 16:44|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဆောင်းချဉ်းရာသီတွင် ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ ဖူတာချော့ ရှုခင်းသာနေရာသို့ ရောက်ရှိလျှင် ရှုခင်းသာနေရာထဲမှ ထူးခြားပြီး လှပသော ရှုခင်းများသည် သင့်ကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။ ကြည်လင်သောရေသည် ကောင်းကင်ပြာပြာကို ရောင်ပြန်ဟပ်၍ ရေပြင်အတွက် ကောင်းကင်၏ အပြာရောင်ကို တိုးဖြည့်ပေးထားကာ မြင်းများသည် ဘေးနားတွင် စိတ်ပြေလက်ပျောက် မြက်ပင်များကို စားကျက်နေပြီး ခရီးသည်များသည် ရှုခင်းသာနေရာထဲတွင် လည်ပတ်ကြည့်ရှုကာ နတ်ပြည်ထဲ၌ နေကဲ့သို့ ခံစားမိကြသည်။
ဖူတာချော့ ရှုခင်းသာနေရာသည် "မြစ်သုံးသွယ် ပြိုင်တူစီးဆင်းရာ" ကမ္ဘာ့သဘောဝအမွေအနှစ်၏ ဗဟိုချက်မဒေသတွင် တည်ရှိပြီး ပေါများသော ရေကန်နှင့် စိုစွတ်မြေ၊ သစ်တောမြက်ခင်းပြင်၊ မြစ်ချိုင့်နှင့် မြစ်ချောင်း၊ အဖိုးတန်တိရစ္ဆာန်နှင့် သစ်ပင် စသည့် သဘာဝအရင်းအမြစ်များ ရှိ၍ တီချင့်ပြည်နယ်ခွဲရှိ အရေးပါသော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အဖိုတန်ပစ္စည်းလှောင်တိုက်နှင့် ဂေဟလုံခြုံရေး အကာအရံ ဖြစ်ကြသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ