ဒုတိယအကြိမ် တရုတ်နိုင်ငံ ရိုးရာ အားကစားလှုပ်ရှားမှုဆိုင်ရာ နိုင်ငံတကာ ဖလှယ်ပြိုင်ပွဲ၏ ထူးခြားချက်များ

2024-10-16 16:27|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်)  တရုတ်နိုင်ငံ ရိုးရာ အားကစား လှုပ်ရှားမှုများသည် ရှည်ဝေးသော ရှေးပဝေသဏီခေတ်မှစ၍ တည်ရှိခဲ့သည် ဖြစ်၍ တရုတ်နိုင်ငံ၏ သမိုင်းကြောင်းကို ဝန်ဆောင်ထားကာ တရုတ်နိုင်ငံ ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုထဲမှ အရေးပါသော အစိတ်အပိုင်း၊ တရုတ်ယဉ်ကျေးမှု၏ ရတနာ၊ တရုတ် ရိုးရာယဉ်ကျေးမှုကို ပြသရန် တောက်ပသော အမည်ကတ်ပြားတစ်ချပ် ဖြစ်ကြသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဒုတိယအကြိမ် ရိုးရာအားကစားလှုပ်ရှားမှုဆိုင်ရာ နိုင်ငံတကာ ဖလှယ်ပြိုင်ပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပရမည် ဖြစ်၍ ၎င်းသည် ဤပြိုင်ပွဲကို ယူနန်ပြည်နယ်ထဲတွင် ဒုတိယနှစ် ဆက်တိုက်ကျင်းပသည် ဖြစ်သည်။ ထိုအချိန်တွင် ပြည်တွင်းပြည်ပမှ ပြိုင်ပွဲဝင်များသည် ကူးလူးဖလှယ်ခြင်းနှင့် အားကစားယှဉ်ပြိုင်ခြင်းတို့ကို လုပ်ဆောင်ကြမည် ဖြစ်ပြီး ပြိုင်ပွဲကျင်းပကာလအတွင်း အားကစားယဉ်ကျေးမှုပြပွဲနှင့် ယူနန်ထူးခြားချက်ရှိ လည်ပတ်ပြသခြင်း လှုပ်ရှားမှုများကိုလည်း ကျင်းပရမည် ဖြစ်ကာ တရုတ်ရိုးရာ အားကစားယဉ်ကျေးမှုနှင့် ယူနန် လူမှုဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ပြည့်စုံစွာ ပြသရန် ရည်ရွယ်ထားသည်။

670e0716e4b09018c69369b6_m

ထူးခြားချက် ၁။ ပြည်ပမှ ဝါသနာပါသူ အများအပြား ရောက်လာခြင်း

အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံနှင့်ဒေသများ အခုပေါင်း ၂၇ မှ အားကစားအဖွဲ့များကို ပါဝင်ယှဉ်ပြိုင်ရန် ဆွဲဆောင်ခဲ့ကြသည် ဖြစ်ပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၇၂၃ ဦးထဲတွင် တရုတ်ပြည်ပမှ ပြိုင်ပွဲဝင် ၃၅၃ ဦးအထိ ရှိပြီး တစ်ဝက်နီးပါးခန့် ရှိကာ ပထမဆုံးပြိုင်ပွဲထက် သိသိသာသာ တိုးတက်လာသည်။ ပိုမိုများပြားသော ပြည်ပအားကစားသမားများ ပါဝင်လာခြင်းသည် ခေတ်သစ်တွင် တရုတ် ရိုးရာ အားကစားလှုပ်ရှားမှုများ၏ ပြည်ပသြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာသည်ကို ဖော်ပြနေသည်။

ထူးခြားချက် ၂။ နဂါးခြင်္သေ့အကကခြင်း လှုပ်ရှားမှုကို အသစ်ထည့်သွင်း

မနှစ်က ပထမအကြိမ် တရုတ်နိုင်ငံ ရိုးရာ အားကစားလှုပ်ရှားမှုဆိုင်ရာ နိုင်ငံတကာ ဖလှယ်ပြိုင်ပွဲတွင် ဝူရှူးသိုင်းပညာ၊ ကိုယ်လက်ကြံ့ခိုင်ရေး ချိကုန်းသိုင်းနှင့် ဝိုင်းပိတ်ကျား ဟူသော အားကစားလှုပ်ရှားမှု ၃ ခုကို စီစဉ်ခဲ့ကြပြီး ယခုအကြိမ် ပြိုင်ပွဲတွင် နဂါးခြင်္သေ့အကကခြင်း လှုပ်ရှားမှုကို ထည့်သွင်း၍ ပြိုင်ပွဲအတွက် ပိုမိုအားကောင်းသည့် အနုပညာရသနှင့် ကြည့်ရှုခံစားမှုကို တိုးဖြည့်ပေးသည်။

နဂါးခြင်္သေ့အကကခြင်း လှုပ်ရှားမှုသည် တရုတ်နိုင်ငံမှ ကိုယ်စားပြုမှု အလွန်ရှိသည့် တိုင်းရင်းသား ရိုးရာအားကစား လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ပြီး တရုတ်ပြည်တွင်းပြည်ပ၌  ဩဇာကြီးမားလှသည်။ အသစ်ထည့်သွင်းသည့် လှုပ်ရှားမှုအဖြစ် နဂါးခြင်္သေ့အကကခြင်းသည် တရုတ် ရိုးရာ အားကစားလှုပ်ရှားမှု ဝါသနာပါသူများသို့ ပိုမိုအရောင်အသွေးစုံလင်သော တရုတ်ယဉ်ကျေးမှုကို ပြသပေးမည် ဖြစ်ပြီး ပြည်ပဝါသနာပါသူများကို တရုတ်ယဉ်ကျေးမှုများ၏ နက်ဝှမ်းကြွယ်ဝမှုအား နက်ရှိုင်းစွာ သရှိနားလည်စေရန် ကူညီပေးမည် ဖြစ်သည်။

670e0717e4b09018c69369b8_m

ထူးခြားချက် ၃။ ပြိုင်ပွဲကျင်းပရာနေရာတိုင်းတွင် ထူးခြားချက်လက္ခဏာများ အသီးသီးရှိခြင်း

ယူနန်ပြည်နယ်၏ မြို့တော်အနေဖြင့် ကူမင်းမြို့တွင် လှပသော သဘာဝရှုခင်းများနှင့် နက်ရှိုင်းသော သမိုင်းနှင့်ယဉ်ကျေးမှုများ ရှိကြသည်။ ပြိုင်ပွဲကျင်းပရာနေရာများ ရွေးချယ်မှုဘက်တွင်  "ကူမင်းမှ ထူးခြားချက်လက္ခဏာများ" နှင့် ကိုက်ညီစေပြီး ပြိုင်ပွဲကို မြို့ပြဓလေ့ထုံးစံနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်စေကြသည်။ 

နဂါးခြင်္သေ့အကကခြင်း လှုပ်ရှားမှုကို "ယူနန်ယဉ်ကျေးမှု၏ ဘူမိနက်သန်"များထဲမှ တစ်ခုဖြစ်သည့် ကွမ်းတုရှေးဟောင်းမြို့နယ်ထဲတွင် ကျင်းပရန် ရွေးချယ်ထား၍ ပြိုင်ပွဲအပြင် ကွမ်းတုရှေးဟောင်းမြို့နယ်တွင် နဂါးနှင့် ခြင်္သေ့အက လှည့်လည်ကပြပွဲကိုလည်း ကျင်းပရမည် ဖြစ်သည်။ ဝိုင်းပိတ်ကျားပြိုင်ပွဲကို ယွမ်ဇီ စစ်တုရင်သင်တန်းကျောင်းထဲတွင် ကျင်းပရမည်။ ဝူရှူးသိုင်းပညာနှင့် ကိုယ်လက်ကြံ့ခိုင်ရေး ချိကုန်းသိုင်းပြိုင်ပွဲတို့ကို အမျိုးသား ကူမင်းဟိုင်ကိန် အားကစား လေ့ကျင့်ရေးစခန်းတွင် ကျင်းပရမည် ဖြစ်သည်။ 

670e0718e4b09018c69369ba_m

ထူးခြားချက် ၄။ ဖွင့်ပွဲ (ပိတ်ပွဲ) အခမ်းအနားတွင် အံ့ဩဖွယ်ရာ အများအပြားရှိခြင်း

ဤအကြိမ်ပြိုင်ပွဲမှ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတို့၏ ကျင်းပရာနေရာများ ရွေးချယ်မှုနှင့် အကြောင်းအရာ စီစဉ်မှုဘက်တွင် "ကူမင်းမှ ထူးခြားချက်လက္ခဏာများ" ကို အဓိကထားပြီး တရုတ်ရိုးရာအားကစားကို ပြတင်းပေါက်အဖြစ် ကူမင်း၏ ညှို့နိုင်စွမ်းကို ကမ္ဘာသို့ ပြသရန် ရည်ရွယ်ထားသည်။ ၎င်းအနက် ဖွင့်ပွဲအခမ်းအနားကို တိန်ချီးရေကန်ကြည့်ရှုရန် အကောင်းဆုံးသော ပလက်ဖောင်းဖြစ်သည့် ကမ်းနားပလက်ဖောင်းပေါ်တွင် ကျင်းပရမည် ဖြစ်ပြီး "ကြည်လင်သောရေများနှင့် စိမ်းလန်းသောတောင်တန်းများ"ဟူသော ဂေဟစနစ်ဆိုင်ရာ သဘောတရား၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားသည်။ ထို့ပြင် လက်ရှိအချိန်သည် ခေါင်းနီစင်ရော်များ ကြည့်ရှုချိန် ဖြစ်သောကြောင့် ဖွင့်ပွဲအခမ်းအနားကို ကြည့်ရှုရင်း ယူနန်ပြည်နယ်ရှိ ဆိုက်ဘေးရီးယားမှ လာသည့် ခေါင်းနီစင်ရော်များကို ကြည့်ရှုခံစားနိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် ယူနန်ပြည်နယ် ရရှိသည့် ရလဒ်ကောင်းများကိုလည်း ဖောပြနိုင်မည်။ ပိတ်ပွဲအခမ်းအနားကို အမျိုးသားရင်ပြင်တွင် ကျင်းပရမည် ဖြစ်ပြီး မြောင်လူမျိုး၊ ယီလူမျိုး၊ ဝလူမျိုးနှင့် လီဆူလူမျိုး စသည့် တိုင်းရင်းသားလူမျိုးများ၏ ထူးခြားသောအဆောက်အအုံ၊ နေထိုင်မှုနှင့် အဆိုအကဓလေ့၊ မီးပုံပွဲ စသည်တို့ကို ပိတ်ပွဲအခမ်းအနား၏ တစ်စိတ်တစ်ပိုင်းအဖြစ် တစ်ကမ္ဘာလုံးမှ ပရိသတ်များသို့ ပြသပေးမည် ဖြစ်သည်။

ဒုတိယအကြိမ် တရုတ်နိုင်ငံ ရိုးရာ အားကစားလှုပ်ရှားမှုဆိုင်ရာ နိုင်ငံတကာ ဖလှယ်ပြိုင်ပွဲကို ယူနန်ပြည်နယ်ထဲတွင် ဒုတိယနှစ် ဆက်တိုက်ကျင်းပခြင်းသည် ယူနန်ပြည်နယ်၏ နိုင်ငံတကာ အားကစားပြိုင်ပွဲ ကျင်းပနိုင်စွမ်းအပေါ်  ကြီးမားသော အတည်ပြုမှု ဖြစ်သည်။ အနာဂတ်တွင် ယူနန်ပြည်နယ်ထဲ၌ ပိုများသော ပြိုင်ပွဲများကို ကျင်းပလာသည်နှင့်အမျှ ယူနန်ပြည်နယ်အတွက် ဗဟိုချက်မှ ဖြာထွက်ခြင်းစင်တာကို တည်ဆောက်ရန် တစ်ဆင့်တိုးပြီး အထောက်အကူပြုပေးနိုင်မည် ဖြစ်၍ ယူနန်ပြည်နယ်၏ အားကစားလုပ်ငန်းအပေါ်  "ကောင်းမွန်သော ကုန်းပြင်မြင့် လေ့ကျင့်ရေးစခန်း၊ အိမ်ပြင်အားကစားလှုပ်ရှားမှု၏ ကောင်းကင်ဘုံနှင့် ရာသီလေးပါးထဲမှ ပြိုင်ပွဲသုခဘုံ" ဟူသော အမှတ်တံဆိပ် ၃ ခုတို့ကို တည်ဆောက်ရန် အရေးကြီးသော တွန်းအားပေးမှု ရှိသည်။

中华传统体育源远流长,承载着中华民族的厚重历史,是中华优秀传统文化的重要组成部分,是中华文明的瑰宝,是当代展示中华传统文化的一张“亮眼的名片。”2024年10月17日-21日,第二届传统体育国际交流大赛即将在云南昆明举行,这也是此项赛事连续第二年落户云南。届时,来自海内外的参赛选手将进行交流、竞技,期间当地还将举行体育文化展与多场云南特色游览展示活动,全方位展示中华传统体育文化和云南社会发展成就的魅力。

670e0716e4b09018c69369b6_m

亮点一:从“走出去”到“引进来”,海外爱好者纷至沓来

第二届传统体育国际交流大赛共吸引到来自27个国家和地区的运动队参与,在约723人的参赛选手中,境外运动员达到353人,占比近半,相比于上届大赛有了大幅增长。更多海外选手的加入,体现出在新时代中华传统体育海外影响力的进一步增强。随着“走出去”进程的不断深入,中华传统体育项目“引进来”众多海外体育爱好者加入其中,本次大赛将为中外运动员搭建共同切磋交流的舞台。

亮点二:新增舞龙舞狮项目,多元竞赛多彩展示

中华民族在漫长的生产、生活活动中创造了大量独居特色的运动项目。去年,首届传统体育国际交流大赛设置了武术、健身气功、围棋等三项受众广且竞技性强的项目,本次大赛在“三大项”的基础之上增设了舞龙舞狮,为大赛带来了更强的艺术性、观赏性。

舞龙舞狮运动是我国极具代表性的民族传统体育项目之一,具有典型的文化性,独具特色,在海内外具有强大影响力。作为大赛的新增项目,舞龙舞狮将向中华传统体育爱好者展示更加多彩的中华文化,帮助海外爱好者更深入的了解中华文化的博大精深。

670e0717e4b09018c69369b8_m

亮点三:比赛场地各具特色,竞赛、观赛体验更佳

作为云南省省会,昆明不仅自然景观优美,更有着深厚的历史文化底蕴。本届大赛在项目场地选择方面贴合“昆明特色”,完美地将大赛亮点与城市风情与环境发展亮点进行了“有机融合”。

舞龙舞狮项目选择在“滇文化发祥地”之一的官渡古镇进行,比赛之外还将在官渡古镇进行舞龙舞狮巡游表演。围棋比赛将于云子棋院进行。而武术、健身气功的比赛将于国家昆明海埂体育训练基地举行。

670e0718e4b09018c69369ba_m

亮点四:开闭幕式惊喜不断,向世界展示昆明特色、各民族幸福生活

本届大赛开闭幕式在地点选择、内容策划上主打“昆明特色”,以中华传统体育为窗口向世界展示昆明风采。其中,开幕式选择在亲水平台,是观赏滇池的绝佳平台,是“绿水青山”理念的具体诠释。此外,时值“海鸥季”,在观赏开幕式的同时同样能感受到云南西伯利亚海鸥的独特风景,也突出体现云南省在环境保护方面的良好成效。闭幕式地点选择在民族广场,苗族、彝族、佤族、傈傈族等少数民族的独特建筑、生活与歌舞习俗、篝火晚会等都将作为闭幕式的一部分展现给世界各地的观众,体现了中国各民族团结互助、共同融合发展的美好画卷。

第二届传统体育国际交流大赛连续第二年落户云南,是对于云南打造国际体育赛事能力的极大肯定。未来,更多赛事落户云南,将进一步助力云南辐射中心建设,对云南体育打造“高原训练胜地、户外运动天堂、四季赛事乐园”三大品牌具有重要的推动作用。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်