ကူမင်းမြို့တွင် နွေဦးမြို့လူချွန်များ ဖွံ့ဖြိုးတိုးတက်မှုကောလိပ်ကို တည်ထောင်ခဲ့
2024-10-16 09:37|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုလောက တရုတ်ကွန်မြူနစ်ပါတီ ကူမင်းမြို့ ပါတီကော်မတီ ဖွဲ့စည်းတည်ထောင်ရေးဌာနသည် မိုဟန်-မိုတင် ပူးပေါင်းဆောင်ရွက်ရေးဇုန်တွင် နွေဦးမြို့လူချွန်များ ဖွံ့ဖြိုးတိုးတက်မှုကောလိပ်၏ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ဤကောလိပ်၏ တည်ထောင်ခြင်းသည် ချန်တူးမြို့ပြီးနောက် တရုတ်တစ်နိုင်ငံလုံးမှ ပြည်နယ်မြို့တော်များထဲတွင် “အစိုးရဦးဆောင်ပြီး ဈေးကွက်လက်တွေ့လည်ပတ်၍ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များ အတူစီမံခန့်ခွဲ” သောပုံစံအတိုင်း လည်ပတ်သည့် ဒုတိယ လူ့စွမ်းအားအရင်းအမြစ် တွဲဖက်ဆောင်ရွက်မှု ပလက်ဖောင်းသစ် ဖြစ်လာပြီး ကူမင်းမြို့အတွက် ယူနန်လူချွန်များ အဓိကမြို့ပြဖြစ်အောင် တည်ဆောက်ရန် တွန်းအားပေးသည်။
နွေဦးမြို့လူချွန်များ ဖွံ့ဖြိုးတိုးတက်မှုကောလိပ်သည် ကူမင်းရှိ အဓိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အခြေခံပြီး ယူနန်တစ်ပြည်နယ်လုံးအတွက် တောင်အာရှ၊ အရှေ့တောင်အာရှသို့ ဗဟိုချက်မမှ ဖြာထွက်သည့် စင်တာဖြစ်အောင် တည်ဆောက်ရန် ဝန်ဆောင်မှုပေး၍ ပြည်တွင်းပြည်ပမှ လေ့ကျင့်ရေးအေဂျင်စီများမှ ဆရာဆရာမများ၊ သိပ္ပံပညာ သုတေသနပြုဌာနများ၊ အဆင့်မြင့်တက္ကသိုလ်များ၊ ပါတီသင်တန်းကျောင်းများမှ ဆရာဆရာမများနှင့် နာမည်ကျော်ကြားသော လုပ်ငန်းရှင်များ၊ အောင်မြင်မှုရရှိသည့် လုပ်ငန်းဖွင့်လှစ်ခြင်း ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာနယ်ပယ်များမှ နာမည်ကြီးပုဂ္ဂိုလ်များကို ဖိတ်ခေါ်ကြကာ ဆရာကြီးအနေဖြင့် တိုင်းပြည်၏ ပကတိအခြေအနေများ လေ့လာရေးနှင့် တတ်ကျွမ်းမှုစွမ်းရည်များ မြှင့်တင်ရေးသင်တန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် စက်မှုလုပ်ငန်း အစီရင်ခံစာဝေမျှခြင်း၊ စက်မှုလုပ်ငန်းဖလှယ်ခြင်းနှင့် စံပြကုမ္ပဏီများသို့ သွားရောက်လေ့လာခြင်း စသည့်ထူးခြားသော လှုပ်ရှားမှုများကို ကျင်းပခြင်းဖြင့် နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်နှင့် မြို့ပြအဆင့်မှ လူချွန်များအမျိုးမျိုးအတွက် သင်ယူလေ့ကျင့်ရေးနေရာကို ဖန်တီးပေးပြီး လေ့လာဖလှယ်ရေး ပလက်ဖောင်းကို တည်ဆောက်ပေးရမည် ဖြစ်ကြောင်း ကူမင်းမြို့ ပါတီကော်မတီ ဖွဲ့စည်းတည်ထောင်ရေးဌာနမှ သက်ဆိုင်ရာ တာဝန်ခံသူ မိတ်ဆက်ပေးခဲ့သည်။
ထိုနေ့တွင် ကူမင်းမြို့သည် ကူမင်းမြို့ လာအိုဘာသာစကား လူချွန် Poolကို တည်ထောင်ကြောင်း ကြေညာခဲ့သည် ဖြစ်၍ လူချွန် Poolထဲတွင် ပါဝင်သည့် ပထမအသုတ် လာအိုဘာသာစကားလူချွန်များမှ ကိုယ်စားလှယ်များကို ခန့်စာပေးအပ်ခဲ့ကြသည်။
近日,昆明市委组织部在磨憨—磨丁合作区举行春城人才发展学院揭牌仪式。春城人才发展学院的成立,成为继成都后全国省会城市中第二个按照“政府主导、市场化运作、业界共治”模式运行的人力资源协同新型平台,为昆明市建设云南人才核心城市赋能。
昆明市委组织部相关负责人介绍,春城人才发展学院立足昆明市重点产业发展,聚焦服务全省面向南亚东南亚辐射中心建设,将吸纳国内外培训机构师资,各级科研院所、高等院校、党校师资,邀请知名企业家、成功创业者、业内大咖等作为授课导师,开展国情研修、培训提能及人才工作者培训。同时,通过举办行业报告分享、产业交流、标杆企业学习等特色活动,为国家、省、市各类人才打造学习培训阵地、搭建学习交流平台。
当日,昆明市还宣布建立昆明市老挝语人才库,并为首批入选人才库的老挝语人才代表颁发聘书。(云南日报 记者郎晶晶)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ