ဆောင်ဦးရာသီတွင် တာ့လီပြည်နယ်ခွဲ အယ်ယွန်ခရိုင်၌ ပန်းရောင်ဖြစ်သော ပန်းပင်လယ်တစ်ကွက်ရှိ
2024-10-11 14:41|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဆောင်းဦးရာသီမှာ မည်သည့်အရောင်နည်း။ သင့်အနေဖြင့် ရွှေဝါရောင်၊ ရောပြွမ်းထားသည့် မြစိမ်းရောင်နှင့်ရွှေဝါရောင် သို့မဟုတ် တောင်ပေါ်မှ ပန်းနှင့်ရုက္ခပင်များ၏ အနီရောင် ဖြစ်သည်ဟု ဖြေလိမ့်မည်။ သို့သော် ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ အယ်ယွန်ခရိုင် ဖုန့်ယိုမြို့နယ်တွင် ဤအဖြေမှာ ပန်းရောင်ဖြစ်နိုင်သည်။ မကြာသေးမီက ဖုန့်ယိုမြို့နယ်၌ ပါရှားဂန္ဓမာပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြပြီး အဓိကအားဖြင့် ပန်းရောင်ဖြစ်သော ပန်းပွင့်များသည် ရုံးစု၍ ယိမ်းနွဲ့လှုပ်ရှားကာ ရိုမန်တစ်ဆန်သော ပန်းပင်လယ်တစ်ကွက်ကို စုစည်းဖြစ်ပေါ်လာပြီး ရှုခင်းများ ပန်းချီကဲ့သို့ သာယာလှပ၍ ဆောင်းဦးရာသီတွင် လှပတင့်တယ်သော ပန်းရောင်ကို တိုးဖြည့်ပေးပြီ ဖြစ်၍ မြို့သူမြို့သားများနှင့် ခရီးသည်များအတွက် ဆောင်ဦးရာသီတွင် အလည်အပတ်ခရီးထွက်ရန် နေရာကောင်းတစ်ခု ထပ်တိုးစေလာသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်








