ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ယူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏမှာ ယွမ် ၇၅.၅ ဘီလီယံကျော်အထိ ရောက်ရှိ
2024-10-11 14:35|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ကူမင်းအကောက်ခွန်ရုံးမှ စာရင်းကောက်ယူခြင်းအရ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ယူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏမှာ ယွမ် ၇၅.၅၃ ဘီလီယံ ရှိပြီး ပြည်နယ်တစ်ခုလုံး၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၄၅.၇ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်၊ ကူမင်းအကောက်ခွန်ရုံးသည် တရုတ်-အာဆီယံ ပင်ရင်းသက်သေခံလက်မှတ် အစောင်ပေါင်း ၇.၈ သောင်း ထုတ်ပေးခဲ့ပြီး တန်ဖိုးမှာ ယွမ် ၁၁.၆၈ ဘီလီယံ ရှိ၍ ၄င်းသည် မနှစ်က အချိန်တူကာလထက် ၂၉.၂ ရာခိုင်နှုန်းနှင့် ၂၉.၅ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ပြီး ကုမ္ပဏီများအား ကုန်ပစ္စည်းတင်သွင်းသောနိုင်ငံများမှ အကောက်ခွန်လျှေ့ာချခြင်း ယွမ် သန်း ၂၉၀ ခန့်ကို ရရှိစေရန် ကူညီပေးခဲ့ပြီး ယူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြားမှ စီးပွားကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းခိုင်မြဲစေလာကြသည်။
ယခုနှစ်များတွင် အာဆီယံသည် ယူနန်ပြည်နယ်၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရပ်တည်လျက်ရှိသည်။ ၂၀၁၀ ခုနှစ်တွင် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်ကို တရားဝင် အပြည့်အဝ တည်ထောင်ခဲ့ပြီး ကတည်းက ယူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြားမှ ကုန်သွယ်မှုပမာဏမှာ ယွမ် ၃၁.၀၂ ဘီလီယံမှ ၂၀၂၃ ခုနှစ်တွင် ယွမ် ၁၁၆.၁၃ ဘီလီယံအထိ တိုးလာခဲ့ပြီး ၂၇၄.၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။
ယူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြားမှ စီးပွားကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် ကူမင်းအကောက်ခွန်ရုံးသည် စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်အောင် အလုပ်ထောက်ခံမှုဆောင်ရွက်ချက်များကို ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းများကို နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲခဲ့ပြီး အကောက်ခွန်ရှင်းလင်းရေး လွယ်ကူစေရန် ဆောင်ရွက်ချက် ၁၃ ချက်ကို အထူးရေးဆွဲချမှတ်ခဲ့ကာ တရုတ်-လာအို ရထားလမ်း "ရွှေဝါရောင်လမ်းကြောင်း"ကို တည်ထောင်ရန် ကူညီပေး၍ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား စသည့် အာဆီယံနိုင်ငံများမှ တိရစ္ဆာန်နှင့် ရုက္ခပင်၊ စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန် ၇၄ မျိုးကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုရန် ဖြစ်စေခဲ့၍ ယူနန့်ပန်း၊ ယူနန့်သစ်သီးဝလံ၊ ယူနန့်ဟင်းသီးဟင်းရွက် စသည့် အထူးထွက်ကုန်များကို အာဆီယံနိုင်ငံများသို့ တင်ပို့ရောင်းချရန် တွန်းဆော်ခဲ့သည်။ ထို့ပင် ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ အကောက်ခွန်ရုံး၊ ကျန်းမာရေးလုပ်ငန်း၊ လယ်ယာနှင့် သစ်တောလုပ်ငန်း စသည့် ဝန်းကြီးဌာနများနှင့် ဇီဝလုံခြုံရေး၊ ဆိပ်ကမ်းတည်ဆောက်မှု၊ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုနှင့် အကောက်ခွန်ရှင်းလင်းရေး လွယ်ကူမှု စသည့်နယ်ပယ်များတွင် လက်တွေ့တိကျသော ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ခိုင်မာအောင် ဆောင်ရွက်ရမည်။
据昆明海关统计,今年1至8月,云南与东盟国家贸易额达755.3亿元,占全省外贸总额的45.7%;昆明海关共签发中国—东盟原产地证书7.8万份,签证金额116.8亿元,同比分别增长29.2%、29.5%,帮助企业获得进口国关税减让约2.9亿元,云南与东盟经贸合作走深走实。
近年来,东盟保持云南第一大贸易伙伴地位。自2010年中国—东盟自贸区正式全面建成以来,云南与东盟双边贸易额从310.2亿元上升至2023年的1161.3亿元,增幅达274.4%。
为支持云南与东盟国家间经贸合作高质量发展,昆明海关出台优化营商环境工作支持措施,深化业务改革,量身定制13条通关便利措施助力打造中老铁路“黄金线路”,促成老挝、越南、柬埔寨等东盟国家的74项动植物、农食产品获准输华,推动云花、云果、云菜等特色产品向东盟国家出口。同时,持续巩固与越南、老挝、泰国海关及卫生、农林等部门在生物安全、口岸建设、农产品贸易、通关便利化等方面的务实合作。(云南日报 记者刘子语)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ