တရုတ်အမျိုးသားနေ့ အားလပ်ရက်အတွင်း တရုတ်-လာအိုရထားလမ်းဖြင့် နယ်စပ်ဖြတ်ကျော်သည့် ခရီးသည်လူဦးရေမှာ မနှစ်ကအချိန်တူကာလထက် ၁၆၃.၈ ရာခိုင်နှုန်း တိုးလာခဲ့
2024-10-09 14:49|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) တရုတ်နိုင်ငံ၏ အမျိုးသားနေ့ အားလပ်ရက်အတွင်း ရထားများ အချိန်မှန်ရောက်ရှိသည့်အခါတိုင်း တရုတ်-လာအို ရထားလမ်းရှိ မိုဟန်ဆိပ်ကမ်း၏ ပြည်ဝင်ပြည်ထွက် တိုက်ခန်းဆောင်ကြီးထဲ၌ သာမန်အချိန်ထက် ပိုမိုစည်ကားလာသည်။
မိုဟန်ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှ စာရင်းကောက်ခြင်းအရ တရုတ်နိုင်ငံ၏ အမျိုးသားနေ့ အားလပ်ရက်အတွင်း မိုဟန်ဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက်သည့် ခရီးသည် လူဦးရေ အယောက်ပေါင်း ၆၄၀၀ ကျော်၊ ပြည်ဝင်ပြည်ထွက်သည့် ခရီးသည်တင်ရထား ၂၆ စင်းကို စစ်ဆေးပြီး ဖြတ်သန်းသွားလာခွင့်ပြုပေးခဲ့သည် ဖြစ်၍ ၄င်းသည် မနှစ်က အချိန်တူကာလထက် ၁၆၃.၈ ရာခိုင်နှုန်းနှင့် ၈၅.၇ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့သည်။ ပြည်ဝင်ပြည်ထွက်သည့် ခရီးသည်များ စီးဆင်းမှု ဆက်လက်တိုးလာသည်နှင့်အမျှ မိုဟန်ဆိပ်ကမ်းတွင် ယခုနှစ် ပြည်ဝင်ပြည်ထွက်သည့် ခရီးသည်လူဦးရေမှာ အယောက်ပေါင်း ၁၈.၃ သောင်းကျော် ရှိပြီး မနှစ်ကမှ စုစုပေါင်းအကောက်ခွန်ရှင်းလင်းမှုထက် ၆၇.၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။
"တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့ အားလပ်ရက်အတွင်းမှာ အခြေခံအားဖြင့် နိုင်ငံတကာ ခရီးသည်တင်ရထားတိုင်းဟာ အမြင့်ဆုံးလက်မှတ်ခကို ရရှိခဲ့ပါပြီ။" တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်သော မိတ်ဆွေအသိုင်းအဝိုင်းများ တိုးချဲ့လာသည်နှင့်အမျှ "China Travel" ဆက်လက်ရေပန်းစားလာနေပြီ ဖြစ်၍ လာအိုနှင့်ထိုင်း စသည့် အရှေ့တောင်အာရှနိုင်ငံများသည် တရုတ်ပြည်သူပြည်သားများအတွက် ခရီးသွားလျှင် လူကြိုက်များသော နိုင်ငံများ ဖြစ်သောကြောင့် တရုတ်-လာအို ရထားလမ်းသည် လျင်မြန်ချောမွေ့မှု၊ လွယ်ကူမှုနှင့် နေသာထိုင်သာမှု စသည်များ ရှိသောကြောင့် မိုများသောလူအတွက် ပြည်ဝင်ပြည်ထွက် ခရီးသွားရန် ဦးစားပေးရွေးချယ်မှု ဖြစ်လာ၍ တရုတ်နိုင်ငံ၏ အမျိုးသားနေ့ အားလပ်ရက်အတွင်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေး ရေပန်းစားလာပြီ ဖြစ်ကြောင်း မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်မှ တာဝန်ထမ်းဆောင်ခြင်း အထူးအဖွဲ့၏ တာဝန်ရှိသူ မုန့်ထောင်းသည် မိတ်ဆက်ပေးခဲ့သည်။
国庆假期,每当列车准点到达时刻,中老铁路磨憨口岸出入境大厅内,比起平时更加的热闹非凡、人潮熙攘。
据磨憨出入境边防检查站统计,国庆期间,磨憨铁路口岸共验放出入境旅客6400余人次、出入境客运列车26列次,分别同比增长163.8%、85.7%。伴随着出入境客流不断攀升,磨憨铁路口岸今年出入境旅客已超18.3万余人次,较去年通关总量增长67.9%。
“国庆期间,基本上每列国际客运列车都达到了最高票额。”磨憨边检站铁路执勤专班负责人孟涛介绍,随着我国的免签朋友圈不断扩大,China Travel持续火爆,加之老挝、泰国等东南亚国家向来都是国人旅游的热门选择,中老铁路因其快捷、便利、舒适等原因,成为越来越多人出入境旅游的首选,迎来了一波国庆长假跨境“旅游热”。(云南网 记者张雁群 通讯员黄远飞 雷雨 卫海林)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ