ဇုန်ကြီး ၄ ခု ပူးတွဲတိုးတက်ခြင်းသည် ကူမင်းမြို့အတွက် တရုတ်နိုင်ငံ၏ တောင်ဘက်နိုင်ငံများသို့ တံခါးဖွင့်ရန် အရွေ့စွမ်းအားအသစ်များပေး

2024-09-29 10:56|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ပါတီကော်မတီနှင့် ပြည်နယ်အစိုးရသည် ကူမင်းမြို့အား ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲရှိ မိုဟန်မြို့နယ်ကို စီမံခန့်ခွဲစေရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဇုန်ကြီး ၄ ခု ပူးတွဲတိုးတက်ခြင်းသည် ကူမင်းမြို့အတွက် ဒေသတွင်း တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆောင်ရွက်ရာတွင် အမြဲပြောဆိုသည့် စကားလုံးများထဲမှ တစ်ခု ဖြစ်သည်။

ဇုန်ကြီး ၄ ခု ပူးတွဲတိုးတက်ခြင်းထဲမှ ဇုန်ကြီး ၄ ခုဟူသည်မှာ တရုတ်နိုင်ငံ (ယူနန်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၊ ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်၊ ကူမင်းအထွေထွေ အခွန်ကင်းလွတ်ခွင့်ဇုန်နှင့် တရုတ် မိုဟန်-လာအို မိုတင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဖြစ်ကြသည်။

1

ဇုန်ကြီး ၄ ခု ပူးတွဲတိုးတက်ခြင်းသည် နယ်စပ်ဆိပ်ကမ်းများတွင် စက်မှုလုပ်ငန်းများ ချို့တဲ့ခြင်းနှင့် ကုန်းတွင်း ပြည်နယ်မြို့တော်များတွင် ကုန်းကြောင်းဆိပ်ကမ်း၏ လမ်းကြောင်းများ မရှိခြင်းစသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားသည့်အပြင် မတူသောဇုန်ထဲ၌ မူဝါဒနှင့်ဆောင်ရွက်မှုများ တူလာခြင်း၊ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် အတိုင်းအတာသေးငယ်ခြင်း၊ ပြန့်ကျဲခြင်းနှင့် အားနည်းခြင်း၊ စက်မှုလုပ်ငန်းများ ချို့တဲ့ခြင်းနှင့် တံခါးဖွင့်အားသာချက်များ မလုံလောက်ခြင်းစသည့် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရမည် ဖြစ်ကြောင်း လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းမှ သက်ဆိုင်ရာတာဝန်ခံ မိတ်ဆက်ပေးခဲ့သည်။

ဇုန်ကြီး ၄ ခု ပူးတွဲတိုးတက်ခြင်းကို ထိရောက်စွာ စီမံခန့်ခွဲစေခြင်းနှင့် လျင်မြန်စွာ ရှေ့သို့တွန်းတင်စေခြင်းကို ခိုင်မာသော အာမခံပေးနိုင်ရန်၊ ဒေသတွင်း တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကူမင်းမြို့သည် ပြည်နယ်အဆင့်မှ လက်တွေ့ဆောင်ရွက်မှု စီမံကိန်းကို အားကိုးပြီး နက်ရှိုင်းစွာ ကွင်းဆင်းလေ့လာ၍ အဘက်ဘက်မှ ထင်မြင်ချက်များ နားဆင်ကာ ဖွံ့ဖြိုးပြီးဒေသများ၏ အတွေ့အကြုံများနှင့် လုပ်ပုံလုပ်နည်းများကို သင်ယူပြီးနောက် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် ဇုန်ကြီး ၄ ခု ပူးတွဲတိုးတက်ခြင်းဆိုင်ရာ စီမံခန့်ခွဲနည်းများကို တင်ပြခဲ့သည် ဖြစ်ပြီး ဇုန်ကြီး ၄ ခုအကြားတွင် အရင်းအမြစ်များ ထိရောက်စာ စုစည်းစေခြင်း၊ မူဝါဒနှင့် အားသာချက်များ အပြန်အလှန်အားဖြည့်ပြီး ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ကို တစ်ဆင့်တိုးပြီး တွန်းအားပေး၍ တောင်ဘက်နိုင်ငံများသို့ တံခါးဖွင့်သည့် နမူနာအသစ်ကို ထုလုပ်ရန် ရည်ရွယ်ထားသည်။

2

နှစ်နှစ်ကျော်ကြာ စူးစမ်းရှာဖွေပြီးနောက် ယူနန်ပြည်နယ်မှာ တရုတ်နိုင်ငံ၌ ပထမဆုံး လုပ်ဆောင်သည့် ဇုန်ကြီး ၄ ခု ပူးတွဲတိုးတက်ခြင်းစနစ်သည် လက်တွေ့ကျသော ရလဒ်အချို့ ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ တရုတ် မိုဟန်-လာအို မိုတင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ရှန်ဟိုင်း- ယူနန် လင်ကန် ကူမင်းသိပ္ပံနည်းပညာဇုန်ထဲတွင် လုပ်ငန်းရပ်များ စုစုပေါင်း ၂၅ ခုကို လက်တွေ့ကျင်းသုံးခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယွမ် ၆၃၈ သန်း ဖြစ်သည်။


昆明信息港综合整理 2022年4月28日,云南省委、省政府决定由昆明市全面托管西双版纳州磨憨镇后,“四区”联动一直是昆明市推动区域开放合作的高频词之一。

“四区”联动中的“四区”指的是:中国(云南)自由贸易试验区昆明片区、昆明经济技术开发区、昆明综合保税区、中国老挝磨憨—磨丁经济合作区。

1

“‘四区’联动旨在解决沿边口岸缺乏产业支撑、内陆省会缺乏陆路口岸通道等问题,克服园区政策功能趋同、发展小散弱差、产业承载不足、开放优势不强等实际问题。”自贸试验区昆明片区相关负责人介绍。

为确保“四区”联动发展高效统筹、快速推进,推动区域开放合作迈上新台阶,在立足省级实施方案、深入开展调研、多方听取意见并学习借鉴发达地区经验做法的基础上,今年8月,昆明市研究提出推动“四区”联动发展若干措施,进一步推动“四区”资源要素高效聚集、政策优势互补互促,全力打造南向开放新样板。

2

经过两年多的摸索,云南省在全国首创的“四区”联动模式,初步取得一些实践成效。截至今年6月底,累计25个项目落地磨憨—磨丁经济合作区、沪滇临港昆明科技城2个重点“飞地园区”,总投资额6.38亿元。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်