ကူမင်းမြို့ တစ်မီတာရထားလမ်းမှ မာယွမ်မှတ်တိုင်တွင် စျေးတန်းဆောက်လုပ်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့၌ စတင်ဖွင့်လှစ်မည်

2024-09-27 15:12|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်လက်ရှိအချိန်တွင် အာရုံစိုက်မှု အများကြီး ရရှိသည့် တစ်မီတာရထားလမ်းမှ မာယွမ်မှတ်တိုင်၏ စျေးတန်းပင်မကိုယ်ထည်ကို အခြေခံအားဖြင့် တည်ဆောက်ပြီးသား ဖြစ်ပြီး ဤစျေးတန်းသည် "တစ်မီတာရထားလမ်း+လုပ်ငန်းဆောင်ရွက်ခြင်း+အစိမ်းရောင်လမ်းကြောင်း"ဟူသောပုံစံကို အသုံးပြု၍ မြို့ပြဧရိယာရှိ တစ်မီတာရထားလမ်း၏ ပိတ်ဆို့မှုကို ချိုးဖျက်ကာ လူမှုရေး၊ ဇီဝလက္ခဏာနှင့် ခရီးသွားလုပ်ငန်းတို့ကို ပေါင်းစပ်ထားသည့် မြို့ပြရှုခင်းကို ဖန်တီးရန် ရည်ရွယ်ထားပြီး ကူမင်းမြို့၏ အရည်အသွေးမြင့်မားသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော တိုးတက်မှုအမှတ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။ ဤစျေးတန်းအတွက် အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရမည် ဖြစ်သည်။

1713476

1713477

အောက်တိုဘာလ ၁ ရက်နေ့၌ တစ်မီတာရထားလမ်းမှ မာယွမ်မှတ်တိုင်ရှိ စျေးတန်းအလယ်ပိုင်းဒေသတွင် ဓာတ်ပုံပြပွဲ၊ ယူနန်ထွက်ကုန်စည်ပြပွဲ၊ ဓာတ်ပုံရိုက်ခြင်း လှုပ်ရှားမှု၊ နိုင်ငံတော်ချစ် ရုပ်ရှင်ပြပွဲနှင့် ကာကွယ်စောင့်ရှောက်မှု အခမ်းအနားတို့ကို ကျင်းပရမည် ဖြစ်သည်။ ပွင့်လင်းသောရင်ပြင်တွင် ရုပ်ရှင်ကြည့်ပြီး ဤနေရာအနီးအနားရှိ လူများကို ၁၈ ဒီဂရီစင်တီဂရိတ် ဖြစ်သည့် ဆောင်းဦးရာသီ ညမိုးချုပ်ချိန်တွင် အရင်းနှီးဆုံးသော လူများနှင့်အတူ ရထားလမ်းဘေးတွင် လမ်းလျှောက်ရင်း စကားစမြည်ပြောနိုင်သည့် နှေးကွေးသောဘဝအား ခံစားစေကြသည်။

1713478

ဤအကြိမ် မာယွမ်မှတ်တိုင်စျေးတန်း၏ ကုန်သည်များ ဖိတ်ခေါ်ခြင်းအလုပ်ကို အခြေခံအားဖြင့် ပြီးမြောက်စွာ ဆောင်ရွက်ခဲ့သည်။ ဆိုင်ပေါင်း တစ်ရာကျော် အခြေချလုပ်ကိုင်ရမည် ဖြစ်ပြီး ၎င်းအနက် တရုတ်အစားအစာ၊ ဟော့ပေါ့၊ အသားကင်၊ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်ဗားနှင့် ယဉ်ကျေးမှုတို့ ပါဝင်ကြ၍ သက်သောင့်သက်သာရှိသည့် ခရီးသွား အသိုင်းအဝိုင်းကို ဖန်တီးကာ လူများကို ယူနန်အထူး အစားအစာများအား မြည်းစမ်းရင်း တစ်မီတာရထားလမ်း၏ ယဉ်ကျေးမှုအား ခံစားစေနိုင်သည်။

昆明信息港综合整理 记者从云南米轨商业运营公司获悉,备受关注的米轨铁路麻园首站街区主体已基本建成,该街区将采用“米轨+业态+绿道”的方式,打破市区内米轨封闭区间,以打造集人文、生态、旅游于一体的复合型城市景观为目标,着力建成昆明市旅游高质量跨越发展的重要增长点,该街区将于10月1日举行开街仪式。

1713476

1713477

开街当天,米轨麻园站街区中段将推出米轨·时光(摄影展)、米轨·寻味(云品出滇)、米轨·漫拍(打卡拍照)、米轨·影像(爱国电影展)、米轨·愿景(守护仪式)五大板块活动内容,在露天广场观看电影,让周边的老百姓感受在18度的秋天傍晚与最亲近的人在铁路边散步聊天话人生的慢生活,追忆拿着小板凳观看露天电影的那段悠悠岁月。

1713478

据了解,本次米轨麻园站街区的招商工作已基本完成,将有100多户商家入驻,集中餐、火锅、烤肉、咖啡、茶饮、酒吧、文化等于一体,打造一个舒适的旅游圈,在品尝云南特色美食的同时,也能受到米轨铁路文化的熏陶。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်