ကျောက်ထုံးမြို့ လူတျန့်ခရိုင်တွင် အမိုတစ်သောင်းကျော် ကျယ်ဝန်းသော စပါးခင်း၏ရှုခင်းများသည် ပန်းချီနှင့်တူ
2024-09-27 15:06|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ရွှေဆောင်းဦးရာသီတွင် ကျောက်ထုံးမြို့ လူတျန့်ခရိုင် ထောင်ယွန်မြို့နယ်၌ အမိုတစ်သောင်းကျော် ကျယ်ဝန်းသော စပါးခင်းများသည် အစိမ်းရောင် တဖြည်းဖြည်း ကျွတ်သွားပြီး အစိမ်းရောင်နှင့် အဝါရောင် ရောထွေးယှက်တင်သည့် စပါးများသည် အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူများ၏ ရောင်ပြန်ဟပ်ခြင်းအောက်တွင် အညွန့်တလူလူနှင့် စီရရီဖွာရရှာရှိ၍ လေပြေလေညှင်း တိုက်ရင်း စပါးမွှေးရနံ့ နှာခေါင်းထဲ တိုးဝင်လာသည်။
ထောင်ယွန်မြို့နယ်သည် စပါးခင်း လယ်ယာစိုက်မျိုးရေးလုပ်ငန်းကို မှီခိုပြီး ဆောင်ပုဒ်ဥယျာဉ်ကို တည်ဆောက်ထားသည် ဖြစ်၍ စပါးမွှေးရနံ့ရှူခြင်း၊ ဖားသံနားထောင်ခြင်းနှင့် လှပရှုခင်းရှုစားခြင်းစသည်များကို လုပ်ဆောင်နိုင်သည့်အပြင် အများသုံးအိမ်သာများ၊ ခြေလျင်လျှောက်လမ်းများ၊ အပန်းဖြေနေရာများ စသည့် အခြေခံအဆောက်အအုံများကို တပ်ဆင်ဆောက်လုပ်ပေးပြီး ဓာတ်ပုံရိုက်ရန် သင့်တော်သည့် နေရာများကို စီစဉ်ပေးပြီး မြို့သူမြို့သားများနှင့် ခရီးသည်များအတွက် အပန်းဖြေရန်နှင့် ကာစားပျော်ရွှင်ရန် အဆင်ပြေစေကြသည်။
ယခုနှစ်များတွင် လူတျန့်ခရိုင်သည် ဒေသအလိုက် သင့်တော်သည့် နည်းလမ်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး သဘာဝအရင်းအမြစ် အားသာချက်များကို ထုတ်ဖော်၍ အခွင့်အလမ်းများကို ဆုပ်ကိုင်ထားကာ နေထိုင်ရန်နှင့် အလုပ်လုပ်ရန် သင့်လျော်သည့် ပြေပြစ်လှပသော ကျေးလက်ဒေသအား တည်ဆောက်ရေး ရည်မှန်းချက်ကို အာရုံစိုက်ကာ တောင်သူလယ်သမားများကို ဝင်ငွေတိုးစေရန် လမ်းကြောင်းအသစ်များ ဖွင့်လှစ်ပေးပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း စီးပွားရေးအကျိုးသက်ရောက်မှုများကို ထုတ်ဖော်သည့်အပြင် ပတ်လည်နားမှ ပြည်သူလူထုများအတွက် အလုပ်ရရန်နှင့် လုပ်ငန်းစတင်တည်ထောင်ရန် ထိရောက်စွာ ရှေ့ဆောင်ရှေ့ရွက် ပြုလျက်ရှိသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့










