တရုတ်-ကမ္ဘောဒီးယားတို့မှ လုပ်ငန်းရှင်များ ဖလှယ်ရေး ထိပ်သီးအစည်းအဝေးနှင့် လှုပ်ရှားမှုကို ကူမင်းမြို့၌ ကျင်းပခဲ့
2024-09-26 14:55|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) စက်တင်ဘာလ ၂၂ ရက်နေ့၌ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အောက်မှ လန်ချန်း-မဲခေါင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုဖိုရမ်နှင့် တရုတ်-ကမ္ဘောဒီးယားတို့မှ လုပ်ငန်းရှင်များ ဖလှယ်ရေး ထိပ်သီးအစည်းအဝေးနှင့် လှုပ်ရှားမှုကို ကူမင်းမြို့၌ ကျင်းပခဲ့သည်။
ဤအကြိမ်လှုပ်ရှားမှုသည် ကူမင်းမြို့ စက်မှုကုန်သွယ်ရေးအဖွဲ့ချုပ်၊ ကူမင်းမြို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနနှင့် ကူမင်းမြို့ စျေးကွက်ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးဌာနတို့၏ လမ်းညွှန်မှုအောက်တွင် ကူမင်းမြို့ လူငယ်လုပ်ငန်းရှင်များ ကုန်သည်ကြီးများအသင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ရင်းနှီးမြှုပ်နှံသူများ ကုန်သည်ကြီးများအသင်း မဟာမိတ်တို့မှ ပူးတွဲပြီး ဦးစီးကျင်းပခဲ့သည် ဖြစ်၍ လှုပ်ရှားမှုတွင် နှစ်ဦးနှစ်ဖက်တို့သည် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ချုပ်ဆိုခဲ့ကြသည်။ ကူမင်းချင်ဆန် စက်မှုလုပ်ငန်းအုပ်စု၊ ကူမင်းဆန်ချွမ် ဓာတ်ကြိုးနှင့် လျှပ်စစ်နန်းကြိုးကြီး လိမိတက်ကုမ္ပဏီနှင့် ယူနန်မြို့ပြတည်ဆောက်ရေး ပရိုဂျက်ဆိုင်ရာ အကြံဉာဏ်ပေးလိမိတက်ကုမ္ပဏီစသည့် တရုတ်ကုမ္ပဏီများသည် အောင်ဖာအုပ်စု၊ မြန်နှုန်းမြင့်ဒီဇယ်ဆီနှင့် ထျင်ဇီ နိုင်ငံတကာ စာရင်းကိုင်စာရေးကြီးကုမ္ပဏီစသည့် ကမ္ဘောဒီးယားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အသီးသီးချုပ်ဆိုခဲ့၍ ကုန်စည်ရောင်းဝယ်ရေး၊ အင်ဂျင်နီယာဆောက်လုပ်ရေးနှင့် ရှေ့နေဝန်ဆောင်မှုစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ဤအကြိမ်လှုပ်ရှားမှုကို အခွင့်အလမ်းအဖြစ် ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံသူများ ကုန်သည်ကြီးများအသင်း မဟာမိတ်သည် ကုမ္ပဏီ အခု ၂၀ ကျော်ကို ဖွဲ့စည်းပြီး ကူမင်းမြို့သို့ လာရောက်စူးစမ်းလေ့လာကြသည်။ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု"ကို ပူးတွဲတည်ဆောက်ရာတွင် အရေးပါသော ပူးပေါင်းဆောင်ရွက်မှု အပေါင်းအဖော်အနေဖြင့် ကမ္ဘောဒီးယားသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အာရုံစိုက်မှုကို ပိုမိုရရှိလာသည် ဖြစ်ကြောင်း၊ ကူမင်းမြို့ လူငယ်လုပ်ငန်းရှင်များ ကုန်သည်ကြီးများအသင်းသည် ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံသူများ ကုန်သည်ကြီးများအသင်း မဟာမိတ်နှင့် ပူးပေါင်းပြီး စီးပွားကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးစသည့် နယ်ပယ်များတွင် တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိနိုင်သည့် စီးပွားရေးအခွင့်အလမ်းများကို စူးစမ်းရှာဖွေကာ တရုတ်-ကမ္ဘောဒီးယားတို့မှ ကုမ္ပဏီများကို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား နန်းရင်းဝန်၏ စီးပွားရေးအတိုင်ပင်ခံပုဂ္ဂိုလ်၊ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံသူများ ကုန်သည်ကြီးများအသင်း မဟာမိတ်၏ ဥက္ကဋ္ဌဖြစ်သူ လီခွင်ထိုက်သည် မိတ်ဆက်ပေးခဲ့သည်။
昆明信息港讯(昆明日报 记者吴洁)9月22日,“一带一路”之澜湄区域合作交流论坛暨中柬企业家交流峰会活动在昆举行。
本次活动在昆明市工商联、昆明市投资促进局、昆明市市场监督管理局指导下,由昆明市青年企业家商会联合柬埔寨投资者商会联盟主办。活动现场,双方签订加盟协议。昆明青商产业集团、昆明三川电线电缆有限公司、云南城市建设工程咨询有限公司等中方企业,分别与澳法集团、高速柴油、天职国际会计师事务所等柬埔寨企业签订合作协议,将在货物贸易、工程建设、律师服务等领域开展合作。
以此次活动为契机,柬埔寨投资者商会联盟组织20多家企业来昆考察。柬埔寨首相经济顾问、柬埔寨投资者商会联盟主席李坤泰介绍,柬埔寨作为共建“一带一路”重要合作伙伴,吸引了越来越多的投资目光。昆明市青年企业家商会将携手柬埔寨投资者商会联盟,探寻中柬两国在经贸、基建、旅游、农业等多个领域的商机,促进中柬企业互利合作不断走深走实。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ