ယူနန်ပြည်နယ် ရှန်ဂရီလာမြို့ထွက် Tricholoma matsutake များသည် ဂျပန်နိုင်ငံတွင် အရောင်းသွက်
2024-09-23 16:02|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုအချိန်သည် Tricholoma matsutake များ စတင်ရောင်းချသည့် ရာသီ ဖြစ်ပြီး ယူနန်ပြည်နယ်မှာ Tricholoma matsutake များ အဓိက ထွက်ရှိရာဒေသ တစ်ခု ဖြစ်ပြီး ထွက်ကုန်အရေအတွက်မှာ တစ်နိုင်ငံလုံး၏ ၄၀ ရာခိုင်နှုန်းခန့် ရှိသည်။ ယခုနှစ်များတွင် Tricholoma matsutake များသည် ဂျပန်နိုင်ငံဈေးကွက်၌ ဆက်လက် အရောင်းသွက်နေပြီး ၂၀၂၃ ခုနှစ်တွင် ယူနန်ပြည်နယ်မှ ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချသည့် Tricholoma matsutake များ တန်ချိန် ၃၀၀ ကျော် ရှိခဲ့ပြီး ပို့ကုန်ပမာဏမှာ ယွမ် ၁၄၆ သန်းကျော် ရှိခဲ့သည်။ ၎င်းတို့အနက် ယူနန်ပြည်နယ် တီချင့်ပြည်နယ်ခွဲ ရှန်ဂရီလာမြို့ထွက်သည့် Tricholoma matsutake များသည် မှိုအသားနုညက်ပြီး မွှေးရနံ့ပြင်းထန်သောကြောင့် ပြည်တွင်းဈေးကွက်တွင် အရောင်းသွက်ရုံသာမက ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပနှင့် အမေရိကန် စသည့်နေရာသို့လည်း တင်ပို့ရောင်းချ၍ ယခုနှစ်တွင် ရှန်ဂရီလာမြို့ရှိ Tricholoma matsutake များသည် ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချမှု ပမာဏမှာ ယွမ် ၁၅ သန်းခန့် ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
时下正是松茸上市季节,云南是松茸的主产区之一,产量占全国的40%左右。近年来松茸在日本市场持续畅销,云南省2023年出口到日本的松茸有300多吨,出口额超1.46亿元。其中,云南省迪庆州香格里拉市的松茸菌肉细嫩、香味浓厚,不仅在国内市场热销,还出口到日本、韩国、欧美等地,今年香格里拉市的松茸出口日本预计将创汇1500万元左右。(作者 浦超 范芳钰 刘东)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ