လိကျန်းမြို့မှ ကွာလာလမ်ပူမြို့သို့  အသွားအပြန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းကို ပြန်ဖွင့်

2024-09-23 15:53|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ယခုရက်များတွင် လိကျန်းမြို့မှ ကွာလာလမ်ပူမြို့သို့ အသွားအပြန် လေကြောင်းလိုင်းကို တရားဝင် ပြန်ဖွင့်ခဲ့သည်။

ဤလေကြောင်းလိုင်းသည် ဗုဒ္ဓဟူးနေ့၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့တွင် ပျံသန်းမည် စီစဉ်ထား၍ လိကျန်းမြို့မှ ပျံသန်းထွက်ခွာချိန်သည် နံနက် ၈ နာရီ ဖြစ်ပြီး ကွာလာလမ်ပူမြို့မှ ပျံသန်းထွက်ခွာချိန်သည် ၁၃ နာရီ ၁၀ မိနစ် ဖြစ်ပြီး ၄ နာရီ ၁၀ မိနစ်ကြာ ပျံသန်းရသည်။ လေကြောင်းလိုင်း၏ အစီအစဉ်သည် ယခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအထိ ဗုဒ္ဓဟူးနေ့တိုင်း လေယာဉ်တစ်စင်းကို ပျံသန်းသွားမည် ဖြစ်ပြီး နောက်ပိုင်းကာလတွင် လက်တွေ့အခြေအနေများအရ လေယာဉ်ပျံသန်းမှုအကြိမ် တဖြည်းဖြည်း တိုးလာမည် ဖြစ်ပြီး လေယာဉ်အမှတ် ၈L၈၃၇ နှင့် ၈L၈၃၈ ဖြစ်သည်။ 

ယခုတွင် လိကျန်းလေဆိပ်သည် လိကျန်းမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ အသွားအပြန် လေကြောင်းလိုင်းကို ပြန်ဖွင့်ခဲ့ပြီး လိကျန်းမြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၊ ဟိုင်ဖန်မြို့၊ ဟိုချီမင်းမြို့နှင့် တောင်ကိုရီးယားနိုင်ငံ ဝူအန်းမြို့သို့ အသွားအပြန် လေကြောင်းလိုင်းသစ်များကို ဖွင့်လှစ်၍ အပြည်ပြည်ဆိုင်ရာနှင့် ဒေသများမှ မြို့ ၁၁ မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိနိုင်ကြသည်။ ယခုနှစ်မှစတင်၍ စက်တင်ဘာလ ၁၁ ရက်နေ့အထိ လိကျန်းအကောက်ခွန်ဌာနသည် စုစုပေါင်း ပြည်ဝင်ပြည်ထွက်လေယာဉ်မှာ ၇၆၅ စင်းနှင့် ပြည်ဝင်ပြည်ထွက်ခရီးသည် လူဦးရေမှာ ၈.၂ သောင်းကို ကြီးကြပ်ကွပ်ကဲရခဲ့သည်။


近日,丽江至吉隆坡往返航线正式复航。

该航线每周三、周五、周日执飞,从丽江出发时刻为8时,吉隆坡出发时刻为13时10分,飞行时间为4小时10分钟。航班计划为今年9月至10月每周三开行一个航班,后期根据实际情况逐渐增加班次,航班号为8L837、8L838。

目前,丽江机场口岸已恢复丽江往返泰国曼谷、马来西亚吉隆坡航线,新开丽江往返越南河内、海防、胡志明市及韩国务安航线,通航的国际及地区城市达到11个。今年以来截至9月11日,丽江海关共监管进出境航班765架次、进出境人员8.2万人次。(记者李铁成 刘子语)

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်