တရုတ်နိုင်ငံတွင် ပထမအသုတ် ကော်ဖီဘာသာရပ်ကို အထူးပြုသင်ကြားသည့် တက္ကသိုလ်ကျောင်းသားများသည် ကျောင်းဝင်ခဲ့ပြီး ကော်ဖီသောက်ရင်း သင်တန်းတက်နေ
2024-09-20 14:44|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) စက်တင်ဘာလ ၁၀ ရက်နေ့တွင် ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်သည် "ကော်ဖီ သိပ္ပံပညာနှင့် အင်ဂျင်နီယာလုပ်ငန်း" ပင်ရင်းဘာသာရပ်ရှိ ကျောင်းသူကျောင်းသားများအတွက် ထူးခြားဆန်းသစ်သော ကော်ဖီအသိပညာပေးသင်တန်းကို ဖွဲ့စည်းကျင်းပခဲ့ပြီ ဖြစ်ပြီး ကျောင်းသူကျောင်းသားများအား ပေါ့ပါးလန်းဆန်းသည့် အခြအနေထဲ၌ ကော်ဖီအမျိုးအစား ပိုင်းခြားဝေခွဲခြင်း၊ ကော်ဖီစေ့အရည်အသွေး ခွဲခြားခြင်း၊ ကော်ဖီစေ့ကင်ခြင်း၊ ကော်ဖီ အနှစ်သာရထုတ်ယူခြင်းနှင့် ဖျော်ခြင်း စသည့် သီးခြားဘာသာရပ် အသိပညာကို သိရှိနားလည်စေပြီး "ကော်ဖီအရသာဓာတုဗေဒ"၊ "ကော်ဖီကင်ခြင်းနှင့် မြည်းစမ်းကြည့်ခြင်း" စသည့် သီးခြားဘာသာရပ် သင်တန်းများအပေါ် သိမြင်မှုနှင့် နားလည်မှုကို နက်ရှိုင်းစေပြီ ဖြစ်သည်။
ယခုနှစ်များတွင် တရုတ်နိုင်ငံ၏ ကော်ဖီလုပ်ငန်းသည် မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက်လာသည်။ ကော်ဖီနယ်ပယ်တွင် အရည်အသွေးမြင့် တတ်ကျွမ်းမှုပညာလူချွန်များကို ပြုစုပျိုးထောင်ရန် ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်သည် ယခုနှစ်တွင် နိုင်ငံတစ်ခုလုံး၌ ပထမဆုံး "ကော်ဖီ သိပ္ပံပညာနှင့် အင်ဂျင်နီယာလုပ်ငန်း" ပင်ရင်းဘာသာရပ်ကို တည်ထောင်ခဲ့ပြီး ပြည်နယ်၊ မြို့နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၁၁ ခုမှ လာသည့် ပထမအသုတ် ကော်ဖီဘာသာရပ်ကို အထူးပြုသင်ကြားသည့် လေးနှစ်သင်တက္ကသိုလ်ကျောင်းသားများသည် ယူနန်ပြည်နယ် ဖူအယ်မြို့တွင် တည်ရှိသည့် ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်ရှိ အပူပိုင်းဒေသသီးနှံကောလိပ်၌ တက္ကသိုလ်ဘဝသစ်ကို စတင်ခဲ့ကြပြီ ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို




















