လမုန့်ပွဲတော် နီးကပ်လာသည်နှင့်အမျှ ကျောက်ထုံးမြို့ တာ့ကွမ်းခရိုင်တွင် လမုန့်များ ရောင်းကောင်းနေ
2024-09-13 17:39|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) လမုန့်ပွဲတော် နီးကပ်လာသည်နှင့်အမျှ ကျောက်ထုံးမြို့ တာ့ကွမ်းခရိုင်တွင် လမုန့်ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး လမုန့် ထုတ်လုပ်ရေးအလုပ်ရုံများ၊ အရောင်းဆိုင်များနှင့် ပို့ဆောင်ရေးလုပ်ငန်းများလည်း အလုပ်များလာကြသည်။
တာ့ကွမ်းလမုန့်များ ထုတ်လုပ်သည့် သမိုင်းကြောင်း ရှည်လျား၍ ဝက်ပေါင်ခြောက်လမုန့်များ၊ တောင်ဆားလမုန့်များနှင့် ဘင်းလျှော်စေ့လမုန့်များ စသည်တို့ကို ရှိ၍ အထူးလူအုပ်များအတွက် အချိုနည်းပြီး ကယ်လိုရီနည်းသော Xylitol လမုန့်များကိုလည်း ထုတ်လုပ်ပေးကြသည်။
ယခုနှစ်တွင် တာ့ကွမ်းလမုန့်သည် ရိုးရာထူးခြားချက်လက္ခဏာများအား ထိန်းသိမ်းထားသည်ကို အခြေခံ၍ "ကိုယ်ပိုင် စိတ်ကြိုက်ထုတ်လုပ်ခြင်း" ဝန်ဆောင်မှုကို စတင်ဆောင်ရွက်၍ စားသုံးသူများကို ကိုယ်ပိုင်လမုန့်များအား စိတ်ကြိုက်ထုတ်လုပ်နိုင်စေကြသည်။
ထုတ်လုပ်ရေးအလုပ်ရုံထဲသို့ ဝင်ရောက်လျှင် ပြင်းထန်သော မွှေးရနံ့ကို နမ်းရှူရသည်။ အလုပ်သမားများသည် ကျွမ်းကျင်ပြီး ဂျုံမှုန့်နယ်ခြင်း၊ ဌာပနာထုပ်ခြင်းနှင့် မီးကင်ခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် အလုပ်ရှုပ်နေကြသည်။
"ပြည်ပက ဖောက်သည်တစ်ချို့က ကျွန်တော်တို့ဆီမှ သီးခြားထုပ်ပိုးထားတဲ့ လမုန့်တစ်ချို့ကို မှာယူကြတယ်။ ကျွန်တော်တို့က ဖောက်သည်တွေရဲ့ စိတ်ကြိုက်လိုအပ်ချက်အရ သကြားဖြူလမုန့်နဲ့ တောင်ဆားလမုန့် ပါဝင်တဲ့ ဂရမ် ၅၀၀ ရှိ လမုန့်ကြီးတစ်ချို့၊ ယူနန်ပြည်နယ်မှာ အကျော်ကြားဆုံး ဝက်ပေါင်ခြောက်လမုန့်တွေကိုလည်း ထုတ်လုပ်ကြတယ်"ဟု လမုန့်ထုပ်လုပ်သူ ဖြစ်သည့် ပေါင်စီချောင်မှာ မိတ်ဆက်ပေးခဲ့သည်။ လမုန့်ပွဲတော်မတိုင်မီ ရောင်းချမှု အထွတ်အထိပ်ကို ကောက်ယူရန်အတွက် ပေါင်စီချောင်သည် အလုပ်သမား အယောက် ၄၀ ကျော်ကို အချိန်ပို ထုတ်လုပ်ကာ ထုပ်ပိုးရန် နေ့စဉ်စီစဉ်သည်။ သူမှပြောဆိုချက်အရ နေ့စဉ်နေ့တိုင်း လမုန့်များ အလုံးတစ်သောင်းကျော်ကို တစ်နိုင်ငံလုံးမှ နေရာအသီးသီသို့ ရောင်းချနေကြောင်း သိရသည်။
လမုန့် အချောကိုင်ခြင်း အလုပ်ရုံတစ်ခု၌ အင်တာနက်ကြီးမှူးသူ ဖြစ်သည့် ရှောင်ယေနှင့် ရှေချောင်တို့သည် တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် လမုန့်ရောင်ချနေပြီး အနီးအနားရှိ ဝန်ထမ်းများသည် ဝယ်ယူသော ဖောက်သည်များအတွက် ထုပ်ပိုးရန်နှင့် ပို့ဆောင်ရန် အလုပ်ရှုပ်နေကြသည်။
ရောင်းချမှုနည်းလမ်းဘက်တွင် တာ့ကွမ်းလမုန့်များသည် အော့ဖ်လိုင်းစတိုးများတွင် အရောင်းကောင်းရုံသာမက E-commerce ပလက်ဖောင်းများ မှတစ်ဆင့် ရောင်းချမှုလမ်းကြောင်းများကိုလည်း ချဲ့ထွင်ထားကြသည်။
"ကျွန်တော်တို့ဟာ ရိုးရာ E-commerce ကို အဓိကလုပ်ဆောင်ပြီး အွန်လိုင်းပလက်ဖောင်းတွေမှာ တာ့ကွမ်းရှိ အရည်အသွေးကောင်းတဲ့ လမုန့်တွေကို ရောင်းချလေ့ရှိတယ်၊ တာ့ကွမ်းလမုန့်တွေကို လွန်ခဲ့တဲ့နှစ်လက စတင်ထုတ်လုပ်ခဲ့တာကြောင့် ကျွန်တော်တို့ဟာ အွန်လိုင်းမှာ အတူတူ စတင်ရောင်းချခဲ့ပါတယ်။ နေ့စဉ်ရောင်းချမှုပမာဏမှာ သာမန်အားဖြင့် အအိတ် ၂၀၀၀ လောက် ရှိပြီး နေရာအသီသီးကို ရောင်းချရတယ်"ဟု တာ့ကွမ်း E-commerce ကျွမ်းကျင်သူ ဖြစ်သည့် ဝမ်ကျောင်ဟွာသည် မိတ်ဆက်ပေးခဲ့သည်။
临近中秋节,昭通市大关县的月饼迎来了生产销售旺季,月饼生产车间、销售门店、快递也开始忙碌起来。
大关月饼制作历史悠久,有火腿饼、洗沙饼、麻仁饼等,还针对特殊人群,增加了甜度低、热量低的木糖醇月饼。
今年,大关月饼更是在保持传统特色的基础上,推出了“私人订制”服务,让消费者能够定制专属月饼。
走进生产车间,一股浓郁的香气扑鼻而来。工人们手法娴熟,忙着揉面、包馅、烘烤等各个环节。
月饼生产商包石巧介绍:“有些外地的客户向我们订制了一些独立包装的月饼。我们还根据客户的订制需求,做了一些500克的大月饼,有白糖的、洗沙的,还有云南最出名的云腿月饼。”为了抓住中秋节前的销售旺季,包石巧每天组织40余名工人,加班生产、打包,他表示“每天有上万个月饼销往全国各地。”
在一家月饼加工作坊,主播小月和主播谢超正在直播带货,旁边的工作人员则忙着给下单的顾客打包发货。
在销售方式上,大关月饼不仅在线下门店销售火爆,更通过电商平台拓宽了销售渠道。
大关电商达人王朝华介绍:“我们主要是做传统电商,在网上各大平台售卖大关的优质月饼,大关月饼在两个月前就开始生产了,所以我们在网上也开始同步售卖,每天的销售量一般在2000封左右,销往各地。”(何桂花 刘圆梦)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း






