ယန်ဇုန်ဟိုင် ချီတျန့် ဒုတိယအကြိမ်မြောက် "မုန့်ကြီးယဉ်ကျေးမှု၊ လမုန့်ပွဲတော်ဆိုင်ရာ အစားအစာပွဲတော်"ကို စတင်ကျင်းပခဲ့

2024-09-12 15:03|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ယခုလောက ကူမင်း ယန်ဇုန်ဟိုင် ရှုခင်းသာရပ်ကွက် ၂၀၂၄ တတိယအကြိမ်မြောက် ယဉ်ကျေးမှုနှင့် ခရီးသွားပွဲတော်နှင့် ယန်ဇုန်ဟိုင် ချီတျန့် ဒုတိယအကြိမ်မြောက် "မုန့်ကြီးယဉ်ကျေးမှု၊ လမုန့်ပွဲတော်ဆိုင်ရာ အစားအစားပွဲတော်" ကို စတင်ကျင်းပခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့အထိ ဆက်လက်ကျင်းပရမည် ဖြစ်သည်။ ပွဲတော်ကျင်းပရာတွင် ထူးခြားချက်ရှိ ထုတ်ကုန်ပစ္စည်းပြပွဲ၊ ဟန်မင်းဆက်အဝတ်တန်ဆာပြပွဲ၊ မီးရှူးမီးပန်းပြပွဲ၊ မီးပုံးပဟေဠိမှန်းဆခြင်းနှင့် လမုန့်ပွဲတော်တွင် တိုင်းရင်းသား သီချင်းများနှင့် အကများဆိုင်ရာ ညအနုပဉာာဒေသာကပွဲ စသည့် ထွေပြားစုံလင်သော လှုပ်ရှားမှုများကို ကျင်းပတော့မည် ဖြစ်သည်။

2

"မုန့်ကြီးယဉ်ကျေးမှု၊ လမုန့်ပွဲတော်ဆိုင်ရာ အစားအစားပွဲတော်"၏ အဓိက အကြောင်းအရာအနေဖြင့် အမျိုးမျိုးအစုံစုံရှိသည့် ချီတျန့် အထူးအစားအစာပြပွဲသည် ခရီးသည်အများအပြားကို ဆွဲဆောင်လာကြသည်။ အစားအစာများထဲတွင် ယန်ဇုန်ဟိုင် ချီတျန့်ရှိ မုန့်ကြီးသည် ဆွဲဆောင်မှု အရှိဆုံးပြီး ဇော်ဂျီရောင်ဖြစ်သည့် စက်ဝိုင်းပုံ မုန့်ကြီးအပေါ်ယံ၌ နှမ်းဖြူများဖြင့် ဖြန်းထားပြီး အပြင်ဘက်အခွံဖြင့် ကြွယ်ဝသော ဌာပနာများကို ထုပ်ထား၍ ချိုမြိန်ပြီး အရသာကောင်း၍ အဆီရှိသော်လည်း မအီပါ။ ထို့ပြင် လမုန့်ပွဲတော်ဆိုင်ရာ ရိုးရာမုန့်များနှင့် သရေစာများ အမျိုးမျိုးတို့ကိုလည်း ခင်းကျင်းပြသထားပြီး လူများအား အဝအပြဲ စားသောက်စေပြီး စားမြုံပြန်စေကြသည်။

3

ယခုနှစ် လမုန့်ပွဲတော်အတွင်း ချီတျန့်ထဲ၌ အတိုင်းအတာ အတိအကျရှိသည့် မုန့်ကြီးထုတ်လုပ်စက်ရုံများ၏ စုစုပေါင်း ထွက်ကုန်အရေအတွက်မှာ တန်ချိန် ၃၀၀ ကျော် ရောက်ရှိနိုင်ပြီး စုစုပေါင်း ထွက်ကုန်တန်ဖိုးမှာ ယွမ် သန်း ၄၀ ရရှိနိုင်ဟု ခန့်မှန်းထားသည်၊ မနှစ်ကအချိန်တူကာလထက် ထွက်ကုန်အရေအတွက်မှာ ၁၂.၉ ရာခိုင်နှုန်း တိုးလာနိုင်ပြီး စုစုပေါင်း ထွက်ကုန်တန်ဖိုးမှာ ၁၃ ရာခိုင်နှုန်း တိုးလာနိုင်မည် ဖြစ်သည်။ ထို့ပြင်၊ ယူနန်ကျားဟွာ အစားအစား ကုမ္ပဏီလီမိတက်စသည့် ချီတျန့်ရှိ နာမည်ကျော်ကြားသော ကုမ္ပဏီများသည် ဤအကြိမ်လှုပ်ရှားမှုထဲ၌ တက်ကြွစွာ ပါဝင်ကြပြီး လှုပ်ရှားမှုကျင်းပရာနေရာ၌ ပြခန်းများကို စီစဉ်တည်ဆောက်၍ လုပ်ငန်းများနှင့် ဒေသအကြား ကောင်းမွန်သော အပြန်အလှန်ဖလှယ်ခြင်း ရရှိစေရန် ကူညီပေး၍ ချီတျန့်လူများအတွက် ၀င်ငွေတိုးစေရန် လမ်းကြောင်းကို တည်ထောင်ပေးကြသည်။

4


1

近日,昆明阳宗海风景名胜区2024年第三届文化旅游节暨阳宗海七甸第二届“大饼文化·中秋美食节”开幕,活动将持续到9月17日。活动期间,不仅有特色商品展销会,还有汉服秀、烟花秀、猜灯谜、中秋节打跳联欢晚会等丰富多彩的活动。

2

作为“大饼文化·中秋美食节”的重头戏,琳琅满目的七甸特色美食展销引得游客纷至沓来。美食中尤其以阳宗海七甸大饼最为抢眼,黄褐色的圆形大饼表皮上撒着星星点点的白芝麻,外皮包裹着丰富的馅料,香甜可口、油而不腻。同时展销的还有各类中秋传统糕点、小吃佳肴等,让人大饱口福,回味无穷。

3

据了解,预计今年中秋节,七甸辖区内具备一定规模的大饼生产厂家总产量将达到300余吨,预计总产值达4000万元,相比去年,生产量同比增长12.9%,总产值同比增长13%。同时,七甸辖区内知名企业云南嘉华食品有限公司等也积极参与到本次活动中来,在活动会场开设展位,助力实现企业与地区发展良性互动,为七甸群众增收搭建渠道。

4

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်