ယူနန်ပြည်နယ် တီချင့်ပြည်နယ်ခွဲရှိ ဖူတာဇော် ရှုခင်းသာရပ်ကွက်ကို လေကြောင်းမှ ရိုက်ကူးပြီး ခန့်ညားထည်ဝါ၍ လှပသော ကုန်းပြင်မြင့်ရှုခင်းများကို အတူတွေ့ရှိ
2024-09-06 16:07|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရှန်ဂရီလာမြို့ရှိ ဖူတာဇော် ရှုခင်းသာရပ်ကွက်တွင် သစ်တောများ၊ ရေကန်များနှင့် မြက်ခင်းပြင်များတို့မှာ အပြန်အလှန် တန်ဆာဆင်ထားပြီး ရှုခင်းသာယာလှပကာ ကုန်းပြင်မြင့်ဆိုင်ရာ လှပသည့် ပန်းချီကားလိပ်တစ်ချပ်ကို ပြသထားသည်။
ဖူတာဇော် ရှုခင်းသာရပ်ကွက်သည် မြစ်သုံးသွယ် ပြိုင်တူစီးဆင်းရာ ကမ္ဘာ့သဘာဝအမွေအနှစ်၏ အတွင်းပိုင်းဒေသ၌ တည်ရှိပြီး တီချင့်ပြည်နယ်ခွဲရှိ အရေးကြီးသော ဇီဝမျိုးစုံမျိုးကွဲများ ရတနာသိုက်နှင့် ဂေဟဗေဒ လုံခြုံရေးအကာအရံ ဖြစ်သည်။ ယခုနှစ်များတွင် ဖူတာဇော် ရှုခင်းသာရပ်ကွက်သည် ကာကွယ်ရေးဆိုင်ရာ ဥပဒေပြုခြင်း၊ အလုပ်တာဝန်များ ပေါင်းစည်းခြင်း၊ စည်းမျဉ်းများဆိုင်ရာ အကာအကွယ်ပေးခြင်း၊ အရင်းငွေရရန် နည်းလမ်းရှာဖွေကြံခြင်း၊ စီမံခန့်ခွဲမှုနှင့် စီးပွားရေးကို ခွဲခြားစေခြင်းနှင့် သဘာဝ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ခြင်း၊ စီမံကိန်းချပြီး တည်ဆောက်ရေးဆိုင်ရာ ထိန်းချုပ်ခြင်း၊ ကွန်မြူနီတီ ဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနပြုခြင်းဆိုင်ရာ ပညာရေး စသည့်နယ်ပယ်များဘက်တွင် အချို့ အကျိုးသက်ရောက်မှုများ ရရှိခဲ့ကြပြီး ဂေဟဗေဒပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စွာ ကာကွယ်ရန်၊ စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန် တိုးမြှင့်နေပြီ ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်




















