ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲရှိ အယ်ဟိုင်ရေကန်၏ မြစ်ဖျားဒေသတွင် စီပီပန်းများ ဖူးပွင့်နေ
2024-08-30 15:13|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) စီပီပန်းကို စီပီကြာပန်းဟုလည်း ခေါ်နိုင်၍ Nymphaeaceae မျိုးနွယ်ဝင်ဖြစ်ပြီး ပန်းပွင့်များသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးပြီး အလွန်လှပသည်။ ယူနန်ပြည်နယ် တာ့လီပိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အယ်ယွမ်ခရိုင်တွင် ဤအပင်အရ အမည်ပေးထားသည့် ရေကန်တစ်ခုရှိပြီး စီပီကန်ဟု ခေါ် ထားသည်။ ယခင်မှ စီပီကန်၏ မျက်နှာပြင်တွင် စီပီပန်းများ အပြည့်ပွင့်ခဲ့သော်လည်း ဤလှပသောအပင်သည်ကြီးထွားမှုပတ်ဝန်းကျင်အပေါ် တင်းကျပ်သောလိုအပ်ချက်များ ရှိခြင်း၊ ငါးများ၏ အကြိုက်ဆုံးအစားအစာ ဖြစ်ခြင်းနှင့် ကြီးထွားမှုနှုန်းမှာ နှေးကွေးခြင်းတို့ကြောင့် ယခုအချိန်တွင် စီပီကန်ထဲ၌ စီပီပန်းများကို ရှာတွေ့ရန် ခက်ခဲသည်။
မကြာသေးမီနှစ်များအတွင်း အယ်ယွမ်ခရိုင်ရှိ ဒေသခံရွာသူရွာသားများသည် သူတို့၏ခြံဝင်းထဲတွင် စီပီပန်းများကို သူ့အလိုလို စိုက်ပျိုးကြပြီး ရလဒ်ကောင်းများ ရရှိခဲ့သည်။ စီပီပန်းများသည် နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ပွင့်ဖူးလျက်ရှိပြီး နေ့စဉ် နံနက် ၁၁ နာရီမှာ ရှေ့စဉ်နောက်ဆက် ပွင့်လေ့ရှိ၍ မွန်းတည့်အချိန်တွင် ဝေဝေဆာဆာ ပွင့်ဖူးလာကာ ညနေ ၅ နာရီတွင် ပိတ်လေ့ရှိသည်။ နေရောင်ခြည်အောက်တွင် ပွင့်နေသော စီပီပန်းများသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးပြီး ကဗျာဆန်၍ ပန်းချီးကားကဲ့သို့ လှပသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်












