ယူနန်ပြည်နယ် ယွမ်ရန်ခရိုင်တွင် ပန်းထိုးခြင်းလုပ်ငန်းသည် တောင်သူလယ်သမားများ၏ဝင်ငွေကို တိုးလာစေ
2024-08-30 10:44|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယွမ်ရန်ခရိုင် ဖန်ကျီဟွာမြို့နယ်ရှိ မိန်နုန့် ပန်းထိုးခြင်းဆိုင်ရာ တောင်သူလယ်သမား သီးခြားသမဝါယမတွင် ပန်းထိုးသမားများသည် ထုတ်လုပ်မှုအလုပ်ခန်း၌ အလုပ်ရှုပ်နေကြပြီး အပ်နှင့်အပ်ချည်များကို လက်ချောင်းထိပ်ပေါ်တွင် အခေါက်ခေါက်အပြန်ပြန် လွန်းထိုးနေသည်။
ယနှစ်များတွင် ဖန်ကျီဟွာမြို့နယ်သည် အမျိုးသားပန်းထိုးလုပ်ငန်းကို ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းနှင့် ပေါင်းစပ်စေပြီး အမျိုးသားပန်းထိုးခြင်းဆိုင်ရာ လယ်သမား သီးခြားသမဝါယမကို ထူထောင်ခဲ့ပြီး "ပါတီအဖွဲ့အစည်းက သမဝါယမကို ဦးဆောင်စီမံခန့်ခွဲမှု+ ကုမ္ပဏီ + ဆက်ခံခြင်းအခြေခံစခန်း + ပန်းထိုးသမား"ဟူသော စနစ်ကို အသုံးပြု၍ အမျိုးသားယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများနှင့် ခေတ်မီစတိုင်တို့ကို ပေါင်းစပ်စေပြီး အဝတ်တန်ဆာများ၊ ခါးပိုက်ဆောင်အိတ်ကပ်များ၊ ပွေ့အုံးများ၊ ပိုက်ဆံအိတ်များနှင့် လက်မှုအနုပညာပစ္စည်းများ စသည့် ပန်းထိုးခြင်းဆိုင်ရာ ယဉ်ကျေးမှု အဆန်းထွင်ထုတ်ကုန်များ အမျိုးပေါင်း ၃၀၀ ကျော်ကို ထုတ်လုပ်ခဲ့ပြီး ခရီးသည်များ၏ နှစ်သက်မှုကို ရရှိပြီး ကျေးလက်ဒေသရှိ အမျိုးသမီးများအတွက် အိမ်ဘေးနား၌ ဝင်ငွေတိုးနိုင်ရန် ထိရောက်စွာ အကောင်အထည်ဖော်နေသည်။ လက်ရှိတွင် မြို့နယ်တစ်ခုလုံး၌ ပန်းထိုးသမား အယောက်ပေါင်း ၁၁၀၀ ကျော် ရှိပြီး ပန်းထိုးသမားများ၏ တစ်နှစ်ပျမ်းမျှဝင်ငွေမှာ ယွမ် ၄၀၀၀ ကျော် တိုးလာနေကြောင်း သိရှိခဲ့ရသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို














