အနာဂတ်မှအင်အားသစ်၊ တတိယအကြိမ် La Liga Hope Cup တရုတ် (ကူမင်း) ပြိုင်ပွဲကို တရားဝင် ဖွင့်လှစ်ခဲ့

2024-08-27 14:40|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်)  သြဂုတ်လ ၂၄ ရက်နေ့တွင် တရုတ်နှင့်စပိန် နှစ်နိုင်ငံတို့မှ ထူးချွန်သော လူငယ်ဘောလုံးအသင်း ၁၂ သင်းနှင့် အားကစားသမားများ၊ နည်းပြဆရာများ၊ ဒိုင်လူကြီးများ စုစုပေါင်း အယောက် ၄၀၀ ကျော်သည် နွေဦးမြို့ဖြစ်သည့် ကူမင်းမြို့တွင် စုဝေးခဲ့ကြ၍ ယူနန်ပြည်နယ် အားကစားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ယူဟုံယင်သည် La Liga Hope Cupကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကြည့်ရှုရန် တစ်နိုင်ငံလုံး၏ နေရာအသီးသီးမှ ပရိသတ် တစ်ထောင်နီးပါးကို ဆွဲဆောင်ခဲ့၍ စိတ်အားထက်သန်သော ယူနန်လူမျိုးများသည် တစ်မူထူးခြားသော ညှို့နိုင်စွမ်း ရှိသည့် တိုင်းရင်းသားရိုးရာအကများဖြင့် ဘောလုံးအသင်းများကို  ကြိုဆိုကြသည်။

1691671

La Liga Hope Cup ပြိုင်ပွဲသည် La Liga မဟာမိတ်အဖွဲ့ စတင်တည်ထောင်ချိန်ကတည်းက စဉ်ဆက်မပြတ် ကျင်းပလျက်ရှိသည့် La Liga လူငယ်တံခွန်စိုက်ပြိုင်ပွဲ ဖြစ်ပြီး သမိုင်းကြောင်း နှစ်ပေါင်း ၄၀ နီးပါး ရှိ၍ သောင်းနှင့်ချီသော လူငယ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တစ်ကမ္ဘာလုံးမှ အာရုံစိုက်သူ အရေအတွက်မှာ သန်းပေါင်းတစ်ရာ ရှိနေပြီ ဖြစ်ပြီး ကမ္ဘာ့အဆင့် အရေးကြီးဆုံးသော အသက်အရွယ် U၁၂-U၁၆ ဖြစ်သည့် လူငယ်ဘောလုံး တံခွန်စိုက်ပြိုင်ပွဲများထဲမှ တစ်ခုဖြစ်လာသည်။ ၂၀၁၉ ခုနှစ်တွင် ဤပြိုင်ပွဲသည် ပထမအကြိမ် စပိန်နိုင်ငံမှ အာရှတိုက်သို့ ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ ကူမင်းမြို့တွင် အခြေချခဲ့သည်။

1691672

ဤအကြိမ်ပြိုင်ပွဲတွင် La Liga မဟာမိတ်အဖွဲ့ မှ ဘောလုံးအသင်း ၅ သင်းနှင့် တရုတ်နိုင်ငံမှ လူငယ်အသင်း ၇ သင်းတို့ ပါ၀င်ကြ၍ သြဂုတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း အသင်း ၁၂ သင်းတို့သည် အုပ်စုလိုက်ပြိုင်ပွဲနှင့် ရှုံးထွက်ပြိုင်ပွဲ စုစုပေါင်း ၂၆ ပွဲဖြင့် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုစသည်တို့ကို ဆုံးဖြတ်ရမည် ဖြစ်သည်။

1691674

တရုတ်နိုင်ငံဆိုင်ရာ စပိန်သံရုံးမှ ယဉ်ကျေးမှုသံမှူး Juan José Herrera de la Muela

"ဒီပြိုင်ပွဲဟာ တရုတ်နဲ့စပိန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသော စံနမူနာတစ်ခုဖြစ်ပြီး နှစ်နိုင်ငံတို့အတွက် အားကစားယဉ်ကျေးမှု ဖလှယ်ရေးပလက်ဖောင်းကို ထူထောင်ခဲ့တယ်၊ ပြီးတော့ တရုတ်နိုင်ငံဆိုင်ရာ စပိန်သံရုံးက နှစ်နိုင်ငံရဲ့ ပြည်သူတွေ၊ အစိုးရတွေအကြားမှ ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ဖို့ အမြဲတမ်း ဆောင်ရွက်ထားပြီး နှစ်နိုင်ငံရဲ့ အားကစားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အစွမ်းကုန် ထောက်ခံထားတယ်၊ La Liga Hope Cupက ဒီထဲမှ စံနမူနာ လုပ်ငန်းရပ်တစ်ခု ဖြစ်တယ်"ဟု တရုတ်နိုင်ငံဆိုင်ရာ စပိန်သံရုံး ယဉ်ကျေးမှုသံမှူး Juan José Herrera de la Muelaသည် ပြောဆိုခဲ့သည်။

1691676

ဤတစ်ကြိမ်ပြိုင်ပွဲကို ၅ ရက်ကြာ ဆက်လက်ကျင်းပရမည် ဖြစ်ပြီး ပြုင်ပွဲ စုစုပေါင်း ၂၆ ပွဲကို ဆင်ဟွာသတင်းဌာန၊ La Liga မဟာမိတ်အဖွဲ့ မှ Tik Tok၊ Weiboနှင့် Bilibili အကောင့်များ၊ La Liga မဟာမိတ်အဖွဲ့  ပြိုင်ပွဲပါဝင်ခြင်းကလပ်မှ Weibo အကောင့်၊ iQIYI (an online video platform) မှ အားကစား အစီအစဉ်နှင့် Tencent Newsမှ အားကစားအစီအစဉ် စသည့် ပလက်ဖောင်း အခု ၂၀ ကျော်ပေါ်တွင် တစ်ပြိုင်နက် Live လွင့်ရမည် ဖြစ်သည်။

1691677

ကူမင်းမြို့သည် ကမ္ဘာပေါ်မှ နာမည်ကျော်ကြားသော နွေဦးပန်းမြို့တော် ဖြစ်ပြီး ကုန်းပြင်မြင့် အားကစား လေ့ကျင့်ရေးအတွက် နေရာကောင်းတစ်ခုလည်း ဖြစ်သည်။ ယခုနှစ်များအတွင်း ကူမင်းမြို့သည် ပြိုင်ပွဲစီးပွားရေး ဆောင်ရွက်ခြင်း၊ အားကစားမြို့လေးများ တည်ဆောက်ခြင်း၊ အပန်းဖြေ အားကစားလှုပ်ရှားမှုများ ရှေ့သို့ တွန်းတင်ခြင်းနှင့် နိုင်ငံတကာဖလှယ်ရေး မြှင့်တင်ခြင်း စသည့် နည်းလမ်းများဖြင့် ကမ္ဘာပေါ်မှ နေရာအသီးသီး၏ အားကစားလူချွန်လူကောင်းများကို ကူမင်းမြို့တွင် စုဝေးရန် ဆွဲဆောင်လျက်ရှိကြသည်။

1691678

ယူနန်ဟု ခေါ်သည့်ဘဝတစ်မျိုးနှင့် ဘောလုံးသဘောထားရှိသည့် မြို့တစ်မြို့သည် ကူမင်း၌ ရှိကြသည်။ La Liga Hope Cup သည် အနာဂတ် ဘောလုံးကြယ်ပွင့်များကို တူးဖော်ရှာဖွေသည့် ပြုင်ပွဲကျင်းပခြင်း အတွေးအခေါ်ကို အမြဲလိုက်နာကျင့်သုံး၍ တရုတ်ပြည်တွင်းပြည်ပမှ အဆင့်မြင့် လူငယ်ဘောလုံးအတွက် ဖလှယ်ဆက်သွယ်ရေး ပလက်ဖောင်းအသစ်ကို တည်ဆောက်ပေးကာ ငယ်ရွယ်သော ဘောလုံးလူချွန်လူကောင်းများကို ပျိုးထောင်ပြီး တရုတ်နိုင်ငံမှ အားကစားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလျက်ရှိသည်။ အနာဂတ် ဘောလုံးကြယ်ပွင့်များသည် ကူမင်းမြို့တွင် ထပ်မံစုစည်းခြင်းသည် နိုင်ငံတကာ လူငယ်များမှ ထိပ်တန်းဘောလုံးပြိုင်ပွဲအဖြစ် La Liga Hope Cup၏ သြဇာလွှမ်းမိုးမှုကို ပိုမိုပေါ်လွင်လာလိမ့်မည်။ La Liga Hope Cup၏ ကျင်းပခြင်းသည် "နွေဦးမြို့ ၆ မြို့" ၏ အမှတ်တံဆိပ်တန်ဖိုးကို ပေါ်လွင်ရန်နှင့် နေသာထိုင်သာသော "ကုန်းပြင်မြင့်ပုလဲ၊ စိမ်းလန်းလှပသောနွေဦးမြို့" ကို ဖန်တီးတည်ဆောင်ရန် အရေးပါသော အနက်အဓိပ္ပာယ် ရှိသည်။

La Liga Hope Cup၏ ကျင်းပခြင်းသည် တရုတ်နှင့်စပိန် နှစ်နိုင်ငံအကြားမှ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်ပြီး "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အဆိုပြုချက်မှာ တရုတ်-စပိန်၊ တရုတ်-အီးယူတို့နှင့် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန်၊ လူမှုရေးဖလှယ်ရန် အားဖြည့်ပေးမည် ဖြစ်၍ "တရုတ်-အီးယူ ပူးပေါင်းဆောင်ရွက်မှု ၂၀၂၀ မဟာဗျူဟာစီမံကိန်း"ကို တစ်ဆင့်တိုးပြီး အကောင်အထည်ဖော်စေကာ နှစ်ဦးနှစ်ဖက်ကို အားကစား၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေးစသည့် နယ်ပယ်များတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေး၍ လူသား အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောင်ရန် အားပေးကြသည်။

昆明信息港讯 8月24日,中西两国12支优秀青少年梯队,400余名球员教练员以及裁判员团队齐聚春城昆明,云南省体育局副局长余红颖宣布西甲希望杯正式开幕,活动现场吸引来自全国各地的近千名观众前来观赛,热情的云南人用具有独特魅力的民族舞蹈,迎接球队的到来。

1691671

该赛事是西甲联盟成立以来持续举办的西甲青少年锦标赛,拥有近40年历史,超过万名青少年球员参与其中,全球关注人群已达亿人次,已经成为世界级最重要的U12-U16年龄段青少年足球锦标赛之一。2019年该项赛事首次走出西班牙登陆亚洲大陆,落户中国昆明。

1691672

此次,共有5支来自西甲联盟的球队和7支中国本土青训球队参与赛事。12支球队将于8月24日至28日期间通过小组赛和淘汰赛阶段共计26场比赛决出名次。

1691674

西班牙驻华大使馆文化参赞胡安·何塞·埃雷拉(Juan José Herrera de la Muela)

西班牙驻华大使馆文化参赞胡安·何塞·埃雷拉在致辞中说道:这项赛事是中西两国友谊合作的杰出典范,并由此建立了中西体育文化交流平台。西班牙驻华大使馆一直致力于促进中西人民及政府间文化互通,同时大力支持两国体育产业合作,西甲希望杯就是其中的典范项目。

1691676

本届赛事为期5天的26场比赛将通过新华社现场云、西甲联盟官方抖音、微博和哔哩哔哩账号、西甲联盟参赛俱乐部官方微博、直播吧、爱奇艺体育、腾讯新闻体育、雷速体育、球客岛、优酷、LALIGA+、掌上春城、百度、斗鱼、虎牙、龙珠、YY等20多家平台同步直播。

1691677

昆明是享誉世界的“春城花都”,也是高原体育训练的理想胜地。近年来,昆明市通过打造赛事经济、建设体育小镇、推进休闲运动、促进国际交流等举措,吸引世界各地众多运动精英齐聚昆明。

1691678

有一种叫云南的生活、一座有足球态度的城市就在昆明,西甲希望杯始终遵循挖掘和发现足球未来之星的办赛理念,为国内与国际高水平青少年足球搭建交流沟通的新平台,培养年轻足球人才,推动中国体育产业发展。未来足球之星再次汇聚在春城昆明,将进一步展现 “西甲希望杯”作为国际青少年足球顶尖赛事的影响力。西甲希望杯的举办,更对于彰显“六个春城”的品牌价值,着力打造宜人宜居的“高原明珠、绿美春城”具有重要意义。

西甲希望杯举办将进一步加深中国和西班牙之间的体育和文化交流合作,加强“一带一路”倡议同中西-中欧产业合作与人文交流的窗口,更是进一步落实《中欧合作2020战略规划》,推动双方在体育、文化、健康等领域深层次合作,为构建人类命运共同体提供助力。  

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်