ယခုနှစ်ဆန်းပိုင်းမှစ၍ ဗီယက်နမ်ခရီးသည် အယောက်ပေါင်း ၁၂၀၀၀ ကျော်သည် မြန်နှုန်းမြင့်ရထားဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိ
2024-08-23 18:01|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) သြဂုတ်လ ၁၉ ရက်နေ့အထိ ၂၀၂၄ ခုနှစ်တွင် တရုတ် ဟယ်ခုတ်-ဗီယက်နမ် လောင်ကိုင် ဆိပ်ကမ်းမှတစ်ဆင့် ရထားလမ်းဖြင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်သည့် ကုန်စည်များမှာ တန်ပေါင်း ၂၉.၇၆ သောင်း ရှိပြီး မနှစ်က အချိန်တူကာလထက် ၇၆.၈၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ထို့ပြင် ဗီယက်နမ်ခရီးသည် အယောက်ပေါင်း ၁၂၀၀၀ ကျော်သည် ဟယ်ခုတ်မြောက်ပိုင်းဘူတာရုံမှ မြန်နှုန်းမြင့်ရထား စီးပြီး တရုတ်နိုင်ငံ၏ နေရာအသီးသီးသို့ သွားရောက်ခဲ့ကြသည်။
တရုတ်နှင့်ဗီယက်နမ် နှစ်နိုင်ငံတို့သည် တောတောင်ရေမြေ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ပြည်သူအချင်းချင်း ခင်မင်ရင်းနှီး၍ ချိတ်ဆက်ထားသည်။ နယ်စပ်ကုန်သွယ်မှုနှင့် ဝန်ထမ်းဖလှယ်မှုများမှာ ရှည်လျားသော သမိုင်းကြောင်း ရှိပြီး ရေရှည်တည်တံ့သည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံအကြားမှ လူများစီးဆင်းမှုနှင့် ကုန်စည်ပို့ဆောင်ရေးသည် တည်ငြိမ်ပြီး ပိုမိုကောင်းမွန်လာသော အနေအထားကို ဆက်လက်ပေါ်လွင်လာနေသည်။ တရုတ် ဟယ်ခုတ်-ဗီယက်နမ် လောင်ကိုင် ရထားလမ်းဌာနနှစ်ဖက်သည် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေပြီး သမိုင်း နှစ်ပေါင်းတစ်ရာကျော်သည့် တစ်မီတာအကျယ် ရထားလမ်းကို အားကိုး၍ ကန့်ကျောက်များ၊ သံကျောက်များ တင်သွင်းခြင်းနှင့် ဓာတ်မြေသြဇာများ တင်ပို့ခြင်းဆိုင်ရာ ပို့ဆောင်ရေးဝန်ဆောင်မှုများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည် ဖြစ်ကာ နှစ်နိုင်ငံအကြားမှ ကုန်သွယ်ရေးဆိုင်ရာ ကူးလူးဆက်ဆံမှုကို ပိုမိုတည်ငြိမ်ချောမွေ့စေသည့်အပြင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံမှ ပြည်သူများအတွက်လည်း အကျိုးပိုမိုရရှိစေခဲ့သည်။
နှစ်နိုင်ငံတို့မှ အခွန်တော်စည်းကြပ်ရေး မူဝါဒများ၏ စဉ်ဆက်မပြတ် ပြည့်စုံကောင်းမွန်လာခြင်းနှင့် ဗီဇာအစီအစဉ်၏ လွယ်ကူချောမွေ့လာခြင်းတို့ကြောင့် ယခုနှစ်အတွင်း ဗီယက်နမ်ခရီးသည် အများအပြားသည် ဟယ်ခုတ်-လောင်ကိုင် ဆိပ်ကမ်း မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ပြီးနောက် ယုရှီ-ဟုံဟယ် ရထားလမ်းနှင့် မီလယ်-မိန်ဇိ ရထားလမ်းတို့ဖြင့် တရုတ်နိုင်ငံ၏ နေရာအသီးသီးသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ လွယ်ကူသွက်လက်သော ရထားလမ်း သယ်ယူပို့ဆောင်ရေးကွန်ရက်သည် ကူမင်း၊ ဆစ်ဆောင်ပန်းနား၊ တာ့လီ၊ လစ်ကျန်းနှင့် ရှန်ဂရီလာ စသည့် ခရီးသွားနေရာများကို နီးကပ်စွာ ချိတ်ဆက်ထား၍ ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိသော ဘူတာရုံနှင့် ရထားအတွင်းပိုင်း ပတ်ဝန်းကျင်များကြောင့် ဗီယက်နမ်ခရီးသည်များ၏ ခရီးထွက်ခြင်း ခံစားချက်များ ထိရောက်စွာ တိုးမြှင့်လာသည်။ မြန်နှုန်းမြင့်ရထားကို စီးပြီး လှပသော ယူနန်ပြည်နယ်ကို ကြည့်ရှုလည်ပတ်ခြင်းသည် ဗီယက်နမ်ခရီးသည်အဖွဲ့များအတွက် တရုတ်နိုင်ငံသို့ မဖြစ်မနေ ရွေးချယ်ရမည့် ခရီးစဉ်တစ်ခု ဖြစ်လာနေပြီ။
截至8月19日,今年以来,中越河口-老街口岸铁路跨境运输累计完成29.76万吨,同比增幅达76.81%。同时,河口北站已有超过1.2万人次的越南籍旅客乘坐动车前往中国各地。
中越两国山水相连、民心相通,边贸和人员往来历史悠久、稳定持久。
今年以来,中越两国间人流、物流运输持续呈现稳中向好的态势。中越河口-老街铁路双方加强了联系,依托百年历史的米轨铁路干线,全力做好硫磺、铁矿石入境以及化肥出境的运输服务,使得两国间的贸易往来更为稳定顺畅,也让铁路更好地惠及两国和两国人民。
得益于两国通关政策的持续完善以及签证的便利化等利好政策,今年以来,大批越南籍游客选择经河口-老街口岸入境,再通过玉河铁路、弥蒙铁路北上前往中国各地旅游。便捷的铁路交通网将昆明、西双版纳、大理、丽江、香格里拉等旅游胜地紧密地串联在一起,宽敞舒适的车站和车厢环境有效地提升了越南籍游客的出行体验。乘坐高铁动车游览美丽的云南已成为越南团队中国行的必选项目。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Song Janbo
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ