မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘားအံမြို့တွင် ရှုခင်းများ အလွန်လှပ၍ ခရီးသည်များ အမျှင်မပြတ် ရောက်လာ
2024-08-21 15:02|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မိုးရာသီတွင် သဘာဝ လှပရှုခင်းများသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နေရပ်ဒေသအသီးသီးမှ ခရီးသည်များသည် ဘားအံမြို့သို့ လာရောက်လည်ပတ်ကြပြီး နေ့စဉ်လူဦးရေ ၄၀၀ မှ ၅၀၀ အထိ ရှိသည် ဖြစ်ကြောင်း၊ လာရောက်လည်ပတ်သည့်သူများမှာ အဓိကအားဖြင့် ဆဒ္ဒန်ဂူ၊ ထွန့်ပတိုင်တောင်၊ ကျောက်ကလပ်ဘုရား၊ ဇွဲကပင်တောင်၊ လွန်းညရေပြာအိုင်၊ နောင်လုံတောင်ကြားလမ်း၊ ကော့နန်းသာစမ်းချောင်း၊ ကွီးကျယ်စမ်းချောင်းနှင့် ဘရေတံခွန်၊ မူလအိတောင်၊ ဘားအံကမ်းနားညဈေးတန်း စသည့် ရှုခင်းသာနေရာများသို့ သွားရောက်လည်ပတ်ကြသည် ဖြစ်ကြောင်း၊ လာရောက်လည်ပတ်သည့် ခရီးသည်များသောကြောင့် မြို့တွင်းတက္ကစီများ၊ သုံးဘီးဆိုင်ကယ်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ဒေသခံများသည် ဝင်ငွေရရှိရန် အခွင့်အလမ်း ပိုများလာပြီ ဖြစ်ကြောင်း မြန်မာ့သတင်းမီဒီယာတွင် ရေးသားဖော်ပြထားသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ် ယခုနှစ် ပြည်ဝင်ပြည်ထွက် ခရီးသွားပမာဏ အကြိမ်ရေ ၁ သန်းကျော်ရှိလာ
- ယူနန်ပြည်နယ်ရှိ ယန့်စန်းခရိုင်တွင် ဘလူးဘယ်ရီသီးများဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေသည့် လျှို့ဝှက်ချက်များ
- ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်


















