ကမ္ဘာလုံးဆိုင်ရာ မျိုးစိတ်သစ် ဖြစ်သည့် Begonia longlingensisသည် ၎င်း၏ဇာတိနေရာတွင် ပန်းပွင့်
2024-08-19 10:22|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) သြဂုတ်လ ၁၁ ရက်နေ့တွင် ယူနန်ပြည်နယ် ဘောင်ဆန်းမြို့ လုံလင်ခရိုင် ရှောင်ဟေတောင် ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေမှ ဝန်ထမ်းများသည် ကမ္ဘာလုံးဆိုင်ရာ မျိုးစိတ်သစ် ဖြစ်သည့် Begonia longlingensisမှာ ၎င်း၏ဇာတိနေရာဖြစ်သည့် ယူနန်ပြည်နယ်တွင် ပန်းပွင့်သည့် အဖိုးတန်လှသောမြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့သည်။ ၎င်းသည် ဤမျိုးစိတ်သစ်ကို ၂၀၂၁ ခုနှစ်တွင် စတွေ့ကတည်းက ဒုတိယအကြိမ် ဓာတ်ပုံရိုက်ရသည်လည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တရုတ်သိပ္ပံပညာတံခွန်အသင်းကြီး ဆစ်ဆောင်ပန်းနား အပူပိုင်းရုက္ခပင်ဥယျာဉ်မှ သိပ္ပံပညာ စူးစမ်းလေ့လာရေးအဖွဲ့သည် လုံလင်ခရိုင် ရှောင်ဟေတောင် ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေထဲ၌ ကွင်းပြင်စုံစမ်းခြင်း ဆောင်ရွက်ရာတွင် ကမ္ဘာ့သိပ္ပံအသိုင်းအဝိုင်းမှ မှတ်တမ်းတင်ခြင်းမရှိသော Begonia အပင်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ သိပ္ပံသုတေသီများ၏ နှိုင်းယှဉ်သုံးသပ်မှုဖြင့် တွေ့ရှိရသည်မှာ ဤမျိုးစိတ်သည် Begonia wenshanensis C. M. Hu ex C. Y. Wu et Ku၏ ပုံသဏ္ဌာန်နှင့် ဆင်တူသော်လည်း ပန်းပွင့်ပုံနှင့် အသီးပုံစသည့် ထူးခြားချက်လက္ခဏာများကို နှိုင်းယှဉ်လျှင် ကွဲပြားခြားနားမှု ထင်ထင်ရှားရှား ရှိကြသည်။ နိုင်ငံတကာ သြဇာတန်ခိုး Begoniaမှ ပါရဂူ၏ စစ်ဆေးအတည်ပြုခြင်းဖြင့် နောက်ဆုံးတွင် ၎င်းကို ကမ္ဘာလုံးဆိုင်ရာ အပင်မျိုးစိတ်သစ်အဖြစ် သတ်မှတ်ခဲ့ပြီး "Begonia longlingensis"ဟု အမည်ပေးခဲ့သည်။
"အခုမှာတော့ Begonia longlingensisရဲ့ တောရိုင်းအရေအတွက်နဲ့ ကြီးပြင်းပတ်ဝန်းကျင် အခြေအနေတွေကို သုတေသနပြုတာ အလွတ်ဖြစ်နေသေးတယ်။ နောက်တစ်ဆင့် ကျွန်တော်တို့ဟာ ဒီမျိုးစိတ်ကို ပိုပြီး ကွင်းဆင်းစောင့်ကြည့်လေ့လာရမယ်၊ ပြီးတော့် ဒီမျိုးစိတ်ရဲ့ ဇာတိနေရာကို ကာကွယ်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု လုံလင်ခရိုင် ရှောင်ဟေတောင် ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ၏ စီမံခန့်ခွဲရေးနှင့် ကာကွယ်ရေးဌာနမှ အင်ဂျင်နီယာဖြစ်သူ ဆွင်ရှင်ရှူသည် ပြောဆိုခဲ့သည်။
8月11日,保山市龙陵小黑山省级自然保护区工作人员,记录到全球新物种龙陵秋海棠在云南原生地开花的珍贵画面。这也是自该新物种2021年“上户口”以来第二次拍到。
据悉,2021年9月,中国科学院西双版纳热带植物园科考队在龙陵小黑山省级自然保护区开展野外调查时,发现一种未被世界科学界记录过的秋海棠属植物。经科研人员对比分析,该物种与文山秋海棠的形态近似,但从花形、果实形态等特征上来看,存在着明显的差异。通过国际权威秋海棠属专家审核,最终确定为全球植物新物种,并将其命名为“龙陵秋海棠”。
“目前,对龙陵秋海棠的野生居群数量、生境状况等相关研究还处于‘空白’阶段。下一步,我们将加大对该物种的野外监测和其原生地的保护力度。”龙陵小黑山省级自然保护区管护局工程师孙兴旭说。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ