ယူနန်ပြည်နယ်၏ ပထမဆုံး RCEP ဘဏ်လုပ်ငန်းဝန်ဆောင်မှုစခန်းကို လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းတွင် တည်ထောင်ခဲ့

2024-08-16 09:59|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်ဩဂုတ်လ ၈ ရက်နေ့တွင် ယူနန်ပြည်နယ်၏ ပထမဆုံး RCEP ဘဏ်လုပ်ငန်းဝန်ဆောင်မှုစခန်းဖြစ်သည့် တရုတ်နိုင်ငံ (ယူနန်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း RCEP ဆိုင်ရာ ICBC ဘဏ်ဝန်ဆောင်မှုစခန်းကို တရုတ်နိုင်ငံ စက်မှုကုန်သွယ်ရေးဘဏ် (ICBC)မှ ကူမင်း လွတ်လပ်သောကုန်သွယ်ရေးဇုန်ဘဏ်ခွဲတွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။

RCEP ဆိုင်ရာ ICBC ဘဏ်ဝန်ဆောင်မှုစခန်းသည် ကူမင်းအကောက်တော်ရုံးနှင့် ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနတို့သည် ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း) စီမံခန့်ခွဲရေးကော်မတီနှင့် ICBCဘဏ်မှ ကူမင်းဘဏ်ခွဲတို့ကို ပူးပေါင်းကြပြီး ကူမင်းမြို့၏ နိုင်ငံခြားစီးပွားကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ငွေရေးကြေးရေးဝန်ဆောင်မှုကို ပြည့်စုံကောင်းမွန်စေပြီး ဆန်းသစ်တီထွင်ရန်နှင့် နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ ကုမ္ပဏီများကို သက်သာလွယ်ကူမှု ရစေရန် တည်ထောင်ခဲ့သည့် ဝန်ဆောင်မှုစခန်း ဖြစ်သည်။ ၎င်းသည် နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ ကုမ္ပဏီများအတွက် ကုန်ထွက်ရာအာမခံချက်နှင့်ပတ်သက်သည့် လျှောက်ထားခြင်း၊ ပြုပြင်ခြင်းနှင့် ပုံနှိပ်ခြင်းစသည့် ကိုယ်တိုင်ယူစနစ် ၀န်ဆောင်မှုများကို အခမဲ့ ပေးနိုင်ကြသည်။

ယူနန်ပြည်နယ်ရှိ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ ကုမ္ပဏီအချို့သည် အတိုင်းအတာသေးငယ်ပြီး လျှောက်ထားရမည့် သက်သေခံလက်မှတ်များ မများသောကြောင့် ကုန်ကျစရိတ်ကျဆင်းစေရန်အတွက် အကောက်တော်ရုံးမှ လုပ်ငန်းခွင်နေရာတွင် RCEP ကုန်ထွက်ရာအာမခံချက်အား ပုံနှိပ်ရန် ရွေးချယ်လေ့ရှိသည့် အခြေအနေကို စုံစမ်းလေ့လာချိန်တွင် တွေ့ရှိခဲ့သည် ဖြစ်ကြောင်း၊ ယခုအကြိမ် တည်ထောင်ခဲ့သည့် RCEP ဆိုင်ရာ ICBC ဘဏ်ဝန်ဆောင်မှုစခန်းသည် အကောက်ခွန်ဝန်ဆောင်မှုများကို အကျိုးသက်ရောက်စွာ တိုးချဲ့စေရန် အကောင်အထည်ဖော်၍ လုပ်ငန်းကုမ္ပဏီများ အထူးသဖြင့် အသေးစားကုမ္ပဏီများသည် အနီးအနားရှိ ဘဏ်များတွင် အခမဲ့ ကိုယ်တိုင်လုပ်ဆောင်နိုင်ကြသည် ဖြစ်ကြောင်း ကူမင်းအကောက်တော်ရုံးမှ အကောက်ခွန်ဌာန၏ စတုတ္ထအဆင့် အထက်တန်းကျသော တာဝန်ခံ ဖြစ်သူ ချိန်ဇုန်သည် မိတ်ဆက်ပေးခဲ့သည်။

ထို့ပြင် လုပ်ငန်းကုမ္ပဏီများသည် ဘဏ်သို့ ရောက်ရှိပြီး သက်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းရပ်များကိုလည်း လုပ်ဆောင်နိုင်ကြသည်။ တရုတ်နိုင်ငံ စက်မှုကုန်သွယ်ရေးဘဏ် (ICBC)မှ ကူမင်းဘဏ်ခွဲ၏ ဒုတိယဥက္ကဋ္ဌ ချိန်ချီသည် မိတ်ဆက်ခဲ့သည်မှာ RCEP ဆိုင်ရာ ICBC ဘဏ်ဝန်ဆောင်မှုစခန်း၏ တည်ထောင်ခြင်းကို အခွင့်အလမ်းအဖြစ် ICBCဘဏ် ကူမင်းဘဏ်ခွဲသည် ကမ္ဘာလုံးဆိုင်ရာ ဖုံးလွှမ်းသည့် စာရင်းရှင်းခြင်းကွန်ရက်၊ ကြွယ်ဝသော ထုတ်ကုန်စနစ်နှင့် ပရော်ဖက်ရှင်သော ဝန်ထမ်းအဖွဲ့တို့ကို အားကိုးပြီး နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ ကုမ္ပဏီများအတွက် ထိရောက်ပြီး သွက်လက်ဖျတ်လတ်သော နယ်စပ်ဖြတ်ကျော် စာရင်းရှင်းခြင်းနှင့် ငွေရင်းစုဆောင်းခြင်းဝန်ဆောင်မှုများကို ပေးနိုင်ကြသည်။

昆明信息港讯(昆明日报 记者吴洁) 8月8日,云南首个RCEP银行服务站——中国(云南)自由贸易试验区昆明片区RCEP工行服务站,在中国工商银行昆明自贸区支行正式启用。

RCEP工行服务站是昆明海关、云南省商务厅联合昆明经开区(自贸试验区昆明片区)管委会、中国工商银行昆明分行,为推动昆明市外贸经济发展、优化创新金融服务、便利外贸企业而设立的服务专区,可以为外贸企业免费提供原产地证书申报、修改、打印等自助服务。

昆明海关关税处四级高级主管陈中介绍,调研中发现,云南有部分外贸企业规模不大、办证也不多,出于成本考虑,会选择到海关业务现场打印RCEP原产地证书。这次设立的RCEP工行服务站,实现海关服务的有效延伸,企业尤其是小微企业可以就近选择到银行网点“零成本”自主办理。

与此同时,企业到银行还能“一站式”办理相关金融业务。中国工商银行昆明分行副行长陈琦介绍,以RCEP工行服务站设立为契机,工商银行昆明分行可依托覆盖全球的清算网络、丰富的产品体系和专业的人员团队优势,为外贸企业提供高效、便捷的“一站式”跨境结算及融资服务。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်