ယူနန်ပြည်နယ် တီချင့်ပြည်နယ်ခွဲရှိ ဖူတာဇော် ရှုခင်းသာရပ်ကွက်၏ နေရာတိုင်းတွင် ပန်းချီကဲ့သို့ လှပ
2024-08-15 17:23|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နွေခေါင်ခေါင်ကာလထဲမှ ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ ဖူတာဇော် ရှုခင်းသာရပ်ကွက်ထဲတွင် စိမ်းစိုသာယာကြည်နူးပြီး မြစိမ်းရောင်ထသောဂယက် တအိအိထ၍ အစုလိုက် အောင်းများသည် မြက်ခင်းပြင်ပေါ်၌ စိတ်ပြေလက်ပျောက် လမ်းသလားကြ၍ ရှဉ့်များသည် သစ်တောကြား၌ လွတ်လပ်စွာ လွန်းထိုးပြီး ခုန်ပေါက်ကြကာ တစ်ခါတစ်လေ သစ်သားပျဉ်ခင်းလမ်းကျဉ်းပေါ်၌ ခရီးသည်များနှင့် ဆော့ကစားကြပြီး လူနှင့်သဘာဝ ပြေပြစ်စွာ အတူနေထိုင်ပြီး လှပသည့် ဂေဟဗေဒ ပန်းချီကားလိပ်တစ်ချပ်နှင့် တူသည်။
ဖူတာဇော် ရှုခင်းသာရပ်ကွက်သည် မြစ်သုံးသွယ် ပြိုင်တူစီးဆင်းရာ ကမ္ဘာ့သဘာဝအမွေအနှစ်၏ အတွင်းပိုင်းဒေသ၌ တည်ရှိပြီး ပေါများကြွယ်ဝသော ရေကန်များနှင့် စိုစွတ်မြေများ၊ သစ်တောများနှင့် မြက်ခင်းပြင်များ၊ မြစ်ချိုင့်ဝှမ်းများနှင့် ချောင်းများ၊ ရှားပါးတိရစ္ဆာန်များနှင့် ရုက္ခပင်များ စသည့် သဘာဝအရင်းအမြစ်များ ရှိသောကြောင့် တီချင့်ပြည်နယ်ခွဲရှိ အရေးကြီးသော ဇီဝမျိုးစုံမျိုးကွဲများ ရတနာသိုက်နှင့် ဂေဟဗေဒ လုံခြုံရေးအကာအရံ ဖြစ်သည်။
ရှုခင်းသာရပ်ကွက်ထဲ၌ တည်ရှိသော ပီထာဟိုင် ဂေဟဗေဒ ပညာရေးစာကြည့်တိုက်ကို ၂၀၂၂ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး စာကြည့်တိုက်ထဲ၌ ဂေဟစနစ်ယဉ်ကျေးမှု နယ်ပယ်ဆိုင်ရာ စာအုပ်မျိုးစုံကို စုဆောင်းသိမ်းဆည်းထားပြီး ပြည်သူလူထုအတွက် စာဖတ်ခြင်း၊ ယဉ်ကျေးမှု အဆန်းထွင်ထုတ်ကုန်များနှင့် အပန်းဖြေခြင်း လုပ်ဆောင်ချက်များကို ပေါင်းစပ်ထားသည့် ထူးခြားချက်ရှိ ဂေဟဗေဒ ပညာရေးစာကြည့်တိုက် တစ်ခုကို ဖန်တီးပေးခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ဂေဟဗေဒ စာဖတ်ခြင်း၊ ဂေဟဗေဒ အပန်းဖြေခြင်း၊ ဂေဟဗေဒ ဆွေးနွေးပွဲများ၊ AR အပြန်အလှန်တုံ့ပြန်ရေး တွေ့ကြုံခံစားမှု၊ ဂေဟဗေဒ စူးစမ်းရှာဖွေရေး တွေ့ကြုံခံစားမှု စသည့် ဆောင်ရွက်မှုနေရာများကို စီစဉ်ထားပြီး ခရီးသည်များအတွက် သဘာဝအား နားလည်ရန်၊ တွေ့ကြုံခံစားရန်၊ နီးကပ်ရန်၊ လေ့လာရန် ဂေဟဗေဒ ပညာရေးနေရာတစ်ခုကို ပေးထားသည်။
盛夏时节,走进云南省迪庆藏族自治州普达措景区,这里绿意盎然,碧波荡漾,成群的牦牛在草甸上悠闲漫步,松鼠在林间自由穿梭、跳跃,偶尔在木质栈道上与游客嬉闹,俨然一幅人与自然和谐共生的美丽生态画卷。
普达措景区位于“三江并流”世界自然遗产的核心腹地,拥有丰富的湖泊湿地、森林草甸、河谷溪流、珍稀动植物等自然资源,是迪庆州重要的生物多样性宝库和生态安全屏障。
位于景区内的碧塔海生态教育图书馆2022年正式揭牌开馆,馆内收藏了生态文明领域的各类书籍,为公众打造了一个集阅读、文创、休憩功能为一体的特色生态教育图书馆,同时设置了生态阅读、生态休闲、生态研讨、AR互动体验、生态探索体验等功能区,为广大游客朋友提供了一个了解自然、体验自然、亲近自然、学习自然的生态教育场所。(罗春明 张蕊)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း




