၂၀၂၄ ခုနှစ် BRICS နည်းပညာလွှဲပြောင်းရေးစင်တာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ကူမင်း၌ ကျင်းပခဲ့
2024-08-08 15:07|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) သြဂုတ်လ ၆ ရက်နေ့တွင် ၂၀၂၄ ခုနှစ် BRICS နည်းပညာလွှဲပြောင်းရေးစင်တာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ကူမင်း၌ ကျင်းပခဲ့သည်။ ဤအစည်းအဝေးသည် ကူမင်းမြို့ ပြည်သူ့အစိုးရမှ ဦးစီးကျင်းပပြီး BRICS နည်းပညာလွှဲပြောင်းရေးစင်တာနှင့် ကူမင်းမြို့ သိပ္ပံနှင့်နည်းပညာဌာနတို့မှ တာဝန်ခံကျင်းပသည် ဖြစ်၍ ကူမင်းမြို့မှ ဆက်တိုက် ဦးစီးကျင်းပသည့် သတ္တမကြိမ်မြောက် BRICS နည်းပညာလွှဲပြောင်းရေးစင်တာ၏ နှစ်ပတ်လည် အစည်းအဝေး ဖြစ်သည်။
ယူနန်ပြည်နယ်နှင့် BRICS နိုင်ငံများသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုပေါ်တွင် အကျိုးသက်ရောက်မှု အများကြီး ရှိပြီး BRICS နည်းပညာလွှဲပြောင်းရေးစင်တာကို အားကိုးသည့် ယူနန်ပြည်နယ်သည် BRICS နိုင်ငံများအတွက် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ရန်၊ နည်းပညာလွှဲပြောင်းခြင်းကို လက်တွေ့ကျင်းသုံးရန် တံတားအသစ်နှင့် လမ်းကြောင်းအသစ် ဖြစ်ကြောင်း၊ ထို့နောက် ယူနန်ပြည်နယ်သည် BRICS နိုင်ငံများနှင့်အတူ ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပြီး တရုတ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် ကူမင်းကို "BRICS နည်းပညာလွှဲပြောင်းရေးစင်တာ" တည်ဆောက်ရန် အပြည့်အဝ ပံ့ပိုးကူညီရမည် ဖြစ်၍ BRICS နိုင်ငံများအကြားတွင် ဆန်းသစ်တီထွင်မှုနှင့် တံခါးဖွင့်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ရွှေဆိုင်းဘုတ်တစ်ခု ထုလုပ်ကာ "BRICS နည်းပညာလွှဲပြောင်းရေးစင်တာ"ဖြင့် နိုင်ငံအသီးသီးအကြားတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပြီး အပြန်အလှန် အကျိုးနှင့် ဖွံ့ဖြိုးတိုးတက်မှုအသစ်များ ရရှိစေမည် ဖြစ်ကြောင်း ယူနန်ပြည်နယ် သိပ္ပံနှင့်နည်းပညာ ပြည်နယ်ဦးစီးဌာန၏ ဒုတိယဌာနမှူး ဖြစ်သူ ရှန်ဆောင်ချူသည် မိတ်ဆက်ပြောကြားခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


