ယူနန်ပြည်နယ်သည် ကားလမ်းများကို စိမ်းလန်းစိုပြေမှုနှင့်လှပမှု ရှိစေအောင် အရည်အသွေးမြင့်မားစွာ တည်ဆောက်
2024-08-05 18:10|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယူနန်ပြည်နယ်သည် စိမ်းလန်းစိုပြေမှုနှင့်လှပမှု ရှိသည့် ကာလမ်းများကို အရှိန်မြှင့် တည်ဆောက်လျက်ရှိပြီး စိမ်းလန်းလှပသော ကားလမ်း စုစုပေါင်း ကီလိုမီတာ ၄ သောင်း တည်ဆောက်ပြီးသား ဖြစ်၍ စိမ်းလန်းလှပသော ဝန်ဆောင်မှုပေးရပ်ကွက် အခု ၆၀ ကို အဆင့်မြှင့်တင်ပေးပြီး ပြုပြင်တည်ဆောက်ခဲ့ကြသည်။ အဆိုပါကားလမ်းများသည် ယူနန် အနောက်မြောက်ပိုင်း ကုန်းပြင်မြင့်မှ မြစ်နီ၏ ကမ်းပါးဒေသသို့၊ ဦးမိန်တောင်တန်းမှ လန်ချန်းမြစ်ကမ်းသို့၊ နွေဦးမြို့ကူမင်းမှ နယ်စပ်ကျေးရွာများသို့ ရောက်ရှိနိုင်သည့် ရောင်စုံလှပသော ယူနန်ပြည်နယ်ကို ချိတ်ဆက်ထားသည်။
ယူနန်ပြည်နယ်ရှိ နိုင်ငံတော်ပိုင်ကုန်းလမ်းနှင့် ပြည်နယ်အဆင့် ကုန်းလမ်းများဖြစ်စေ၊ ကျေးလက်လမ်းများဖြစ်စေ စိမ်းလန်းစိုပြေမှုနှင့် လှပမှု ရှိကြသည်။ ဤကားလမ်းများအလိုက် ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုးကို ခံစားခြင်းသည် စိမ်းလန်းလှပသော ယူနန်ပြည်နယ်ကို တည်ဆောက်ရန် စူးစမ်းလေ့လာမှုသစ်နှင့် လက်တွေ့ဆောင်ရွက်မှုသစ် ဖြစ်သည့်အပြင် ယူနန်ပြည်နယ်၏ စီးဆင်းနေသည့် အစိမ်းရောင် ဂေဟစနစ် အမည်ကတ်ပြားတစ်ချပ် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့






















