ယူနန်ပြည်နယ် ဝင်ဆန်းပြည်နယ်ခွဲ ချူပေခရိုင် ပါးတောက်ရှောင့်မြို့နယ်ရှိ ကြာပန်းကန်တွင် ငှက်များ ပျံသန်းနေကြ
2024-08-05 17:50|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နွေခေါင်ခေါင်သော ဇူလိုင်လသည် ကြာပန်းများ ဝေဝေဆာဆာ ပွင့်ဖူးကြသည့် အချိန်ကောင်း ဖြစ်သည်၊ ယူနန်ပြည်နယ် ဝင်ဆန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ချူပေခရိုင် ပါးတောက်ရှောင့်မြို့နယ် ပိုင်လျမ်ဆန်ရွာ၌ မိုပေါင်း ၅၀၀ ကျယ်ဝန်းသော ကြာပန်းကန်သည် ရှုခင်းသာယာလှပ၍ ငှက်အမျိုးမျိုးသည် ကြာပန်းကန်ထဲတွင် ပျံသန်းနေကြသည်။
ငှက်များသည် ကြာခွက်ပေါ်တွင် ဆိုက်ကပ်ပြီး အနားယူကြလိုက် ကြာပန်းအကြားတွင် ပျံသန်းပြီး ကစားကြလိုက်နှင့် ဆိတ်ကွယ်ငြိမ်းအေးသော ကြာပန်းကန်အတွက် နွေရာသီ၏ သက်ဝင်အားကို တိုးဖြည့်ပေးကာ သဘာဝလောကကြီး ပြေပြစ်စွာ အတူနေထိုင်ပြီး ဂေဟပတ်ဝန်းကျင် ကောင်းမွန်လှပသည့် လယ်တောပန်းချီကားကို ပေါ်လွင်လာစေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Song Jianbo
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း












