"ယူနန်ရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ လူချွန် စူပါမားကတ်" ကို ကူမင်းတွင် တည်ထောင်ခဲ့
2024-07-19 11:35|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော "ယူနန်ရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ လူချွန် စူပါမားကတ်" ကို ယူနန် (ကူမင်း ကွမ်းသုရပ်ကွက်) နိုင်ငံတကာ လူ့စွမ်းအား အရင်းအမြစ်များ ဝန်ဆောင်မှုလုပ်ငန်းဇုန်တွင် တည်ထောင်ခဲ့ပါသည်။
"ယူနန်ရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ လူချွန် စူပါမားကတ်"သည် ယူနန်ပြည်နယ်တွင် ရပ်တည်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူ၍ နိုင်ငံတကာ လူ့စွမ်းအားအရင်းအမြစ်များနှင့် လူချွန်များ တူးဖော်သုံစွဲမှုကို မြှင့်တင်ခြင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများနှင့် လူချွန်များ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအရေးကိစ္စနှင့် ကူးသန်းရောင်းဝယ်ရေးကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် လူချွန်ထောက်ပံ့မှုကို အားကောင်းစေခြင်း တို့ကို အဓိကရည်မှန်းချက်များဖြင့် လူချွန်အမျိုးမျိုးအတွက် အရည်အသွေးကောင်းမွန်သော၊ စွမ်းဆောင်ရည်မြင့်သော န်ဆောင်မှုများကို ထောက်ပံ့ပေးပြီး ယူနန်ပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးမည် ဖြစ်သည်။ ယခုတွင် လူရည်ချွန်များ ပထမအသုတ်၊ ၁၆၆ ဦးသည် "ယူနန်ရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ လူချွန် စူပါမားကတ်" ၏ လူချွန်အဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်၍ နိုင်ငံတကာ ကုန်သွယ်ရေးကုမ္ပဏီများသည် လူရည်ချွန်အချို့သို့ "သံလွင်ခက်"ကို ပေးခဲ့ပြီ ဖြစ်သည်။
"ယူနန်ရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ လူချွန် စူပါမားကတ်"၏ တည်ထောင်ခြင်းသည် ယူနန်ပြည်နယ်ကို တရုတ်နိုင်ငံမှ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသည့် လူချွန်များ ပြုစုပျိုးထောင်ခြင်း မြေမြင့်သစ်နှင့် ဒေသတွင်း လူချွန်စင်တာဖြစ်ရန် တည်ဆောက်သည့်အတွက် သစ်လွင်သော အလုပ်အကိုင်ပလက်ဖောင်းကို ထူထောင်ခဲ့ပြီ ဖြစ်၍ ယူနန် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်းကြီးဌာန၏ ယူနန်ပြည်နယ် ပါတီကော်မတီ၏ "3815 (၃ နှစ်အတွင်း နောက်တစ်ဆင့်တက်ရန်၊ ၈ နှစ်အတွင်း ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်၊ ၁၅ နှစ်အတွင်း ကြီးမားသော ကျော်လွန်မှုကို ရရှိရန်)" မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို နီးကပ်စွာ မှီခိုပြီး တရုတ်နိုင်ငံမှ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူ ဖြာထွက်ရာစင်တာ တည်ဆောက်ရန် ဝန်ဆောင်ပေးသည့် ဆောင်ရွက်ချက်သစ်လည်း ဖြစ်သည်။ နောက်တစ်ဆင့်တွင် ယူနန် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်းကြီးဌာနသည် သက်ဆိုင်ရာဌနများနှင့် လူချွန်များနှင့် နီးကပ်စွာ ချိတ်ဆက်ပြီး "ယူနန်ရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ လူချွန် စူပါမားကတ်"ကို ကောင်းမွန်အောင် တည်ဆောက်ရန်၊ လည်ပတ်ရန်၊ အသုံးပြုရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားမည် ဖြစ်၍ "လူချွန်ဝန်ဆောင်မှု" နှင့် "လူချွန်ကို ဝန်ဆောင်ပေးမှု" တို့ဖြင့် အလုပ်၏ အရေးကြီးသောကဏ္ဍ အဖြစ် ယူနန်ပြည်နယ် လူ့စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာ တူးဖော်သုံစွဲရန် ကူညီပေးမည် ဖြစ်သည်။
昆明信息港讯(昆明日报 记者孙潇)近日,“云南南亚东南亚人才超市”在云南(昆明官渡)国际人力资源服务产业园成立。
“云南南亚东南亚人才超市”立足云南、面向南亚东南亚,以促进国际人力资源和人才开发、推动与南亚东南亚国家人才交流合作、强化跨境商务和贸易高质量发展人才支撑为主要目标,为各类人才提供优质、高效的人才服务,助力云南省人力资源产业发展。目前,已有首批166名优秀人才进入“云南南亚东南亚人才超市”人才库,多家国际贸易企业向部分优秀人才抛出“橄榄枝”。
“云南南亚东南亚人才超市”的成立,为云南建设成为我国面向南亚东南亚人才新高地和区域性人才中心搭建了新的工作平台,是云南人社部门紧扣省委“3815”战略发展目标、服务我国面向南亚东南亚辐射中心建设的新举措。下一步,云南人社部门将密切联动相关单位和人才,努力把“云南南亚东南亚人才超市”建好、办好、用好,以“人才服务”和“服务人才”为工作抓手,助力云南省人力资源有效开发利用。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ