၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ကော်ဖီလုပ်ငန်းပြတိုက်ကို စီစဉ်မည်

2024-07-18 17:48|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၈ ကြိမ်မြောက် တရုတ် ကူမင်း သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို ကူမင်းမြို့၌ ကျင်းပမည် ဖြစ်ပြီး ကော်ဖီလုပ်ငန်းပြတိုက်သည် တစ်မျိုးတည်းသော ကုန်ပစ္စည်းအထူးပြတိုက်အဖြစ် ဤပြပွဲတွင် ပထမအကြိမ် ပါဝင်မည် ဖြစ်သည်။

ကော်ဖီလုပ်ငန်းပြတိုက်သည် ကော်ဖီစက်မှုကွင်းဆက် တစ်ခုလုံးကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ပြီး ကော်ဖီစိုက်ပျိုးရေး၊ ဆွတ်ခူးခြင်း၊ အချောကိုင်ခြင်း၊ သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်း စသည့် စက်မှုကွင်းဆက် တစ်ခုလုံးမှ ရှေ့တန်းကျနည်းပညာနှင့် ထုတ်ကုန်များကို ပြသမည် ဖြစ်သည်။ ၎င်းသည် တရုတ်နှင့် အခြားနိုင်ငံများအကြားမှ ကော်ဖီယဉ်ကျေးမှု ရောနှောပေါင်းစပ်ရေးကို မြှင့်တင်ရန်၊ ကော်ဖီလုပ်ငန်းများအကြားမှ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ကူးသန်းရောင်ဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှု၊ စက်မှုလုပ်ငန်း ကူးလူးဖလှယ်မှု၊ ပြိုင်ပွဲနှင့် လှုပ်ရှားမှု၊ လက်တွေ့ခံစားမှုတို့ကို ပေါင်းစပ်ထားသော အပြည်ပြည်ဆိုင်ရာ ကူးလူးဖလှယ်မှု ပလက်ဖောင်းကို ဖန်တီးရန် ရည်ရွယ်သည်။

昆明信息港讯 7月23日至28日,第8届中国—南亚博览会暨第28届中国昆明进出口商品交易会将在昆明举办,咖啡产业馆首次作为单品类专业展馆亮相南博会。

咖啡产业馆以服务咖啡全产业链为目标,展示咖啡种植、采摘、加工、存储、制作、包装等全产业链的先进技术与产品。旨在加强中国与其他国家之间咖啡文化融合,促进咖啡行业间的交流与合作,打造集贸易合作、商务洽谈、行业交流、赛事活动、沉浸体验于一体的国际交流平台。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်