ဝယ်ယူရေးကုန်သည် အယောက် ၂၃၀၀ ကျော်သည် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တက်ရောက်ရန် နာမည်စာရင်းပေးသွင်းခဲ့

2024-07-18 17:45|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည် ဖြစ်ပြီး ပြပွဲတွင် အစိမ်းရောင်စွမ်းအင်၊ ခေတ်မီစိုက်ပျိုးရေး၊ ဆေးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စသည့် တောင်အာရှနိုင်ငံများနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ရှေ့အလားအလာ ပိုမိုကောင်းမွန်သည့် လုပ်ငန်းများကို ဘက်ပေါင်းစုံ ပြသမည် ဖြစ်သည်။ လက်ရှိအချန်တွင် နိုင်ငံရပ်ခြား နိုင်ငံ၊ ဒေသနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းပေါင်း ၈၁ ခုနှင့် ပြည်တွင်း ပြည်နယ် (ဒေသ၊ မြို့) ၂၇ ခု တို့သည် ပြပွဲတွင် ပါဝင်ပြသရန် အတည်ပြုခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် ပြပွဲတွင် ပါဝင်ပြသရန် နာမည်စာရင်းပေးသွင်းသည့် လုပ်ငန်းကုမ္ပဏီ အခုပေါင်း ၂၀၀၀ နီးပါး ရှိ၍ ၎င်းတို့အနက် တစ်ဝက်နီးပါးမှာ တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများအားလုံးရှိ နိုင်ငံရပ်ခြား ကုမ္ပဏီများ ဖြစ်ကြသည်။ ပါဝင်ပြသသည့် လုပ်ငန်းကုမ္ပဏီများကို ပြပွဲမှ အကျိုးအမြတ် ပိုမိုရရှိစေရန်နှင့် ရောင်းဝယ်ရေးနှင့် လက်မှတ်ရေးထိုးမှုကို မြှင့်တင်ရန်အတွက် ဝယ်ယူရေးကုန်သည်များကို ပြပွဲတက်ရောက်ရန် ရည်ညွှန်းစီစဉ်သွားမည် ဖြစ်ကာ နာမည်စာရင်းပေးသွင်းသည့် ဝယ်ယူရေးကုန်သည်များမှာ အယောက် ၂၃၀၀ ကျော် ရှိခဲ့ပြီ ဖြစ်သည်။

ဤအကြိမ် ကုန်စည်ပြပွဲတွင် Country of Honor ဖြစ်သည့် ပါကစ္စတန်နိုင်ငံ အတွက် Country of Honor ပြခန်းဧရိယာကို သီးသန့်စီစဉ်ပေးသည်။ ကုန်စည်များ ပြသသည့်အပြင် တောင်အာရှနိုင်ငံ၏ ပြခန်းနေရာအသီးသီးတွင် ဓာတ်ပုံရိုက်ရာနေရာ တစ်ခုကို ထောင်လိုက်ပြီး တောင်အာရှနိုင်ငံများ၏ ထူးခြားသော သဘာဝနှင့် လူမှုရေးဆိုင်ရာ အခြေအနေများကို အပြည့်အဝ ပြသနိုင်ရန် ရည်ရွယ်ထားသည်။

昆明信息港讯 第8届南博会将于7月23日至28日在云南昆明举行,将全面展示绿色能源、现代农业、医疗康养、文化旅游等与南亚国家经贸合作潜力较大的产业。目前已有境外81个国家、地区和国际组织,境内27个省(区、市)确认参展参会。

目前,报名进馆参展的企业近2000家,其中近一半是境外企业,涵盖了南亚、东南亚所有国家。为了让参展企业更好地从展会获益,促进成交签约,将有针对性地组织采购商到会,已报名的参会采购商超2300家。

本届南博会为主题国巴基斯坦专门设置了主题国展区。除展品展示以外,还将在每个南亚国家展区设置一个打卡点,充分呈现南亚各国独特的自然、人文风情。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်