ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးပမာဏနှင့် အရည်အသွေးတို့သည် တိုးလာခဲ့
2024-07-12 16:58|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုနှစ် ပထမနှစ်ဝက် (ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ) အတွင်း တရုတ်-လာအို ရထားလမ်းတွင် ခရီးသည် အယောက်ပေါင်း ၉.၈၉၆ သန်းကို ပို့ဆောင်ခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၅.၉ ရာခိုင်နှုန်း တိုးလာခဲ့၍ ၄င်းတို့အနက် ပြည်တွင်းလမ်းပိုင်းတွင် ခရီးသည် အယောက်ပေါင်း ၈.၁၂ သန်းကို ပို့ဆောင်ခဲ့ပြီးနှင့် ပြည်ပလမ်းပိုင်းတွင် ခရီးသည် အယောက်ပေါင်း ၁.၇၇၆ သန်းကို ပို့ဆောင်ခဲ့သည် ဖြစ်ကြောင်း၊ ရထားလမ်းတစ်လျှောက်လုံးတွင် ကုန်စည်ပမာဏ တန်ပေါင်း ၁၀.၀၄၉ သန်းကို သယ်ယူပို့ဆောင်ခဲ့ပြီး ၄င်းတို့အနက် ပြည်တွင်းလမ်းပိုင်းတွင် တန်ပေါင်း ၆.၆၅၇ သန်းကို သယ်ယူပို့ဆောင်ခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၇.၁ ရာခိုင်နှုန်း တိုးလာခဲ့၍ ပြည်ပလမ်းပိုင်းတွင် တန်ပေါင်း ၃.၃၉၂ သန်းကို သယ်ယူပို့ဆောင်ခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၃၃.၄ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်ကြောင်း၊ ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးတို့သည် ပြိုင်တူ တိုးတက်လာပြီး တရုတ်နှင့် လာအို နှစ်နိုင်ငံတို့အကြားမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဖလှယ်မှုတို့ကို ပိုမိုကောင်းမွန်စွာ တိုးမြှင့်ခဲ့သည် ဖြစ်ကြောင်း သတင်းထောက်က China Railway Kunming Group Co.,Ltd. မှ သိရှိရခဲ့ပါသည်။
ပထမနှစ်ဝက်အတွင်း တရုတ်-လာအို ရထားလမ်းတွင် ခရီးသည် သယ်ယူပို့ဆောင်ရေး ပမာဏသည် ဖြည်းဖြည်းနှင့်မှန်မှန် တိုးတက်လာခဲ့ပြီး ခရီးသည်တင်ရထား အစီးပေါင်း ၃၁၉၄၆ ကို ခုတ်မောင်းပြေးဆွဲခဲ့ပြီး နေ့စဉ်ပို့ဆောင်သည့် ခရီးသည် အများဆုံးသည် ၁၀.၂၅ သောင်းအထိ ရှိရှောက်ခဲ့၍ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ ရောနှောပေါင်းစပ်စေသည့် နှောင်ကြိုးဖြစ်ရန် အကျိုးတက်ရောက်မှုများ တစ်ဆင့်တိုးပြီး ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် တရုတ်-လာအို ရထားလမ်းတွင် ကုန်စည် သယ်ယူပို့ဆောင်ရေး ပမာဏလည်း ဆက်တိုက်တိုးတက်လာခဲ့ပြီး ကုန်တင်ရထား အစီးပေါင်း ၉၁၈၁ ကို ခုတ်မောင်းပြေးဆွဲခဲ့သည် ဖြစ်သည်။ ၎င်းအနက် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဒူးရင်းသီးနှင့် သရက်သီး စသည့် သွင်းယူလာသော သစ်သီးဝလံ သေတ္တာ ၄၉၁၆ လုံး၊ တန်ချိန် ၉.၆ သောင်းကို သယ်ယူပို့ဆောင်ခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၅.၆ သောင်း တိုးလာခဲ့ပြီး တိုးနှုန်း ၁၄၀.၂ ရာခိုင်နှုန်းရှိ၍ သွင်းယူလာသော သစ်သီးဝလံများဆိုင်ရာ အအေးထိန်း သယ်ယူပို့ဆောင်ရေး ပမာဏသည် ထင်ထင်ရှားရှား တိုးတက်လာခဲ့သည်။
ဇွန်လကုန်အထိ တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး ကွန်ရက်သည် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စသည့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" အတူတည်ဆောက်ကြသည့် နိုင်ငံ ၁၂ ခုနှင့် ပြည်တွင်း ပြည်နယ် (ဒေသ၊ မြို့) ၃၁ ခုရှိ အဓိကမြို့များသို့ ဖြာထွက်ခဲ့ပြီ ဖြစ်၍ တရုတ်နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ် နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုကို ထိရောက်စွာ တိုးချဲ့ခဲ့ပြီ ဖြစ်သည်။
昆明信息港讯 记者上官艳君 记者从中国铁路昆明局集团有限公司获悉,今年上半年(1月1日至6月30日),中老铁路累计发送旅客达989.6万人次,同比增长15.9%,其中国内段发送旅客812万人、国外段发送177.6万人。全线累计发送货物1004.9万吨,其中国内段665.7万吨,同比增长7.1%,国外段339.2万吨,同比增长33.4%。客货运输齐头并进,较好拉动了中老两国区域经济发展和人文交流。
上半年,中老铁路旅客运输稳步增长,累计开行旅客列车31946列,单日发送旅客最高达10.25万人次,进一步发挥了文旅交融的纽带作用。同时,中老铁路货物运输持续增长,开行货物列车9181列。其中,运输老挝和泰国的榴莲、山竹等进口水果4916箱、9.6万吨,同比增长5.6万吨,增幅140.2%,进口水果冷链运输增量显著。
截至6月底,中老铁路客货运输服务网络已辐射至老挝、泰国、越南、缅甸等12个“一带一路”共建国家以及国内31个省(区、市)的主要城市,有效扩大了中国与中南半岛国家间的经贸往来。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ