ယူနန်ပြည်နယ် မီလေ့မြို့တွင် ဂေဟပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာ သောကြောင့် ငှက်များကို အနားနေရန် ဆွဲဆောင်လာ
2024-07-12 16:28|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ) ဤနှစ်များတွင် ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မီလေ့မြို့သည် ရေကန်များနှင့် စိုစွတ်မြေများ၏ ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြန်လည်ကောင်းမွန်လာရေးတို့ကို အားသွန်ခွန်စိုက် မြှင့်တင်ဆောင်ရွက်ခဲ့၍ အမို ၄၅၅၀ ကျော် ကျယ်ဝန်းသော၊ ရေကန်မျက်နှာပြင် အကြီးအငယ် အမို ၁၇၀၀ နှင့် စိုစွတ်မြေ အမို ၅၀၀ ကျော် ရှိသည့် ရေကန်ရေအိုင် ဂေဟဥယျာဉ်များကို တည်ဆောက်ခဲ့ပြီ ဖြစ်သည်။ ယခုတွင် ကောင်းမွန်သော ဂေဟပတ်ဝန်းကျင်များသည် ငန်းများ၊ ဗျိုင်းနှမ်းများ၊ ညဉ့်ငှက်များ စသည့် မျိုးစိတ် ၁၄ မျိုး၊ ရေငှက် အကောင် တစ်ထောင်ကျော်ကို ဂေဟဥယျာဉ်ထဲ၌ တစ်နှစ်လုံး အနားနေရန် ဆွဲဆောင်နေပြီ ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့












