ယူနန်ပြည်နယ် ရွှင်တျန့်ခရိုင်တွင် တောင်မြင့်မြက်ခင်းပြင်သည် ခရီးသည်များကို ဆွဲဆောင်လာ
2024-07-12 16:17|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နွေရာသီတွင် ယူနန်ပြည်နယ် ကူမင်းမြို့ ရွှင်တျန့် ဟွေလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၌ တည်ရှိသော ပေတာ့ယင်မြက်ခင်းပြင်တွင် နွားများနှင့် သိုးများ အစုလိုက် အအုပ်လိုက်ရှိပြီး မြက်ပြင်ရှုခင်းများမှာ သာယာ၍ ကြည်နူးဖွယ်ကောင်း၍ ခရီးသည်များကို လာရောက်လည်ပတ်ကြည့်ရှုရန် ဆွဲဆောင်နေပါသည်။ ရွှင်တျန့်ခရိုင် ပေတာ့ယင်မြက်ခင်းပြင်၏ ဧရိယာသည် အမို ၂ သောင်းကျော် ရှိ၍ နိမ့်ချည်မြင့်ချည် မပြတ်မလပ် ဆက်စပ်လျက်ရှိသော မြက်ခင်းပြင်များ၊ နေရာအနှံ့ရှိ နွားများ၊ သိုးများ၊ မြင်းကောင်းများနှင့် ထူးခြားသော ကျောက်တုံးကြီးများကို မြက်ခင်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး အနိမ့်အမြင့် ရောယှက်၍ နေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








