၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
2024-07-12 16:12|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးတွဲပြီး ဦးစီးကျင်းပသည့် ၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၈ ကြိမ်မြောက် တရုတ် ကူမင်း သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည် ဖြစ်သည်။
၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် "ပထမ" နှစ်ခုကို အကောင်အထည်ဖော်မည် ဖြစ်၍ ၎င်းတို့သည် ပထမအကြိမ် ကုန်ပစ္စည်းအမျိုးအစားအလိုက် သီးခြားပြခန်းဧရိယာများကို ပိုင်းခြားစီစဉ်ခြင်းနှင့် ပထမအကြိမ် ပြည်ပကုန်သွယ်ရေး အထွေထွေဝန်ဆောင်မှုဇုန်ကို ထောင်လိုက်ခြင်း ဖြစ်၍ ပြပွဲ၏ အရည်အသွေး၊ အကျိုးသက်ရောက်မှုနှင့် ဈေးကွက်ဖော်ဆောင်ရေး၊ အထူးပြုဆောင်ရွက်ရေးအဆင့်များကို အဆက်မပြတ် မြှင့်တင်ပေးမည်။
ဤအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည်လည်း "၁၅" နှစ်ခုကို ဖော်ဆောင်မည် ဖြစ်၍ ၎င်းတို့သည် အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် တစ်ပြိုင်နက် ကျင်းပမည် ဖြစ်ပြီး အော့ဖ်လိုင်းတွင် ပြတိုက် ၁၅ ခုကို စီစဉ်ပြီး ပြပွဲဧရိယာမှာ စတုရန်းမီတာ ၁၅ သောင်း ဖြစ်၍ အွန်လိုင်းပေါ်တွင် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၏ အွန်လိုင်းပလက်ဖောင်းကို စီစဉ်ပြီး အွန်လိုင်းပြသခြင်း၊ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် အွန်လိုင်းစေ့စပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်သည်။
၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် ကုန်စည် ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ပလက်ဖောင်း၏ အကျိုးသက်ရောက်မှုကို တစ်ဆင့်တိုးပြီး ထုတ်ဖော်၍ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု"ကို အတူတကွ တည်ဆောက်ရန် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်သည်။ ပြပွဲတက်ရောက်ရန် နာမည်စာရင်းပေးသွင်းရန်၊ ကြီးကျယ်ခမ်းနားသော တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို အတူဆင်နွဲကူပံ့ရန်၊ အနာဂတ် စီးပွားရေး အခွင့်အလမ်းများကို ပူးတွဲဖလှယ်ရန်၊ "ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး" ကို အတူတကွ တွေ့ကြုံခံစားရန် ယူနန်ပြည်နယ်သည် ပြည်တွင်းပြည်ပ နယ်ပယ်အသီးသီးမှ မိတ်ဆွေများအား ကူမင်းကို လာရောက်ရန် စိတ်ရင်းစေတနာမှန်ဖြင့် ဖိတ်ကြားနေပြီ ဖြစ်သည်။
တရားဝင်ဝဘ်ဆိုဒ်။ https://www.csa-expo.com/
တရားဝင် WeChat
昆明信息港讯 由商务部、云南省人民政府共同主办的第8届中国—南亚博览会暨第28届中国昆明进出口商品交易会将于2024年7月23日至28日在昆明举办。
第8届南博会将实现两个“首次”:首次按产品类别划分专业馆展区,首次设立外贸综合服务区,不断提升展会质效和市场化、专业化水平。
本届南博会还将达到两个“15”:线上线下同步举办,线下设置15个展馆,展览面积15万平米;线上搭建云上南博平台,举办云展示、云直播、云洽谈。
第8届南博会将进一步发挥货物贸易、投资促进、旅游合作和文化交流的平台作用,推动共建“一带一路”高质量发展。云南诚挚邀请国内外各界朋友莅临昆明,报名参展参会,共襄南博盛事,共话未来商机,共同体验“有一种叫云南的生活”。
官微:中国南亚博览会EXPO
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
- ယူနန်ပြည်နယ်၏ ပန်းလုပ်ငန်းများကိုယ်စားလှယ်အဖွဲ့သည် အလယ်အာရှ ပရော်ဖက်ရှင်နယ်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့




