"ယူနန်တောရိုင်းမှို"ကို စျေးတွင် စတင်ရောင်းချ၍ တောင်သူလယ်သမားများကို ဝင်ငွေတိုးအောင် ကူညီပေး
2024-06-28 18:00|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော ယူနန်ပြည်နယ် ဖူအော်မြို့ ကျင်ဂို တိုင်လူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဗန့်ဖိုးမြို့နယ်ရှိ တောရိုင်းမှိုများကို စျေးတွင် အများအပြား စတင်ရောင်းချနေသည်။ တောရိုင်းမှိုအဝယ်ဒိုင်၌ Collybia albuminosa၊ Russula sanguinaria နှင့် Tylopilus eximius (Peck) Singer စသည့် တောရိုင်းမှိုအမျိုးမျိုး စုံစုံလင်လင်ရှိ၍ ဝယ်ယူသည့် လူများသည် အမျှင်မပြတ် ရောက်လာနေကြပြီး အလွန်စည်ကားသည်။
"ဒီနေ့ မနက်မိုးလင်းတော့ တောရိုင်းမှို ကောက်ယူဖို့ ငါ့အိမ်နောက်က တောင်ပေါ်ကို သွားပြီး လေးနာရီမပြည့်ခင်မှာပဲ ပလိုင်းတစ်ခုပြည့်စေပါတယ်။ ဒီနှစ် မိုးပေါများတာကြောင့် တောရိုင်းမှိုတွေကို စျေးမှာ စတင်ရောင်းချတဲ့ အချိန်ဟာ အရင်နှစ်တွေထက် တစ်လလောက် ပိုစောပြီး နံနက်ခင်းမှာ တောရိုင်းမှိုအကုန်လုံး ရောင်းချပြီးတော့ လယ်မြေထဲကို ပြန်သွားပြီး တခြား ကုန်ထုတ်လုပ်ရေးကို လုပ်နိုင်ပြီး တစ်နေ့သာ ဝင်ငွေ နှစ်ခုကို ရနိုင်ပါတယ်။" ဟု တောင်သူလယ်သမား ကျန်းဇုန်က ဝမ်းသာအားရ ပြောဆိုခဲ့သည်။
ယခုနှစ်များတွင် ဂေဟပတ်ဝန်းကျင် ကောင်းမွန်လာသည် နှင့်အမျှ ကျင်ဂိုခရိုင် ဗန့်ဖိုးမြို့နယ်၌ နှစ်စဉ် နွေရာသီနှင့် ဆောင်းဦးရာသီတို့သို့ ဝင်ရောက်ပြီးနောက် သဘာဝလောကကြီး မှလာသည့် အဖိုးတန်ပြီး ရှားပါးသော စားကောင်သောက်ဖွယ် တစ်နေ့ထက်တစ်နေ့ ပိုများလာ၍ တောရိုင်းမှိုသည် ဒေသခံ တောင်သူလယ်သမားများအတွက် ဝင်ငွေတိုးစေသည့် လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်၊ ဗန့်ဖိုးမြို့နယ်၌ တောရိုင်းမှိုဆိုင်ရာ လယ်သမား အိမ်ထောင်စု ၁ ထောင်ခန့် ရှိပြီး ပျမ်းမျှအားဖြင့် အိမ်ထောင်စု တစ်စုလျှင် ယွမ် ၃၀၀၀ ခန့် ဝင်ငွေတိုးနိုင်သည်ကာ ဒေသအလိုက် သင့်တော်သည့် နည်းလမ်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး တောရိုင်းမှိုလုပ်ငန်းသည် ဒေသခံများအား "အစိမ်းရောင် ထမင်းအိုး"ကို ယူဆောင်နိုင်စေပြီး "ဂေဟထမင်း"ကို စားနိုင်စေသည် ဖြစ်သည်။
近日,云南省普洱市景谷傣族彝族自治县半坡乡的野生菌大量上市。在野生菌集中收购点,鸡枞菌、大红菌、羊肝菌等各类野生菌应有尽有,前来购买的人络绎不绝,十分热闹。
“今天天刚亮我就到家后的山上捡拾野生菌,不到四个小时,满满一背篓的野生菌就被我‘收入囊中’”。菌农姜荣高兴地说,“由于今年雨水充沛,野生菌上市较早,较往年提前了一个月左右,早上卖完菌子还能回到地里忙其它生产,一天可赚两份钱。”
近年来,随着生态环境的改善,景谷县半坡乡每年进入夏秋季节,大自然的珍馐馈赠越来越多,野生菌已成为当地群众的一项增收产业,半坡乡“菌农”约1000户,平均每户可增收3000元左右,靠山吃山,野生菌产业让当地群众端起“绿饭碗”,吃上“生态饭”。(景谷县融媒体中心 王景)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု