ဤနှစ် ပထမငါးလအတွင်း တရုတ်-လာအို ရထားလမ်းတွင် သွင်းကုန်ပို့ကုန် သယ်ယူပို့ဆောင်ရေးပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၃၁ ရာခိုင်နှုန်း တိုးလာခဲ့
2024-06-28 17:55|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ကူမင်းအကောက်ခွန်ဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ ဤနှစ် ဇန်နဝါရီလမှ မေလအထိ ကူမင်းအကောက်ခွန်ဌာနမှ စောင့်ကြပ်သည့် တရုတ်-လာအို ရထားလမ်းမှ သွင်းကုန်ပို့ကုန်သည် တန်ချိန် ၂၃၀ သောင်း ရှိပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၃၁ ရာခိုင်နှုန်း တိုးလာခဲ့ကာ တရုတ်-လာအို ရထားလမ်းတွင် ခုတ်မောင်းပြေးဆွဲသည့် နိုင်ငံတကာ ကုန်တင်ရထားသည် စုစုပေါင်း ၃၀၇၆ စီးရှိပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၃၀.၆ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်ကြောင်း သိရှိရသည်။
မိုဟန်ရထားလမ်းဆိပ်ကမ်း တည်ဆောက်ရေး၏ နက်ရှိုင်းစွာ ရှေ့သို့တွန်းတင်ခြင်း နှင့်အမျှ ပြည်ဝင်လာသည့် သစ်သီးဝလံများ၊ စားနပ်ရိက္ခာများနှင့် အအေးထိန်းရေထွက်ပစ္စည်းများအတွက် သတ်မှတ်ထားသော စောင့်ကြပ်ရာနေရာကို ရှေ့စဉ်နောက်ဆက် စတင်အသုံးပြုခဲ့၍ တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် သယ်ဆောင်ပို့ဆောင်သည့် သွင်းကုန်ပို့ကုန် အမျိုးအစားသည် အစအဦးဆုံးတွင် ၅၀၀ ကျော်မှ ယခု ၃၀၀၀ ကျော်အထိ တိုးချဲ့လာခဲ့သည်၊ ကုန်တင်ရထားသည် စတင်ဖွင့်လှစ်ချိန်တွင် နေ့စဉ်ပျမ်းမျှ ၂ စီး မှ အစီး ၂၀ အထိ တိုးလာခဲ့သည်၊ ကုန်စည်ပို့ဆောင်ရေး ပမာဏသည် ဖွင့်လှစ်ခဲ့သည့် ပထမလတွင် တန်ချိန် ၄.၁ သောင်းမှ တစ်လ တန်ချိန် ၄၀ သောင်းကျော်အထိ လျင်မြန်စွာ တိုးလာခဲ့သည်။ တရုတ်နိုင်ငံထုတ် စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်ထုတ်ကုန်များ၊ Photovoltaic များ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ သဘာဝရော်ဘာများ၊ အပူပိုင်းဒေသသစ်သီးများ စသည့် တစ်နေ့ထက်တစ်နေ့ ပိုများသော ထုတ်ကုန်ပစ္စည်းများကို တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် တင်သွင်းတင်ပို့ခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


