ယူနန်ပြည်နယ် ချူပေခရိုင်တွင် နွေရာသီဒုတိယလမှ ရှုခင်းများ ပန်းချီကဲ့သို့ လှပ
2024-06-28 17:46|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နွေရာသီဒုတိယလတွင် ယူနန်ပြည်နယ် ဝေဆန်း ကျွမ့်လူမျိုး မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ချူပေခရိုင်မှ နေရာအနှံ့တွင် ရှုခင်းများ ပန်းချီကဲ့သို့ သာယာလှပသည်။ ချူပေခရိုင် ဆေတယ်မြို့နယ်ရှိ မြက်ခင်းပြင်ရှုခင်းသာရပ်ကွက် တစ်ခုထဲတွင် ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂၀၀၀ ကျော် မြင့်သော မြက်ခင်းပြင်သည် မပြတ်မလပ်ဘဲ ဆက်စပ်ပြီး မြင့်ချည်နိမ့်ချည် ဖြစ်နေ၍ မြက်ခင်းပြင်ပေါ်တွင် လေရဟတ်များ ဖြည်းညှင်းစွာ လှည့်လိုက်နေသည်၊ ကောင်းကင်ပြာနှင့် တိမ်ဖြူအောက်တွင် ခေတ်မီစက်မှုလုပ်ငန်း သိပ္ပံနှင့်နည်းပညာများသည် သဘာဝရှုခင်းများနှင့်အတူ လှပသော ပန်းချီကားလိပ်တစ်ချပ်ကို ဖွဲ့စည်းဖြစ်လာသည်။
ချူပေခရိုင် ဖူကျယ်ဟေး အမျိုးသားအဆင့် AAAAA အဆင့် ရှုခင်းသာရပ်ကွက်နှင့် အမျိုးသားစိုစွတ်မြေဥယျာဉ်ထဲတွင် ဧရိယာ အမို သောင်းနှင့်ချီသော ကြာပန်းကန်ထဲမှ ကြာပန်းများ ရှေ့စဉ်နောက်ဆက် ပွင့်ဖူးနေကြ၍ ထူးခြားသော ကတ်စ(ထ) ထုံးကျောက်မြေအသွင် တောတောင်ရေမြေရှုခင်းများသည် ခရီးသည်များကို လာရောက်ကြည့်ရှုလည်ပတ်ရန် ဆွဲဆောင်နေကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း


















