မဟာမဲခေါင်ဒေသခွဲ နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေး စမ်းသပ်ပြေးဆွဲမှုကို ကူမင်း၌ စတင်ခဲ့
2024-06-27 16:00|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇွန်လ ၂၂ ရက်နေ့တွင် မဟာမဲခေါင်ဒေသခွဲ နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေး စမ်းသပ်ပြေးဆွဲခြင်းလှုပ်ရှားမှုကို ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့၍ ကုန်တင်ကား ၅ စီးနှင့် ခရီးသည်တင်ကား ၂ စီးတို့ဖြင့် ဖဲ့စည်းသည့် ယာဉ်တန်းသည် ကူမင်းမြို့မှ စတင်ထွက်ခွာပြီး မိုဟန်ကားလမ်းဆိပ်ကမ်း မှတစ်ဆင့် ပြည်ထွက်၍ လာအို၊ ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းသွားကာ နောက်ဆုံးတွင် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်ဖြစ်သည့် ဖနွမ်းပင်သို့ ရောက်ရှိမည် ဖြစ်သည်။
ဤအကြိမ် စမ်းသပ်ပြေးဆွဲမှုလမ်းကြောင်းသည် စုစုပေါင်း ကီလိုမီတာ ၂၅၀၀ ခန့် ရှည်လျားပြီး ခရီးစဉ်မှာ ၆ ရက်ခန့် ကြာသည်။ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ သယ်ယူပို့ဆောင်ရေး၊ ပြည်ပဆက်ဆံရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်တော် စသည့် ဌာနများမှ ကိုယ်စားလှယ်များသည် ယာဉ်တန်းနှင့်အတူ စုံစမ်းလေ့လာပြီး လမ်းတစ်လျှောက်မှ အခြေခံအဆောက်အအုံများ၏ အခြေအနေများကို လက်တွေ့စုံစမ်းကြည့်ရှု၍ အခြားလမ်းကြောင်းများကို တိုးချဲ့ရန်နှင့် ထပ်မံဆန့်တန်းစေရန် စသည်တို့ကို သုသေသနပြုကြသည်။ စမ်းသပ်ပြေးဆွဲခြင်း ပြီးဆုံးပြီးနောက် နိုင်ငံများသည် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ် (CBTA) ၏ ဖော်ဆောင်မှုအခြေအနေများကို နက်ရှိုင်းစွာ အကဲဖြတ်မည် ဖြစ်ပြီး ပို့ဆောင်မှုလွယ်ကူချောမွေ့ရေး နှင့်ပတ်သက်သော ပြဿနာများကို ဖြေရှင်းပေး၍ CBTA ၏ လမ်းကြောင်းကွန်ရက်ကို တစ်ဆင့်တိုးပြီး တိုးချဲ့စေကာ မဟာမဲခေါင်ဒေသခွဲမှ နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေးကို ပုံမှန်လည်ပတ်စေရန် အတူတကွ တွန်းအားပေးမည် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို


