ထိုင်း-လာအို နယ်စပ်ဖြတ် ရထားလမ်းကို ဇူလိုင်လတွင် စမ်းသပ်ပြေးဆွဲမည် ဖြစ်၍ ကူမင်းမှ ဘန်ကောက်သို့ ရထားဖြင့် ရောက်ရှိနိုင်ရန် မျှော်လင့်
2024-06-22 08:55|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ထိုင်းနိုင်ငံသည် ထိုင်းနှင့် လာအိုနိုင်ငံတို့အကြားမှ နယ်စပ်ဖြတ် ရထားလမ်းကို ဇူလိုင်လ ၁၃ ရက်မှ ၁၄ ရက်အထိ စမ်းသပ်ပြေးဆွဲမည်ဟု မျှော်လင့်သည်။ လာအိုနှင့် တရုတ်နိုင်ငံတို့အကြားမှ တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲပြီ ဖြစ်သောကြောင့် ထိုင်း-လာအို ရထားလမ်း၏ စမ်းသပ်ပြေးဆွဲခြင်းသည် အရေးကြီးသော အဓိပ္ပယ်ရှိသည်၊ ၄င်းသည် ဘန်ကောက်မှ ပေကျင်းသို့ ရထားဖြင့် ခရီးသွားရန် အကောင်အထည်ဖော်တော့မည် လက္ခဏာဆောင်ထားသည် ဖြစ်၍ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြားမှ နယ်စပ်ဖြတ် ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အခြေသစ်အနေသစ်များ မုချမလွဲ ဖန်တီးပေးပြီး တရုတ်၊ လာအို၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှ ဒေသတွင်း ရထားလမ်းကွန်ရက်ကို ချိတ်ဆက်နိုင်မည် ဖြစ်သည်။
ဤရထားလမ်းကို တစ်နေ့နေ့တွင် တရားဝင် စတင်ပြေးဆွဲသည် နှင့်အမျှ ခရီးသည်များသည် ဘန်ကောက်မှ ဗီယင်ကျန်းသို့ ရထားစီးပြီး ရောက်ရှိနိုင်ပြီးနောက် ဗီယင်ကျန်းတွင် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ သွားရောက်နိုင်မည် ဖြစ်ကာ ကူမင်းတွင် မြန်နှုန်းမြင့်ရထားများဖြင့် တရုတ်တစ်ပြည်လုံးသို့ သွားရောက်နိုင်မည် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








