"လမ်းတစ်လျှောက်ရှိ အခြင်းအရာမျိုးစုံ၊ တရုတ်-လာအို ရထားလမ်းဆိုင်ရာ ဓာတ်ပုံနှင့် ဗီဒီယို အနုပညာပြပွဲ"ကို ပေကျင်းမြို့၌ ပထမဆုံး ကျင်းပနေ
2024-06-22 08:55|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုလောက၊ "လမ်းတစ်လျှောက်ရှိ အခြင်းအရာမျိုးစုံ၊ တရုတ်-လာအို ရထားလမ်းဆိုင်ရာ ဓာတ်ပုံနှင့် ဗီဒီယို အနုပညာပြပွဲ"ကို ပေကျင်း အမျိုးသားယဉ်ကျေးမှုနန်းတော်ထဲမှ ပြတိုက်၌ စတင်ကျင်းပခဲ့၍ ၄င်းသည် တရုတ်နှင့် လာအို နှစ်နိုင်ငံတို့အကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် အနုပညာ ဆက်ခံခြင်းတို့ကို အဆက်မပြတ် ပေါများကြွယ်ဝစေပြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရေးကို မြှင့်တင်ရန် ရည်ရွယ်သည်။ ဤပြပွဲကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၊ ယူနန်ပြည်နယ် အမျိုးသား အနုပညာ သုတေသနအကယ်ဒမီတို့မှ ညွှန်ကြားပြီး ကူမင်းတက္ကသိုလ်မှ ဦးစီးကျင်းပပြီး ကူမင်းတက္ကသိုလ်၏ ပန်းချီပညာနှင့် အနုပညာဒီဇိုင်းကောလိပ်မှ တာဝန်ယူလုပ်ဆောင်သည် ဖြစ်သည်။
တရုတ်-လာအို ရထားလမ်းသည် မြောက်ဘက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ အစပြုပြီး တောင်ဘက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အထိ ရောက်ရှိ၍ စုစုပေါင်း အရှည် ၁၀၃၅ ကီလိုမီတာရှိကာ တောင်များ၊ မြစ်များကို ဖြတ်ကျော်ပြီး ချစ်ကြည်ရေးကို ချိတ်ဆက်ပြီး "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု"ကို အတူတည်ဆောက်ရန် ပြယုဂ်စီမံကိန်း ဖြစ်ကာ "တရုတ်နှင့် လာအို နှစ်နိုင်ငံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်း၊ ချမ်းမြေ့သာယာမှုလမ်း၊ ချစ်ကြည်ရေးလမ်း"ဟု ခေါ်ဆိုသည်။ ဤအကြိမ် တရုတ်-လာအို ရထားလမ်းဆိုင်ရာ ဓာတ်ပုံနှင့် ဗီဒီယို အနုပညာပြပွဲသည် သစ်လွင်သော မှတ်တမ်းတင် မြင်ထောင့်ဖြင့် ဒေသဖြတ်ကျော်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ၏ တည်ဆောက်ရေးဖြစ်စဉ်ကို ပိုမိုပြည့်စုံစွာ ဖော်ပြထားသည်။ တစ်နှစ်ကျော်ကြာ စုဆောင်းပြီးနောက် ဤပြပွဲသည် အစုပေါင်း ၁ သောင်းကျော်ထဲမှ ၂၁၇ စုကို ရွေးချယ်ပြီး ဗီဒီယိုလက်ရာ ၈ ခုကို စုဆောင်းပြီး ထုတ်လုပ်ခဲ့ကာ တရုတ်-လာအို ရထားလမ်း၏ "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" အတူတည်ဆောက်သည့် ခေါင်းစဉ်ကို စနစ်တကျ ဖွင့်ဆိုသည်။
ဤအကြိမ်ပြပွဲကို ပေကျင်းမြို့၌ ဇွန်လ ၂၃ ရက်နေ့အထိ ဆက်တိုက် ကျင်းပရမည် ဖြစ်သည်။ ထို့နောက်၊ ဖူကျန့်ပြည်နယ်မှ ဖူချင်းမြို့၊ ချုံချင့်မြို့မှ ဟယ်ချွမ်ရပ်ကွက်၊ ယူနန်ပြည်နယ်မှ ကူမင်းမြို့၊ ဖူအော်မြို့၊ ကျင်ဟုန်မြို့ စသည့် နေရာများ၌ နယ်လှည့်ခင်းကျင်းပြသခြင်းနှင့် အထူးဆွေးနွေးလေ့လာခြင်း လှုပ်ရှားမှုများကို ကျင်းပမည်။
昆明信息港讯(昆明日报 记者王恩国)近日,“一路万象——中老铁路影像艺术展”在北京民族文化宫展览馆开展,旨在推动中老两国文化交流和艺术传承不断丰富和发展,增进两国人民友谊。展览由云南省文化和旅游厅、云南省民族艺术研究院指导,昆明学院主办,昆明学院美术与艺术设计学院承办。
中老铁路北起中国昆明,南至老挝万象,全长1035公里,是跨越山河、联结友谊,共建“一带一路”的标志性工程,被称为“中老人民的发展路、幸福路、友谊路”。此次中老铁路影像艺术展以全新的记录视角,较为全面地展示了跨区域国际合作工程的建设过程。艺术展经过一年多征集,从1万多件照片中精选出217件,征集和制作视频作品8件,系统诠释了中老铁路“一带一路”共建主题。
据悉,本次展览在京首展将持续到6月23日。接下来,将在福建省福清市、重庆市合川区,云南省昆明市、普洱市、景洪市等地举办巡展和专题研讨活动。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ