ပဉ္စမအကြိမ် လန်ချန်း-မဲခေါင် ရုပ်မြင်သံကြား ရက်သတ္တပတ်လှုပ်ရှားမှုကို စတင်ကျင်းပ
2024-06-21 08:54|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇွန်လ ၁၇ ရက်နေ့တွင် ပဉ္စမအကြိမ် လန်ချန်း-မဲခေါင် ရုပ်မြင်သံကြား ရက်သတ္တပတ်လှုပ်ရှားမှု၏ ဖွင့်ပွဲအခမ်းအနားကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့သည် ဖြစ်၍ လန်ချန်း-မဲခေါင် နိုင်ငံများနှင့် ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စသည့် တောင်အာရှနိုင်ငံများမှ အစိုးရ အသံလွှင့်ဆိုင်ရာဌာနများနှင့် ပင်မမီဒီယာအဖွဲ့အစည်းများမှ လာသည့် ကိုယ်စားလှယ် ယောက်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ဤအကြိမ် ရုပ်မြင်သံကြား ရက်သတ္တပတ်လှုပ်ရှားမှုကို တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့ချုပ် (NRTA)၊ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ အတူတကွ ဦးစီးကျင်းပ၍ ယူနန်ပြည်နယ် ရေဒီယိုနှင့် ရုပ်မြင်သံကြားဗျူရိုမှ ဦးဆောင်ပြီး တာဝန်ခံကျင်းပသည်။ လှုပ်ရှားမှုကို ၂၂ ရက်နေ့အထိ ဆက်တိုက် ကျင်းပသွားမည် ဖြစ်ပြီး ထူးချွန်သော ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များ ပြသထုတ်လွှင့်ခြင်း၊ တတိယအကြိမ် လူငယ်များ ဗီဒီယိုတို ဖန်တီးရေးစခန်း၊ ရေဒီယိုနှင့်ရုပ်မြင်သံကြား ဖလှယ်ဆွေးနွေးပွဲ၊ "အလှဆုံးသော တရုတ်နိုင်ငံ၊ ယူနန်ဟုခေါ်သော ဘဝတစ်မျိုး"ကို လေ့လာကြည့်ရှုခြင်းနှင့် "ရေဒီယိုနှင့်ရုပ်မြင်သံကြားထဲမှ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံထဲသို့ ဝင်ရောက်ခြင်း" ဟူသော ထူးချွန်သော တရုတ် တီဗွီဇာတ်လမ်းများကို ဗီယက်နမ်နိုင်ငံ၌ ပြသထုတ်လွှင့်ခြင်း စသည့် လှုပ်ရှားမှုများကို စီစဉ်ကျင်းပသွားမည် ဖြစ်သည်။ ၄င်းသည် လန်ချန်း-မဲခေါင် ရေဒီယိုနှင့် ရုပ်မြင်သံကြားနယ်ပယ်မှ ပူးပေါင်းဆောင်ရွက်ရေးရလဒ်များကို ဘက်ပေါင်းစုံမှ ဖော်ပြရန်နှင့် ဒေသတွင်း ရေဒီယိုနှင့် ရုပ်မြင်သံကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်သည် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


