နှစ် ၆၀ ကြာပြီးနောက် Picea brachytyla (Franch.)Pritz. var. complanata (Mast.) Cheng ex Rehd. ကို ကျောက်ဇီတောင်၌ ပြန်တွေ့
2024-06-20 09:10|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုတလော၊ ယူနန် ကျောက်ဇီတောင် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရို၏ သိပ္ပံသုတေသနဌာနမှ ဝန်ထမ်းများသည် ထိန်းသိမ်းရေးနယ်မြေ၌ သိပ္ပံသုတေသနပြုပြီး စောင့်ကြည့်ချိန်တွင် ဤနယ်မြေ၌ နှစ် ၆၀ ကြာ မျိုးသုဉ်းသွားခဲ့သည့် Picea brachytyla (Franch.)Pritz. var. complanata (Mast.) Cheng ex Rehd. ကို တွေ့ရှိခဲ့သည်။
Picea brachytyla (Franch.)Pritz. var. complanata (Mast.) Cheng ex Rehd. သည် တရုတ်နိုင်ငံရှိ Picea A. Dietrich အပင်များထဲတွင် ဖြန့်နှံ့နေရာ တောင်ဘက်အကျဆုံးသော အမျိုးအစား ဖြစ်၍ နိုင်ငံတော်ကောင်စီမှ ၁၉၉၉ ခုနှစ် သြဂုတ်လ ၄ ရက်တွင် အတည်ပြုခဲ့သည့် "နိုင်ငံ၏ အဓိကကာကွယ်ထိန်းသိမ်းထားသော တောရိုင်းအပင်များစာရင်း (ပထမအသုတ်)" ထဲတွင် အမျိုးသားအဆင့် ဒုတိယအဆင့် ကာကွယ်ထိန်းသိမ်းထားသော အပင်အဖြစ် ထည့်သွင်းပေးသည် ဖြစ်သည်။ သြဇာကြီးမားသော စာတမ်းထဲမှ ရေးသားဖော်ပြချက်များအရ ဤမျိုးစိတ်သည် တရုတ်နိုင်ငံအတွင်း ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ၊ စီချွမ်းပြည်နယ် အနောက်နှင့် အနောက်တောင်ပိုင်းဒေသ၊ ရှီးဇန့်ဒေသ အရှေ့တောင်ပိုင်းဒေသ စသည့်နေရာများတွင်သာ ဖြန့်ဝေထားပြီး ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂ ထောင်မှ ၃.၈ ထောင် ရှိသည့် နယ်မြေ၌ ကြီးထွားနေကြသည်။
ကျောက်ဇီတောင်သည် Picea brachytyla (Franch.)Pritz. var. complanata (Mast.) Cheng ex Rehd. ဖြန့်ဝေသည့် တောင်ဘက်အကျဆုံးသော နေရာဖြစ်ပြီး တရုတ်နိုင်ငံရှိ Picea A. Dietrich အပင်များ ဖြန့်ဝေသည့် လတ္တီကျူ အနိမ့်ဆုံးသော နေရာလည်း ဖြစ်၍ တရုတ်နိုင်ငံရှိ Picea A. Dietrich အပင်များ ဖြန့်ဝေသည့် တောင်ဘက်စွန်းကို ကိုယ်စားပြုပြီး အလွန်အရေးကြီးသော ဇီဝပထဝီဝင်ဆိုင်ရာ အနက်အဓိပ္ပာယ် ရှိသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း




