နှစ် ၆၀ ကြာပြီးနောက် Picea brachytyla (Franch.)Pritz. var. complanata (Mast.) Cheng ex Rehd. ကို ကျောက်ဇီတောင်၌ ပြန်တွေ့
2024-06-20 09:10|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုတလော၊ ယူနန် ကျောက်ဇီတောင် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရို၏ သိပ္ပံသုတေသနဌာနမှ ဝန်ထမ်းများသည် ထိန်းသိမ်းရေးနယ်မြေ၌ သိပ္ပံသုတေသနပြုပြီး စောင့်ကြည့်ချိန်တွင် ဤနယ်မြေ၌ နှစ် ၆၀ ကြာ မျိုးသုဉ်းသွားခဲ့သည့် Picea brachytyla (Franch.)Pritz. var. complanata (Mast.) Cheng ex Rehd. ကို တွေ့ရှိခဲ့သည်။
Picea brachytyla (Franch.)Pritz. var. complanata (Mast.) Cheng ex Rehd. သည် တရုတ်နိုင်ငံရှိ Picea A. Dietrich အပင်များထဲတွင် ဖြန့်နှံ့နေရာ တောင်ဘက်အကျဆုံးသော အမျိုးအစား ဖြစ်၍ နိုင်ငံတော်ကောင်စီမှ ၁၉၉၉ ခုနှစ် သြဂုတ်လ ၄ ရက်တွင် အတည်ပြုခဲ့သည့် "နိုင်ငံ၏ အဓိကကာကွယ်ထိန်းသိမ်းထားသော တောရိုင်းအပင်များစာရင်း (ပထမအသုတ်)" ထဲတွင် အမျိုးသားအဆင့် ဒုတိယအဆင့် ကာကွယ်ထိန်းသိမ်းထားသော အပင်အဖြစ် ထည့်သွင်းပေးသည် ဖြစ်သည်။ သြဇာကြီးမားသော စာတမ်းထဲမှ ရေးသားဖော်ပြချက်များအရ ဤမျိုးစိတ်သည် တရုတ်နိုင်ငံအတွင်း ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ၊ စီချွမ်းပြည်နယ် အနောက်နှင့် အနောက်တောင်ပိုင်းဒေသ၊ ရှီးဇန့်ဒေသ အရှေ့တောင်ပိုင်းဒေသ စသည့်နေရာများတွင်သာ ဖြန့်ဝေထားပြီး ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂ ထောင်မှ ၃.၈ ထောင် ရှိသည့် နယ်မြေ၌ ကြီးထွားနေကြသည်။
ကျောက်ဇီတောင်သည် Picea brachytyla (Franch.)Pritz. var. complanata (Mast.) Cheng ex Rehd. ဖြန့်ဝေသည့် တောင်ဘက်အကျဆုံးသော နေရာဖြစ်ပြီး တရုတ်နိုင်ငံရှိ Picea A. Dietrich အပင်များ ဖြန့်ဝေသည့် လတ္တီကျူ အနိမ့်ဆုံးသော နေရာလည်း ဖြစ်၍ တရုတ်နိုင်ငံရှိ Picea A. Dietrich အပင်များ ဖြန့်ဝေသည့် တောင်ဘက်စွန်းကို ကိုယ်စားပြုပြီး အလွန်အရေးကြီးသော ဇီဝပထဝီဝင်ဆိုင်ရာ အနက်အဓိပ္ပာယ် ရှိသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
- ကူမင်းမြို့မှ စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်ဒေသသစ်အဖြစ် ပြောင်းလဲသွားသည် ဟုဗဟိုမီဒီယာက ချီးကျူး
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်
- ယူနန်ထောပတ်သီးများကို မလေးရှားနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့




