ယူနန်ပြည်နယ် ကျင်ဂိုခရိုင်တွင် ယူနန်ဆူးပန်းများသည် လူများကို ချမ်းသာစေ
2024-06-20 15:40|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုနှစ်များတွင် ဖူအော်မြို့ ကျင်ဂို တိုင်လူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်သည် ယူနန်ဆူးပန်း စိုက်ပျိုးရေးလုပ်ငန်းကို အတိုင်းအတာဖြင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်စေ၍ ယခုအချိန်တွင် ယူနန်ဆူးပန်း တစ်ကွက်ကွက် ပွင့်ဖူနေကြပြီး လယ်ခင်းများထဲတွင် လယ်သမားများမှာ ယူနန်ဆူးပန်းများကို ခွတ်ခူးရန် အလုပ်ရှုပ်နေကြပြီး အထွက်ကောင်းသော မြင်ကွင်း ဖြစ်လာနေသည်။
ယူနန်ဆူးပန်းများကို စိုက်ပျိုးလျှင် ကာလပတ် တိုတောင်းခြင်း၊ ရင်းနှီးငွေ နည်းပါးခြင်း၊ အကျိုးသက်ရောက်မှု အမြန်ရရှိနိုင်ခြင်း၊ စီးပွားရေး အကျိုးစွမ်းဆောင်မှု မြင့်မားခြင်း၊ စိုက်ပျိုးရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများ ရိုးရိုးခြင်း အပါအဝင် အားသာချက်များ ရှိသည်။ ကျင်ဂိုခရိုင် ဖုန့်စန်းမြို့နယ်ရှိ ယူနန်ဆူးပန်းလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် "ထိပ်တန်းလုပ်ငန်းကုမ္ပဏီမှ လည်တဆန့်ဆန့်ခြင်း+ သမဝါယမမှ ချိတ်ဆက်ခြင်း+ တောင်သူလယ်သမားမှ စိုက်ပျိုးခြင်း"ဖြင့် အတွေးရေစီးကြောင်းအဖြစ် ကုမ္ပဏီများမှ အတတ်ပညာ ညွှန်ကြားမှုနှင့် ရောင်းချရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေး ခြင်းအားဖြင့် တောင်သူလယ်သမားများ၏ နောက်ဆံတင်းမှု ဖြေရှင်းရန် ကူညီပေး၍ ဒေသခံ တောင်သူလယ်သမားများအား တည်ငြိမ်စွာ ၀င်ငွေတိုးပွားစေသည့် ထွန်းသစ်စလုပ်ငန်း ဖြစ်လာခဲ့သည်။
ယခုနှစ်များတွင် ကျင်ဂိုခရိုင်သည် မြို့နယ်များ၌ ယူနန်ဆူးပန်းများကို ပြန့်ပွားအောင် စိုက်ပျိုးစေခြင်းအားဖြင့် မြေ၏ အကျိုးစွမ်းဆောင်မှုကို အပြည့်အဝ ထုတ်ဖော်ခဲ့ပြီး တောင်သူလယ်သမားများသည် ယူနန်ဆူးပန်းများနှင့် ပြောင်းဖူးများ၊ ပဲမျိုးများ စသည့် သီးနှံများ အလှည့်ကျ စိုက်ပျိုးရေးပုံစံကို သုံးချပြီး စားနပ်ရိက္ခာ လုံခြုံစွာ ထုတ်လုပ်ရန် အကာအကွယ်ပေးနိုင် သည့်အပြင် ဝင်ငွေတိုးပွားစေသည့် နည်းလမ်းကိုလည်း တိုးချဲ့နိုင်သည်။ ၂၀၂၄ ခုနှစ်တွင် ဖုန့်စန်းမြို့နယ်အတွင်းသာ ကျေးရွာ ၇ ခု၊ ရွာသူရွာသားအဖွဲ့ ၂၁ ဖွဲ့၊ အိမ်တောင်စု ၃၂၅ စုသည် ယူနန်ဆူးပန်းများကို စိုက်ပျိုးနေကြ၍ ခန့်မှန်းချက်အရ အထွက်တန်ဖိုး ယွမ် ၃.၂၈ သန်းအထိ ရှိရောက်နိုင်မည် ဖြစ်သည်။
近年来,普洱市景谷傣族彝族自治县不断推动滇红花种植产业的规模化发展,眼下,一片片滇红花向阳开放,田野间农民们正忙着采收滇红花花朵,一派丰收景象。
据介绍,滇红花种植周期短、投入少、见效快、经济效益高,种植、管理方式简单。景谷县凤山镇滇红花产业发展以“龙头企业引领+合作社联结+农户种植”为思路,由公司提供技术指导和销售服务,帮助农户解决“后顾之忧”,成为当地农户实现稳定增收的新兴产业。
近年来,景谷县通过在乡镇推广滇红花种植,充分发挥了土地效益,农户可以采用滇红花与玉米、豆类等作物轮换耕作的模式,保障粮食安全生产的同时,又能拓宽增收渠道。2024年仅凤山镇就有7个村21个村民小组325户群众种植滇红花,预计产值可达328万元。(景谷县融媒体中心 张涵 李思颖)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ