မြန်မာနိုင်ငံရှိ ပင်လယ်ကမ်းခြေနှစ်ခု၏ ရှုခင်းများ သာယာလှပ၍ ရန်ကုန်မြို့သူမြို့သားများ၏ ကြိုက်နှစ်သက်မှု များစွာရရှိ

2024-06-19 16:03|ရောင်စုံတိမ်တံတား

QQ截图20240410160154

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ ဇွဲဘာကမ်းခြေနှင့် သံတဲကမ်းခြေသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှစတင်ကာ ခရီးသွားလည်ပတ်မှုမြင့်တက်နေကြောင်း မြန်မာ့သတင်းမီဒီယာက ဖော်ပြခဲ့သည်။

"အစကတော့ လူသိပ်မလာဘူး။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ လာတဲ့ ခရီးသွားက များလာတယ်။ ရန်ကုန်ထဲက လူတွေ အများဆုံးလာကြတာ များတယ်။ ကျောက်တန်းမြို့နယ်ရှိ ပီလ‌ခတ်ဘုရားကျောင်းကို သွားပြီးရင် ဒီကမ်းခြေဘက်ကို လာကြတယ်။ အထူးသဖြင့် ပိတ်ရက်တွေဆို လူပိုများတယ်"ဟု ဇွဲဘာကမ်းခြေရှိ ဈေးရောင်းချသူတစ်ဦးက ပြောသည်။

ထို့ပြင်၊ ဇွဲဘာကမ်းခြေနှင့် သံတဲကမ်းခြေတို့ မဝေးသာ ကားမောင်းလျှင် မိနစ် ၂၀ သာဖြင့် ရောက်နိုင်သည်။ သံတဲကမ်းခြေသည် ပင်လယ်ဘေးနားတွင် ရှိသည့် အုတ်တိုင်ကြီး တစ်ခုအစွဲပြုပြီး ကျောက်တိုင်ကမ်းခြေဟု ခေါ်ဆိုကြသည့် ထူးခြားသော ရှုခင်းကြောင့် အာရုံစူးစိုက်မှုကို များစွာရရှိသည်။

ဇွဲဘာကမ်းခြေနှင့် သံတဲကမ်းခြေတို့သို့ သွားချင်သည့် ခရီးသည်များသည် ကျောက်တန်းမြို့နယ်သို့ အရင်ရောက်ပြီးနောက် မှော်ဝန်းမြစ်ကို ဖြတ်ပြီး ဟိုတစ်ဘက်ကမ်းသို့ ရောက်၍ လည်ပတ်ရခြင်း ဖြစ်သည်။ ခရီးသွားကုမ္ပဏီများသည် ခရီးသည်များအတွက် ရွှေဂူကြီးစေတီ၊ ဇွဲဘာကမ်းခြေနှင့် သံတဲကမ်းခြေတို့ကို လည်ပတ်ကြည့်ရှုခြင်း၊ သက်တမ်းနှစ်ရာကျော်ရှိ မီးပြတိုက်ကြီး၊ ရေလယ်တွင် တည်ထားကြသည့် ဘုရားစေတီများကို ကြည့်ရှုခြင်း၊ ထူးခြားသော ကျေးလက်ရှခင်းများကို တွေ့ကြုံခံစားခြင်း အပါအဝင် အနှစ်သာရနှင့်ပြည့်စုံသည့် ခရီးစဉ်စီးရီးကို စီစဉ်ပေးလျက်ရှိသည်။

QQ截图20240410160154

缅媒报道,自今年2月起,仰光省的皎丹镇迎来了两处备受瞩目的海滩景点——瑞巴海滩和丹德海滩。

瑞巴海滩的商贩表示,起初这里游客稀少,但随着时间的推移,越来越多的人开始涌入这片美丽的海滩。他们主要来自仰光市区,很多游客在游览了皎丹镇的Pilakat印度教寺庙后,都会选择来到这片海滩放松身心。特别是在节假日,海滩上更是人头攒动,热闹非凡。

值得一提的是,瑞巴海滩与丹德海滩相距不远,驾车仅需20分钟即可到达。丹德海滩因其独特的景观而备受关注,一根巨大的石柱矗立在海边,使得这片海滩在过去便以“石柱海滩”之名闻名遐迩。

据悉,前往瑞巴海滩和丹德海滩的游客需要先抵达皎丹镇,然后越过茂万河到达对岸。旅游公司通常会为游客安排一系列精彩的行程,包括游览瑞谷基佛塔、瑞巴海滩、丹德海滩,观赏具有200多年历史的旧灯塔、水中建设的佛塔,以及体验独特的乡村风情。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်