လေးကြောင်းမှ ရိုက်ကူးရသည့် တာ့လီမြို့ရှိ Ottelia acuminata ခင်းများသည် ကျေးလက်ကဗျာဆန်မှုနှင့် ပြည့်နှက်နေ
2024-06-13 16:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) Ottelia acuminata သည် အပွင့်ဖြူပြီး ဝတ်ဆံဝါသော ရေနေပင်တစ်မျိုး ဖြစ်၍ ၄င်း၏ အပွင့်သည် နတ်သမီးကဲ့သို့ ရှုစားတန်ဖိုး အများကြီးရှိပြီး ပင်စည်နှင့် အရွက်များကို ဟင်းသီးဟင်းရွက်များအဖြစ် စားသုံးနိုင်၍ ယူနန်ပြည်နယ် တာ့လီမြို့၌ မကြာခဏ တွေ့နိုင်သည် ဖြစ်သည်။ ယခုနှစ်များတွင် တာ့လီပြည်နယ်ခွဲ အယ်ယွန်ခရိုင်သည် သိပ္ပံနည်းဖြင့် Ottelia acuminata စိုက်ပျိုးခြင်းကို ညစ်ညမ်းမဲ့ အစိမ်းရောင် ဂေဟလုပ်ငန်း တစ်ခုကြီးအဖြစ် ပံ့ပိုးကူညီပေးပြီး အတိုင်းအတာကြီးမားစွာ စိုက်ပျိုးအောင် အကောင်အထည်ဖော်ခဲ့ပြီ ဖြစ်သည်။ မကြာသေးမီက အယ်ယွန်ခရိုင် ရုပ်ဆိုမြို့နယ် ရုံအန်း Ottelia acuminata စိုက်ပျိုးရေး အခြေခံစခန်း၌ Ottelia acuminata များသည် ရိတ်သိမ်းသည့် ရာသီချိန်သို့ ရောက်ရှိနေသည်။ မောင်းသူမဲ့လေယာဉ်၏ ရှုထောင့်မှကြည့်လျှင် အဖြူရောင် ပန်းကလေးများ မျောနေသော ကြည်လင်သော ရေပြင်ပေါ်တွင် လယ်သမားများသည် လက်လုပ်လှေလှော်ပြီး Ottelia acuminata များကို ရိတ်သိမ်းနေကြ၍ မြင်ကွင်းတစ်ခုလုံးတွင် ကျေးလက်ကဗျာဆန်မှုနှင့် ပြည့်နှက်နေပြီး နွေရာသီတွင် အထွက်ကောင်းသော ရှုခင်းများသည် ပန်းချီကားကဲ့သို့ လှပသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း


















